EPISODE ONE

873 30 1
                                    

<<<<<<<<<EPISODE ONE>>>>>>>>>>>

အရိပ်ရပီး‌ အေးချမ်းတဲ့ သစ်ပင်ကြီးအောက်ကခုံတန်းလေးမှာ ထိုင်ရင်း ရင်ထဲမှာ အပူမီးလောင်ကျွမ်းနေတဲ့ကောင်မလေးနှစ်ယောက်

"အက္ခရာကူး ငါတို့လမ်းခွဲရအောင်"

"ဟာ... မမကလဲ ဘာလို့လဲ ဘာဖြစ်ပြန်တာလဲကွာ"

"ဘာ...ဘာဖြစ်ပြန်တာလဲ ဟုတ်လား..အက္ခရာကူး ဘယ်အချိန်ထဲကပြောချင်နေတာလဲဟမ်"

"မမရာ ဘာဖြစ်တာလဲ ရုတ်တရက်ကြီး ဘာမှားမှား တောင်းပန်ပါတယ်ကွာ ကူး မှာ အခုအလုပ်ရှိသေးတယ်လို့နော်"

တဖက်ကတစ်ယောက်ကတော့ ဒေါသထွက်စွာ ပြောဆို‌နေသော်လဲတဖက်ကသူမှာ အေးဆေးသာပြန်ပြောနေသည် အခေါ်အဝေါ်တောင်မပြောင်းပေ သို့သော် ဤအရာကပိုစိတ်ရှုပ်ဖို့ကောင်းစေသည် သေချာပေါက်ဒီအချိန်မှာ အပြတ်ဖြတ်ရမည့်စိတ်ကသာအလေးသာနေသည်

"ဟက်..ရယ်ရတယ် မင်းကခုထိလဲ အလုပ်ပဲလား ပြောပါဦး ဒါဆို‌‌မင်းဘာလို့ ငါနဲ့တွဲနေသေးလဲ ဟင် ပြောစမ်းပါဦး"

"မမရယ် အလုပ်ပီးရင် မမကို အချိန်ပေးတယ်လေ ကူးလုပ်သမျှအကုန်လဲ မမ သိနေတာပဲလေ ဘာကပြဿနာလဲ မမရဲ့"

ထိုလေသံထိုအေးအေးဆေးဆေးလေသံမုန်းပါသည် အက္ခရာကူး ဆိုတဲ့ မင်းကလေ ထိုသို့ပင် စကြိုက်တုန်းကလဲ ကိုယ်ပဲ ရန်ဖြစ်လို့ပီးရင်လဲ မင်းချော့တာနဲ့ကိုယ့်မှာပျော့ရတာ Relationship တစ်ခုမှာ Cheatမလုပ်တာနဲ့ အကုန်ပြည့်စုံပီထင်နေသလား

"ဘယ်မှာလဲ ငါအတွက်အချိန် အပြင်သွားလဲ အလုပ်ကိစ္စဖုန်းပြောတယ် မင်းငါ့အကြောင်းရောစိတ်ဝင်စားရဲ့လား..ဟမ်..ငါ့မှာတခုခုပြောစရာရှိနေ လိုအပ်နေရင် အရင်လိုရှိနေပေးလားဟမ်..မင်းကို လှောင်အိမ်ထဲကနေလွတ်လပ်နည်းသင်ပေးခဲ့တာ ငါပါ အခုကျ မင်းက လွတ်လပ်စွာပျံသန်းနေတာပဲ"

"ကူးကအခုဘာလုပ်လို့လဲ အလုပ်လုပ်တယ် အားရင် မမကိုအချိန်ပေးတယ် မမ လိုချင်တာ ဝယ်ချင်တာအကုန်လုပ်ပေးတယ် မမ မကြိုက်တာဘာတခုလုပ်လဲပြော မမ အခုလို ရန်ဖြစ်တိုင်းလမ်းခွဲမယ်ပြောနေတာတော့ မဟုတ်သးဘူးလေ မမရာ"

Eyes Have A Language of Their OwnWhere stories live. Discover now