🧷 ✧ ˚.ᵎᵎ🎀

1.1K 182 13
                                    

ဂျောင်ဝန်းနိုးသောအချိန်တွင် လိုက်ကာမဆွဲထားသောပြတင်းပေါက်ဆီကနေ နေလုံးကြီးဟာကောင်းကင်အလယ်ကိုရောက်နေတာကိုမြင်နေရသည်။

ပြင်ပအလင်းရောင်‌ကြောင့်ရော ညကမပိတ်ခဲ့သည့်အခန်းမီးကြောင့်ရော တစ်ခန်းလုံးကမျက်လုံးကျိန်းစရာပင်ဖြစ်နေသည်။

ဂျောင်ဝန်းအခန်းမီးကိုပိတ်ကာအပြင်သို့ထွက်လာခဲ့တော့သည်။ညကလည်းဘာမှမစားထားသည့်ဗိုက်က အတော်လေးဆန္ဒပြနေပြီဖြစ်သောကြောင့်ဖြစ်သည်။

မီးဖိုခန်းထဲဝင်ကြည့်တော့ မည်သူမှဝင်ရောက်ထားပုံတောင်မ‌ပေါ်ဘဲ တစ်ခန်းလုံးသန့်ရှင်းကာအိုးခွက်များကလဲပြောင်‌ရှင်းနေသည်။

ဘာမှမရှိကြောင်းအတည်ပြုလိုက်ပြီးနောက် ကင်မ်ဆောလ်နူးသည် ဟင်းချက်ခြင်းတာဝန်ကိုယူမည်မဟုတ်ကြောင်းဂျောင်ဝန်းသိလိုက်ရသည်။

ဟမ့်....သူလည်းစားချင်မနေပါဘူးနော်....

နောက်ဆုံးတွင်တော့ဂျောင်ဝန်းသက်ပြင်းချကာ delivery ဖြင့်တစ်ခုခုမှာစားရန်သာဆုံးဖြတ်လိုက်သည်။

အပြင်စာသိပ်မစားသောဂျောင်ဝန်းသည် အိမ်မှထွက်လာသည့်ပထမရက်မှာပင်မှာစားနေရလေပြီ။

ထမင်းစားခုံတွင်ဝင်ထိုင်လိုက်တော့ သိပ်မဝေးတဲ့ ဧည့်ခန်းထဲကတီဗီအရှေ့ ဆိုဖာပေါ်တွင် ကွန်ပြူတာတစ်လုံးဖြင့်အလုပ်ရှုပ်နေသောသူကိုတည့်တည့်မြင်နေရသည်။

ကွန်ပြူတာကိုသာပေါက်ထွက်မတတ်စိုက်ကြည့်နေသူက ဂျောင်ဝန်း၏တည်ရှိမှုကိုလုံးဝသတိထားမိပုံမရ။လက်‌ချောင်းများကလဲ ကီးဘုတ်ပေါ်တွင် အဆက်မပြတ်‌ရွေ့လျားနေပြီး မနက်ဖြန်မရှိတော့ဘူးဟုထင်ရလောက်အောင်ပင်စာကိုအသည်းအသန်ရိုက်နေသည်။

မြင်ဖူးနေကျမျက်နှာသည် ကိုင်းအနက်ရောင်ဖြင့်မျက်မှန်တစ်ခုကိုတပ်ဆင်ထားသောအခါတွင်တော့ ဂျောင်ဝန်းသိပ်မရင်းနှီးတော့သည့်အငွေ့အသက်များရသည်။

ဂျောင်ဝန်း ဒီအတောအတွင်း ကင်မ်ဆောလ်နူးအကြောင်းကို‌စုံးစမ်းခဲ့သည်။သေချာပေါက်လုပ်ရမယ့်အရာလို့လည်းထင်တာမလို့ဖြစ်သည်။

The Hidden Blessing/YANGSUN/Where stories live. Discover now