ကော်ဖီကောင်းကောင်းရမယ့်ဆိုင်ကို လီနို ရှာကာ သွားလိုက်သည်။ ရူဘီက ကော်ဖီကောင်းကောင်းကြိုက်တယ်လေ။မနက်ခင်းဆို ကော်ဖီမသောက်ဘဲ သူမရဲ့တစ်နေ့တာကို စ လေ့ မရှိတဲ့ ဇနီးသည်အကြောင်းအိမ်ထောင်သက် နှစ်နှစ်ဆယ်ကျော်ပြီမို့ လီနိုကောင်းကောင်းသိနေပြီ။
"Latte တစ်ခွက် Americano တစ်ခွက် ပြီးတော့ Cheesecake ကို 2 slice ပေး"
ဆိုင်က ဝိတ်တာလေးကို လီနိုမှာလိုက်ပြီး ရူဘီကိုကြည့်မိသည်။
ဖုန်းကိုအပေါ်အောက်ဆွဲကာ မျက်ခုံးတွေတွန့်ချိုးထားပုံက သိပ်ကိုကြည့်လို့လှသည်။ဘယ်လိုနေနေကို လှနေတဲ့ အလှနတ်ဘုရားမ ကိုဇနီးတော်ထားရပေမဲ့ ဝမ်းနည်းစရာကောင်းတာက သူမက ကိုယ့်ကို နည်းနည်းတောင်မချစ်ဘူးတဲ့။
ဘဝကဟာသဆန်လိုက်တာ။ကိုယ်ကသိပ်ချစ်ရပေမဲ့ အဲ့လိုကြုံရတဲ့အခြေအနေမှာရှိနေတယ်။
"အဟက်"
စိတ်ကူးထဲရယ်မိရာကနေ အပြင်မှာပါအသံထွက်မိသွားသည်အထိ။
"ရှင်က ဘာကိုလှောင်တာလဲ"
ဟော အဲ့လိုဇာတ်လမ်းကစ လာပြီ။
"ဘာကိုပြောချင်တာလဲရူဘီ"
"မသိချင်ယောင်လာဆောင်မနေနဲ့ ရှင်ကျွန်မကိုအမြဲ မထိတထိရိပါးပြီး လှောင်ပြောင်နေတာ မသိဘူးထင်နေလား"
"မင်းအရမ်းကိုမှားနေပြီနော် ရူဘီ"
"မှန်လွန်းလို့ မှန် မှန် မှန် မှန် လို့တောင်အော်ရောင်းနေလို့ရတယ်"
"လောလောဆယ်ဗိုက်ဆာနေလို့ မင်းနဲ့ရန်မဖြစ်အားသေးဘူး မနက်စာကိုကျေးဇူးပြု၍ငြိမ်းချမ်းစွာ စားခွင့်ပေးပါ"
ဝိတ်တာလေး လာချပေးတဲ့စားစရာတွေကိုယူပြီး လီနိုနေရာချသည်။ထို့နောက်ချိစ်ကိတ်ကို ဇွန်းလေးနဲ့အသာယူကာ စားလိုက်တော့ ကောင်းသားပဲဟူသောမှတ်ချက်ကိုပေးမိသည်။
ချိစ်ကိတ်ကို ငြိမ်းချမ်းစွာစားရင်းအတွေးတချို့က အတိတ်ကာလဆီလွင့်ပျံသည်။
1997 ခုနှစ် နယူးဇီလန် ဆေးကောလိပ်။
YOU ARE READING
A 𝚃𝚄𝙶 𝙾𝙵 𝚆𝙰𝚁
Фанфикလွန်ကြိုးဆိုတာလည်း လူနှစ်ဦးကြားကနေ တစ်မျိုးလေးဆက်သွယ်ထားပေးတဲ့ တံတားတစ်ခုပဲ.....ပြိုင်ပွဲဆိုရင်တောင်မှပေါ့ (𝚜𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚢 𝚘𝚏 𝙹𝙻)