Special Extra!

1K 73 9
                                    

(Unicode)

မနက်ခင်းရဲ့ အလင်းရောင်ဟာ လူတွေကို
လန်းဆန်းတက်ကြွစေတယ်တဲ့။ အခန်းစည်းလိုက်ကာစကတလွင့်လွင့်နဲ့ အခန်းထဲဝယ်
အိပ်မောကျကာ ပြုံးနေသူတစ်ဦး။ ဘယ်လိုအိပ်မက်တွေနဲ့မို့များပါလိမ့်နော်။

"တီ! တီ!"

ခြံရှေ့က ကျယ်လောင်တဲ့ဟွန်းသံကြောင့် တံခွန်
အိပ်မောကျနေရာမှ နိုးလာခဲ့သည်။
လက်တွေကိုဆန့်တန်းကာ ဆန့်ကျင်ဘက်ကို
ကိုယ်စီပစ်ရင်း ခေတ္တမျှ အကြောဆန့်လိုက်မိသည်။
ဘေးက ခေါင်းဦးဖြူလေးတွင် အက္ခရာမရှိ။
တံခွန် အခန်းထဲက ထွက်ခဲ့လိုက်သည်။

ဧည့်ခန်းထဲမှာ မာမားတို့ရောက်နေကာ မမနဲ့အတူ
စကားတွေပြောနေကြသည်။

"ဟော သမီးလေး နိုးလာပြီ"

ဒယ်ဒီကတံခွန့်ကို တွေ့တော့ လှမ်းနှုတ်ဆက်နေသည်။ မမကတော့တံခွန့်ကိုမြင်သည်နှင့်
ပါးမို့မို့လေးတွေမှာ ရဲလို့။ ဒီအပျိုကြီး တံခွန့်ကို
ရှက်နေတာပင်။ တံခွန်လဲ မမဘေးနားသို့ ဝင်ထိုင်ကာ
သူ့ပေါင်ပေါ်ကလက်ကိုလှမ်းကိုင်တော့ အသာရုန်း၏။

"သမီး ဘာလို့ နောက်ကျတဲ့ထိအိပ်နေတာလဲ နေ့လည်တောင်ရောက်တော့မယ် နောက်ဆို ကိုယ့်ဇနီးကို အိမ်မှုကိစ္စတွေဝိုင်းလုပ်ပေးဦး ကြားလား"

"ညက တံခွန် ပင်ပန်းသွားလို့ မထနိုင်တာပါမာမားရယ်"

"တံခွန်!"

မမကိုအံကို မသိမသာကြိတ်ကာ ‌ခုံအောက်ကနေ မာမားတို့မမြင်အောင် တံခွန့်ခြေထောက်ကို တက်နင်းလာသည်။

"ဟို ညက ဧည့်ခံပွဲမှာ အရမ်းပင်ပန်းတယ်လေ အဲ့ဒါကြောင့်"

ဒယ်ဒီက ပြုံးစိစိနှင့် မာမားကတော့ ရှက်နေတဲ့ အက္ခရာကို ကြည့်ကာ တံခွန့်ကို မျက်စောင်း ကြိတ်ကြိတ်ထိုးသည်။ တံခွန်လဲ သွားစိကာ မျက်လုံးတွေမှေးမှိတ်သည်ထိ ပြုံးပြလိုက်တော့သည်။

"မာမားတို့က သဘက်ခါ ပြန်ကြမှာပေါ့ အက္ခရာက နေဦးမယ်ထင်တာ"

"နောက်မှ ကြာကြာကလေးလာခဲ့မယ် သမီး ခုက တံခွန်လေးက မိန်းမတောင်းဖို့ ပူဆာတာနဲ့ လောလောထွက်လာ‌ရတော့ ဒယ်ဒီ့ အလုပ်တွေက တန်းလန်းကျန်ခဲ့တာမို့လေ"

You've reached the end of published parts.

⏰ Last updated: Jun 16 ⏰

Add this story to your Library to get notified about new parts!

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်)Where stories live. Discover now