Lord Of Egypt - Episode(6)

192 8 0
                                    

အယ်လ်စင်-"ဟို..ဟိုလူ!!"

"ကိုဇွဲကောင်း"

အရှင်မင်းကြီးအပြင်အခြားတော်ဝင်မင်းသားများနဲ့အစေခံများအားလုံးကအယ်လ်စင်တို့နှစ်ယောက်ကိုနားမလည်သလိုကြည့်နေကြသည်.

အာဇူးမစ်-"အိုင်းဆက်..မင်းသူနဲ့ဘယ်လိုသိနေတာလဲ.."

အိုင်းဆက်-"သိတယ်ရယ်လို့တေ့ာဟုပေမယ့်ဒီနေ့မှမတော်တဆသိခဲ့ကြတဲ့မိတ်ဆွေတွေပါအရှင်မင်းကြီး."

အာဇူးမစ်ခ်ကအိုင်းဆက်ရဲ့ရှင်းပြချက်ကိုမျက်မှောင်ကျုံ့ပြီးနားထောင်နေသည်.

ဇန်ဒါ-"အစ်ကို့ကိုဒီမှာတွေ့ရလိမ့်မယ်လို့မထင်ထားမိဘူးဗျ.ပြန်တွေ့ရတာဝမ်းသာပါတယ်."

အယ်လ်စင်-"ကျွန်..ကျွန်တော်လည်းဝမ်းသာမိပါတယ်အရှင်မင်းသား."

ဇန်ဒါ-"အရှင်မင်းသားလို့မခေါ်ပါနဲ့ဗျာ.ရိုးရိုးတန်းတန်းဇန်ဒါလို့ပဲခေါ်ပါ."

"ဇန်ဒါကတော့ထုံးစံအတိုင်းအစေခံတွေနဲ့အရောတဝင်နေပြန်ပြီ."

တော်ဝင်မင်းသားတွေထဲကတစ်ယောက်ကစသလိုနောက်သလိုပြောတော့ဇန်ဒါကမျက်စောင်းထိုးလိုက်သည်.

အာဇူးမစ်-"တော်လောက်ပြီ.....မောင်မင်း...သေရည်လာငဲ့ပေး.."

အာဇူးမစ်ခ်ပြောတဲ့အတိုင်းသေရည်ပုလင်းကိုယူပြီးမင်းကြီးဘေးမှာသွားငဲ့ပေးလိုက်သည်.ချပေးရင်းရင်ဘတ်ကဒဏ်ရာကနာနေတာကြောင့်အသံမထွက်မိရုံတမယ်မျက်နှာပျက်သွားမိသည်.ထိုအချင်းအရာကိုမြင်မိလိုက်တဲ့အာဇူးမစ်ခ်ကမျက််မှောင်ကျုံ့ပြီးအရှေ့ကိုသာပြန်လှည့်ကြည့်နေသည်.

အာဇူးမစ်-"ရပြီမငဲ့နဲ့တော့.လုပ်စရာရှိတာသွားလုပ်."

အယ်လ်စင်-"ဟို....အရှင်မင်းကြီး.အရှင်မင်းကြီးကိုကျွန်တော်ပြောစရာတစ်ခုရှိပါတယ်."

အာဇူးမစ်-"အခန်းထောင့်မှာစောင့်နေ."

အယ်လ်စင်-"အမိန့်တော်အတိုင်းပါအရှင်မင်းကြီး."

.................................................................

အာဇူးမစ်-"ဘာပြောမလို့လဲ."

"Lord Of Egypt"(အီဂျစ်ပြည်ရဲ့အရှင်သခင်) Season 1 CompleteWhere stories live. Discover now