🧡အတိတ်မေ့ ခင်ပွန်း🧡Part 40
ဦးလရောင် မှန်ထဲက မျက်တွင်းတချို့ကျနေတဲ့ သူ့မျက်နှာသူ ကြည့်မိသည်
သူအိမ်မပြန်ဘဲ companyမှာဘဲ သောင်တင်နေတာ နှစ်ပတ်လောက်ရှိပြီ
ထို့နောက် သူ့ရဲ့ မသေမသပ်ဖြစ်နေတဲ့ နှုတ်ခမ်းမွှေးများအား ရိတ်လိုက်သည်
နောက်ပြီး အကျီလဲ၍ သူ့ရဲ့ဦးတည်ရာဟာ ပန်းချီပြခန်းဖြစ်နေခဲ့သည်
ဒေါ်မြင့်မိုရ်စံ သူမရဲ့ဝန်ထမ်းလေးများအား ညွှန်ကြားနေစဉ် မျက်နှာမကောင်းစွာရောက်လာတဲ့ ဦးလရောင်ကြောင့် ရပ်တန့်သွားရသည်
"ဘာဖြစ်လာတာလဲ...."
ဒေါ်မြင့်မိုရ်စံရဲ့ အမေးစကားမှာ ဦးလရောင်ဟာ အကြည့်ချင်းမဆုံနိုင်ခဲ့ပါ
မျက်နှာလွှဲ၍ သူ့တပည့်တွေကို ယူလာခိုင်းလိုက်တဲ့ ပန်းချီကားကိုသာ ပြလိုက်တော့သည်
ဒေါ်မြင့်မိုရ်စံလည်း အဲ့တော့မှ ထိုးခွဲခံထားရတဲ့ သူမရဲ့ပန်းချီကားကို တွေ့လိုက်ရကာ အံ့ဩထိတ်လန့်သွားသည်
"ဒါက ဘယ်လိုဖြစ်ရတာလဲ ကိုလရောင်...."
ဦးလရောင်ဟာ မေးခွန်းကို မဖြေချင်ခဲ့ပါ
ဒေါ်မြင့်မိုရ်စံလည်း သတိထားမိတာကြောင့် ဆက်လက်မမေးမြန်းတော့ပါ"ဒီဟာက ပြင်လို့ရနိုင်မလား...."
ဦးလရောင်ဟာ နှမြောတသဖြစ်သော မျက်ဝန်းများနဲ့ မေးလာလေသည်
ဒေါ်မြင့်မိုရ်စံမှာ အလယ်မှ အောက်နားထိ တစ်ချက်တည်းကွဲနေသော ပန်းချီကားကို ထိတွေ့ကာ
"ပြင်လို့တော့ ရနိုင်ပါတယ် .....ဒါပေမဲ့ ကျွန်မ ဒီပန်းချီကားကို စဆွဲတုန်းကလိုမျိုး ခံစားချက်တွေကို အပြည့်အဝပြန်မထည့်သွင်းပေးနိုင်မှာဘဲ စိုးရိမ်တယ်......"
ဦးလရောင်လည်း ဒေါ်မြင့်မိုရ်စံစကားကြောင့် ခေါင်းငုံ့မိလေသည်
"တောင်းပန်ပါတယ် ကိုယ်ဒီထပ် ပိုထိန်းသိမ်းခဲ့ရမှာ....."
"ဟင့်အင်း ရပါတယ် ကိုလရောင် ကျွန်မ အတတ်နိုင်ဆုံး ပြန်လည်ပြုပြင်ပေးပါ့မယ်...."
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romantikစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....