Part 7 (U+Z)

279 13 0
                                    

Unicode

"မနူဟာမင်းကဘယ်လောက်တောင်မွန်းကျပ်နေလိုက်မလဲ ငါတောင်အပြင်လေကိုရူအပြင်လောကကြီးကိုထိတွေ့ပြီးတော့မွန်းကျပ်နေတာပဲ လောကကြီးရယ်ဘာကြောင့်ဒီလိုတွေဖြစ်ပျက်နေတာလဲကျွန်တော်ကဘာမှားခဲ့လို့လဲ ဘဝမှာဆုတောင်းမှားခဲ့ဘူးတာတွေများရှိခဲ့ဖူးလို့လား ငါက ငါ့အမေပြောသလိုမဏ္ဏိကိုအားနာစရာဖြစ်နေမလား မေမေကိုရောအရှက်ရစေမှာလား ငါကိုသဘောတူထားတဲ့သူဆိုတာရောငါ့အပေါ်မဏ္ဏိလောက်နားလည်နိုင်ပါ့မလား ငါရောသူ့ကိုဂရုစိုက်နိုင်ပါ့မလား ဟာ စိတ်တွေမွန်းကျပ်လိုက်တာဘုရား ကျွန်တော်မျိုးကိုလမ်းပြပေးပါအုံးဘုရား"

လျှံတစ်ယောက်ကတ်လို့အော်လိုက်တာတောင်ငိုတာမရပ်သေး

"လျှံအဝငိုလိုက်နော်"

လျှံခေါင်းငြိမ့်ပြမိသည်

ခနနေတော့မဏ္ဏိရောက်လာပြီးလျှံကိုဖက်ထားပေးသည်

"လျှံငိုချလိုက်နော်ကျွန်တော်ဖက်ထားပေးမယ်"

လျှံမဏ္ဏိရင်ခွင်ထဲဝင်ပြီးအဝငိုမိသည် ဒီနေ့ကဘုရားထဲမှာစက်အဖွဲ့တွေရယ်ဒါဒါကြီးရယ်လျှံရယ်ပဲရှိသည်အကုန်လုံးကိုဒါဒါကြီးကအပြင်ထွက်ခိုင်းထားထားဖြစ်သည်လျှံလဲငိုလို့ဝသွားရောမဏ္ဏိကလျှံမျက်ရည်တွေကိုတယုတရသုတ်ပေးသည် လျှံမဏ္ဏိမျက်ဝန်းတွေကိုကြည့်တိုင်းလျှံရင်တွေကအမြဲခုန်ပေါက်နေမိသည်

"လျှံရေလေးသောက်လိုက်အုံး"

"ကျေးဇူးပဲနော်မဏ္ဏိ"

"ကျေးဇူးတင်ရမဲ့လူတွေလားပြော"

"ဟုတ်ပါပြီနောက်ခါမပြောတော့ဘူး"

"ပြီးတာပဲ"

"ပင်ပန်းကြပြီဆိုတော့အကုန်လုံးHotelပြန်နားကြတာပေါ့ညနေလောက်မှနောက်တစ်စင်းရိုက်ကြမယ်နော်"

"ဟုတ်ကဲ့ပါ"
~~~~~~~~~~~~~~~

အကုန်လုံးHotelပြန်ပြီးနာနေကြသည်

"လျှံ"

"ဗျာ"

"ကျွန်တော်လက်ပေါ်ခေါင်းအုံးပြီးအိပ်ပါလား"

မိုးဖွဲလေးများကြားမှပေါ်ပေါက်လာသောရင်ခုန်သံWhere stories live. Discover now