~မချစ်တဲ့ဒုက္ခ~
{သို့}
(ခင်ဗျားကြောင့်ရူးပြီ)
အပိုင်း(၂၁)
ရန်ကုန်တက္ကသိုလ်ရှေ့ မှန်လုံးကားအဖြူတစ်စီး ရပ်ထားလေသည်။
"ကိုကြီးကလည်း....တန်ခူးကို ကျောင်းလိုက်မပို့ပါနဲ့ဆိုမှ.."
"ကိုယ်က ကိုယ့်မိန်းမကို ကျောင်းလိုက်ပို့ချင်တာပေါ့...ဘာလဲ တန်ခူးက ကိုယ်ကျောင်းကိုလိုက်လာမှာ ရှက်လို့လား...."
"အဲ့လိုမဟုတ်ပါဘူး ကိုကြီးရဲ့....တန်ခူးကြောင့်ကိုကြီး အချိန်တွေကုန်နေမှာစိုးလို့ပါ....တန်ခူးရဲ့အမျိုးသားကြီးက သာမန်လူမှမဟုတ်တာဘဲ...စင်ကာပူနဲ့မြန်မာနိုင်ငံက Gold dateဆိုတဲ့
ဆေးcompanyရဲ့ CEOကြီးဟာကို...."သက္ကရာဇ် သူမဆံပင်ကောက်ကောက်ကလေးတွေအား အသာလေးထိုးဖွလိုက်ကာ ပါးနုနုလေးကိုလည်း ချစ်စနိုးနဲ့ဖဲ့လိုက်သည်။
"ဒီကောင်မလေး...ဒီလောက်စကားတွေတက်လာတာကွာ..စိတ်တောင်မချချင်တော့ဘူး...."
"ဟွန့်.....ကိုကြီးက တန်ခူးကိုမယုံဘူးလား...စိတ်ချ...တန်ခူးမှာကလေ....အရင်တုန်းကလဲကိုကြီးဘဲရှိတာ အခုလည်းကိုကြီးရှိတာ နောင်လည်းကိုကြီးဘဲရှိနေဦးမှာဘဲ... ယုံနော်... "
စကားတွေသိပ်တတ်နေသည့်သာလိကာမလေးကို အသည်းယားယားဖြင့် ရင်ခွင်ထဲဆွဲသွင်းပစ်လိုက်သည်။ကျောင်းသွားမှာမို့ မြန်မာဝတ်စုံလေးနဲ့ လူကြီးပေါက်စလေးက သူ့ရင်ခွင်ထဲမှာ ငြိမ်သက်နေ၏။
"ဟူး....ချစ်လိုက်တာကွာ....ဒီနေ့ကျောင်းတောင်မတက်စေချင်တော့ဘူး...ဒီလိုမျိုးရင်ခွင်လေးထဲဘဲ ထည့်ထားချင်တော့တယ်....."
"ဟာ....ဘယ်ဖြစ်မလည်း ကိုကြီးရဲ့ ....ကျောင်းရှေ့တောင် ရောက်နေပြီဟာကို"
"အဟွန်း....စတာပါ ကလေးမရဲ့.....ကဲ အတန်းချိန်နောက်ကျနေလိမ့်မယ် သွားတော့.....သြော်နေဦး....."
သက္ကရာဇ် သူ့ပိုက်ဆံအိတ်ထဲက တစ်သိန်းအုပ်ထုတ်ပေးလိုက်၍....
"မတည့်တာတွေမစားနဲ့နော်.....လိုအပ်တာလည်းသုံး....နှမြောမနေနဲ့. "
YOU ARE READING
~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)
Romanceငွေတိုးချေးပြီး ကပ်စီးတအားနဲသည့်အပျိုကြီးမမ ခပ်ဆိုးဆိုးကောင်လေးနှင့် ယူလိုက်ရသောအခါ...... မိဘချင်းသဘောတူလို့ ယူကြရပေမယ့် အမြဲခွေးနဲ့ကြောင်လို ကိုက်နေသောစုံတွဲ... သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မချစ်တဲ့ဒုက္ခတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ...