Warning : Male pregnancy alert
တဆစ်ဆစ်ထိုးကိုက်နေသောခေါင်းကြောင့် ဂျောင်ဝန်းစိတ်ညည်းညူစွာပင် အိပ်ရာမှနိုးလာရပြီးကျစ်ခနဲစုတ်သပ်မိလေတော့သည်။
မျက်ခွံခပ်လေးလေးကိုအတင်းတွန်းကန်၍ဖွင့်လိုက်သော်လည်း ကျိန်းစက်နေသောမျက်လုံးအခြေအနေကြောင့် အမြင်အာရုံမှာဝေဝေဝါးဝါး။
ခပ်ဝါးဝါးအခြေအနေတွင်ပင် ဂျောင်ဝန်းမြင်နေရသည့်မျက်နှာကျက်က သူ့အခန်းမဟုတ်ကြောင်းသိသာလှသည်။
ဈေးခပ်ပေါပေါပုံပေါက်နေသော နံရံကပ်စက္ကူများကြောင့် ဂျောင်ဝန်းခေါင်းကိုက်နေသည့်ကြားကပင်နှာခေါင်းရှုံ့လိုက်ပြီး တစ်ဖက်ကိုလှည့်လိုက်ရသည်။
မြင်လိုက်ရသောကျောဖြူဖြူသည် အောက်ပိုင်းနေရာများကတော့ စောင်အဖြူရောင်အောက်တွင်ရှိပြီး အပေါ်ပိုင်းတစ်ဝက်လောက်ကသာလှစ်ဟာပြသလျက်ရှိသည်။
ဂျောင်ဝန်းအခြေအနေကိုနားလည်သွားကာ စိတ်ပျက်လက်ပျက်ဖြင့်သက်ပြင်းချမိပြန်တော့သည်။
ဘယ်ကတွေ့ကရာလူနဲ့အိပ်မိပြန်တာလဲ...
ဒီလပိုက်ဆံအဖျက်ခံထားရလို့ ဘိုင်ပျက်နေပါသည်ဆို။
ဂျောင်ဝန်းကျိန်းစက်နေသည့်မျက်လုံးများကိုခဏသာပြန်အနားပေးလိုက်ပြီးနောက် တစ်ဖန်ထိုကျောပြင်ဆီအကြည့်ရောက်မိပြန်သည်။
အသားဖြူဖြူ၊ကောက်ကြောင်းလှလှဖြင့်သူသည်မျက်နှာကိုမမြင်ရသေးပေမယ့် သေချာပေါက်လှမှာကိုတော့ကြိုတင်သိနိုင်သည်။
တံတောင်ဆစ်ရဲရဲအပေါ်က မှည့်နက်တစ်ခုသည်လည်း ထင်ထင်ရှားရှားနဲ့ပင်လိုက်ဖက်နေသောသည်။
ဘာပါဖြစ်ဖြစ် ဒီလောက်ဆိုရင်တော့တန်ပါတယ်လေ...သူ့လက်ထဲရှိတဲ့ပိုက်ဆံနဲ့မလောက်ရင်လည်း နီခီ့ဆီကချေးပေးလို့ရနိုင်တာပဲ။
ဂျောင်ဝန်းသက်ပြင်းချလိုက်ရင်း သူနိုးကတည်းက အခုထိနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသေးသောသူကြောင့် ဂျောင်ဝန်းနှိုးရန်ပြင်လိုက်သည်။
YOU ARE READING
The Hidden Blessing/YANGSUN/
FanfictionYang Jungwon × Kim Sunoo A Yangsun commission fic Written in Burmese