'ဆောနူရား မင်းတမင်လုပ်နေတာလား'
အံကြိတ်သံနဲ့အတူပြောလာတဲ့ ဆောင်းဟွန်းအသံကြားမိတော့ ဆောနူ မျက်နှာကိုအသာငုံ့ရင်း ရယ်မိသည်
'ဘာကိုလဲဟျောင်းရဲ့'
ရယ်စစ မျက်နှာပေးကိုပြင်ပြီး ဘာမှ မသိတဲ့ အကြည့်တွေနဲ့ ဆောင်းဟွန်းကို ပြန်ကြည့်လာပြီး ဆောနူရင်ဆိုင်လိုက်ရသည်ကတော့ သူ့ခါးသိမ်သိမ်အားထွေးပွေ့လာသော လက်မောင်းတစ်စုံပါပင်
ထိုလူက သူ့ခါးအားဖက်ထားရင်း ခပ်ဖွဖွညှစ်ဖို့လဲမမေ့ပါပေ စိတ်တိုလွန်း၍ ပေါက်ကွဲတော့မည့်မျက်ထားနှင့်သူက ဆောနူ၏ ပယင်းမျက်ဝန်းတို့နှင့်ဆုံတော့ ရင်မဆိုင်နိုင်သည့်နှယ် ဆောနူပခုံးပေါ် မျက်နှာအပ်လာသည်
'ဆောနူရာ မင်းကွာ...'
ခပ်ပြင်းပြင်းအသက်ရှူသံနှင့်အတူ သူ့ပခုံးကိုမျက်နှာအပ်ထားသောထိုသူ ဒေါသထွက်နေမှန်းဆောနူသိလိုက်သည်
ကျောပြင်ကျယ်အား ခပ်ဖွဖွ ပုတ်ပေးရင်း အနက်ရောင်ဆံနွယ်တွေထဲ လက်လျိုကာပွတ်သပ်မိတော့ ထိုသူရဲ့ အသက်ရှူသံတွေ ပုံမှန်ပြန်ဖြစ်လာမှန်း သူသတိထားမိလာသည်
'ဟျောင်း ဘာဖြစ်နေလဲပြောပြမှ ကျွန်တော်သိမှာပေါ့ '
ဆောင်းဟွန်းက ဘာမှ မပြောလာသေးဘဲ သူ့ခါးကို ပိုမိုတင်းကြပ်စွာဖက်ရင်းနဲ့သာ အဖြေပေးသည်
'ဟျောင်း~ ဆောင်းဟွန်းနီးဟျောင်း~'
ဆောနူ ဘယ်လိုပဲချော့မြှူပါစေ ထိုလူက သူ့ကို ဖက်ထားတာကနေလွှတ်မပေး ဘာမှလည်းမပြောဘဲ သူ့ကိုသာ ဆက်ဖက်တွယ်ထား၏
'ဆောနူ '
တဖြည်းဖြည်းခွါသွားသော ထိုသူက ဆောနူပယင်းရောင်မျက်ဝန်းတို့နှင့်ရင်ဆိုင်သည် သို့သော်ငြား ဆောနူ၏ ခါးအားဖက်သွယ်ထားသော လက်မောင်းတို့ကတော့ ဖယ်ရှားဖို့စိတ်ကူးမရှိနေ