အပိုင်း { ၁၆ } ( UNICODE )

290 7 0
                                    

ချစ်ရသူတွေ ပေါင်းစည်းခွင့်က မည်သူ့အပေါ် မူတည်နေသနည်း။ ခွဲခွါခွင့်ကိုရော မည်သူတွေက စီမံနိုင်သနည်း။ ဘာကြောင့်များ စစ်မှန်သော မေတ္တာများက ကာယကံရှင်နှစ်ဦးအပေါ်၌ တည်မှီနေခြင်း မရှိရသနည်း။

အဆင့်အတန်း ဆိုသည့် ကန့်သတ်ချက်က ချစ်ရသူတို့ကို ကွေကွင်းခြင်းမှတ်တိုင်ဆီ ခေါ်ဆောင်နိုင်သည့် ရထားတစ်စင်းလား။ သို့တည်းမဟုတ်လျှင် ပြန်မဆုံနိုင်အောင် ခြားနားနေစေသည့် မျဥ်းပြိုင်နှစ်ကြောင်းသဖွယ် ကန့်သတ်ချက်တစ်ခုလား။

"ကိုကို မနက်ဖြန် ပြန်လာခဲ့မယ်နော် ပေါက်စလေး"

ကိုကိုနှုတ်မှ ထွက်လာသည့် သည်စကားကို ကြားလျှင် ပျော်ရွှင်ရမှာ မှန်ပေမဲ့ ယခု ပြန်ကြားယောင်လာမိလျှင်တောင်မှ ငိုချင်သည်ကအပ တခြားသော ခံစားချက်ဟူ၍ နတ္ထိဖြစ်နေသည်။ ဖုန်းဖန်သားပြင်ထက်၌ လင်းနေသော ပုံရိပ်လေးကိုသာ ‌ငေးစိုက်ကြည့်နေမိသည်မှာ မိနစ် ၊ စက္ကန့်တို့ ဘယ်လောက်ထိ ကြာရှည်သွားသလဲ နွယ်နိုင်း မသိ။ ပေါက်ခနဲ ဖုန်းမျက်နှာပြင်ပေါ် ကျလာသည့် အပူရည်တစ်စက်။

"မငိုစမ်းနဲ့ နွယ်နိုင်း။ ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုတွက်ထားပြီးသားမလား။ မငိုစမ်းနဲ့။"

ကျနေသည့် မျက်ရည်များကို နာနာကြည်းကြည်း ဖိသုတ်မိသည်။ မျက်ရည်တွေ မကျချင်ဘူး။ နွယ်နိုင်း မငိုချင်ဘူး။ နောက် ကိုကိုနှင့်လည်း မဝေးချင်ဘူး။ သို့ပေမဲ့ ... နွယ်နိုင်းက ကိုကိုနှင့် မတန်ပါဘူး။ ရှင်ဘုရင်တစ်ယောက်လို ခမ်းခမ်းနားနား မြင့်မြတ်နေသူ၏ ဦးခေါင်းထက် တော်ဝင်သဇင်ကသာ အမြင်တင့်စေနိုင်မှာ မဟုတ်လား။

"မွှေးရနံ့သင်းတဲ့ တော်ဝင်သဇင်ကိုပဲ ပန်ဆင်ပါ ကိုကို။ ကိုကိုက အလေ့ကျ ပေါက်တဲ့ ရနံ့မဲ့ စက္ကူပန်းနဲ့ မတင့်တယ်ပါဘူး။"

ဟုတ်တယ် ... သူနှင့် ကိုကိုဆိုတာ နဂိုကတည်းက မဆုံတွေ့ခဲ့သင့်သည့် ရေစက်တစ်ခုပဲ။ ဘယ်လိုနည်းနှင့်မှ ဖူးစာမဆုံနိုင်သည့် ရေစက်ဆိုးတစ်ခုထက် မပိုသည့် တွေ့ဆုံခြင်းကို နွယ်နိုင်း အဆုံးသတ်သင့်ပြီ။ အနည်းဆုံးတော့ ကိုကို့အတွက် ဤဆက်ဆံရေးကို အဆုံးသတ်ရမည်။ အင်း ... ကိုကို့အတွက် ...

ကြယ်ကြွေကောင်းကင် { Complete }Where stories live. Discover now