3 0 0
                                    

✨ရိပ်ရယ်✨
ဖြစ်နိုင်ရင်ထိုမိန်းကလေးနောက်လိုက်မသွားဖို့မတားလိုက်ချင်သည်
သို့သော်ကျွန်မ၌တားပိုင်ခွင့်မရှိ
ရင်ဘတ်နားကတင်းကြပ်လာသည်ကိုခံစားလိုက်ရသည်
(ငါဘာဖြစ်နေတာလဲ)
''ရိပ် ငါလိုက်သွားရမလားဟင်´´နူးညံ့သောအသံဖြင့်ကျွန်မထံမှခွင့်တောင်းသလိုမေးလာသောအသံပိုင်ရှင်သည်ထုံးစံအတိုင်းကျွန်မအပေါ်ညင်သာနေဆဲပင်
(ဘုရားရေ ၅နှစ်လုံးလုံးငါ့ကိုဘာတွေကာဆီးထားလို့ဒီအသံရဲ့ညင်သာမှုကိုသတိမထားမိတာပါလိမ့်)
''လိုက်သွားလေ ´´
ကျွန်မအသံအနည်းငယ်ပျက်နေသည်ကိုသူသတိထားမိပေလိမ့်မည်
သူသည်ကျွန်မဘာကြောင့်စိတ်ဆိုးသည်ကိုသာမသိချင်မသိမည်
ကျွန်မစိတ်ဆိုးသွားတာကိုတော့သိကိုသိသောသူဖြစ်လေသည်
မျက်နှာအနည်းငယ်ပျက်သွားသည်ကိုပင်သတိပြုမိတတ်သောသူ၏ကျွန်မအပေါ်အလေးဂရုပြုနိုင်မှုကကျွန်မခေါင်းထဲသို့ရောက်လာသည်
(ဟာ သွားစမ်းပါ ငါဘာတွေတွေးနေတာလဲ)
''နင်တစ်ယောက်တည်းပြန်ရမှာဖြစ်လို့လား ရိပ်´´
ကျွန်မရယ်လိုက်သည်
ရယ်သံထဲမှာနှမြောတသမှုတွေပြည့်နှက်နေပြီးနာကျင်မှုတို့စွက်နေသည်ကိုသူသတိထားချင်လည်းထားမိမည်
ကျွန်မသည်ဟန်ဆောင်မကောင်းသောမိန်းမတစ်ယောက်သာဖြစ်ပေသည်
''ငါက၂၅နှစ်ဖြစ်နေပြီဆိုတာနင်မေ့နေပြီလားချစ်ရယ် သွားမှာသာသွားစမ်းပါ ဟိုမှာအိမ်ပြန်ရောက်နေလောက်ပြီ ´´
ကျွန်မသည်အလှပဆုံးကြိုးစားပြုံးလိုက်သည်
သူကစိတ်မချသည့်ဟန်ဖြင့်တစ်ချက်ကြည့်ကာထွက်သွားသည်
ကျွန်မမှာသူ့နောက်ကျောကိုကြည့်ရင်းပြုံးလိုက်သည်
သို့သော်ထိုအပြုံးသည်အပြုံးမဖြစ်သွားချေ
မျက်ရည်ကျချင်စိတ်ကိုထိန်းထားရန်အတွက်နှုတ်ခမ်းကိုကိုက်လိုက်ရသောကြောင့်ဖြစ်ပေသည်
စားသောက်ဆိုင်ထဲမှကျွန်မထွက်လာချိန်တွင်မိုးဖွားလေးများတဖြည်းဖြည်းကျလာသည်
ကျွန်မသည်မိုးရွာသည်ကိုအလွန်မုန်းသူဖြစ်သည်
စိတ်ပျက်စွာဖြင့်ကားငှားရန်ဟိုကြည့်ဒီကြည့်လုပ်မိသည်
bus stopတွင်ငိုနေသောမိန်းကလေးတစ်ယောက်ကိုတွေ့သည်
ကလေးတစ်ယောက်ကဲ့သို့ရှိုက်ကြီးတငင်ငိုနေသောမိန်းကလေးအားကျွန်မစိတ်၀င်စားစွာကြည့်မိသည်
ကျွန်မသည်လည်းတစ်ချိန်ကဤသို့ပတ်၀န်းကျင်ကိုပင်ဂရုမစိုက်နိုင်ဘဲငိုခဲ့ဖူးလေသည်
ထိုအချိန်တွင်ကောင်လေးတစ်ယောက်ကသူမ၏ဘေးတွင်လာထိုင်သည်
ငိုနေသည့်သူမအားtissueတစ်ထုပ်ပေးကာသူကတော့သူမ၏ပခုံးစွန်းကိုသာမထိရဲထိရဲနှင့်နှစ်သိမ့်နေသည်
ကျွန်မသည်ကားငှားရမည်ကိုပင်သတိမရနိုင်ဘဲထိုမြင်ကွင်းကိုရပ်ကြည့်နေမိသည်
ကောင်လေး၏မြတ်နိုးမှုအပြည့်ဖြင့်နွေးထွေးနေသောမျက်၀န်းကိုကျွန်မသည်သဘောတကျကြည့်နေမိသည်
ဘယ်လိုတောင်ကံကောင်းသည့်မိန်းကလေးပါလိမ့်
ထိုကောင်လေးသည်သူမ၏ချစ်သူလည်းဖြစ်ပုံမရပါ
ကြင်နာတတ်သောသူ၏အသွင်သည်လွန်ခဲ့သော၅နှစ်ကချစ်သူ၏စွန့်ပစ်ခြင်းကိုခံရသည့်ကျွန်မအားနှစ်သိမ့်ပေးခဲ့သော''နေသာ´´၏ပုံရိပ်ကိုသတိရလာစေသည်
သူသည်လည်းမိုးရွာထဲမှာငိုနေသောကျွန်မအားတယုတယနှစ်သိမ့်ပေးခဲ့သည်လေ
ယခုတော့သူသည်ကျွန်မမဟုတ်သည့်မိန်းကလေးလှလှ၏ဘေးတွင်ရောက်ရှိနေလောက်ပြီ
အဘွားဖြစ်သူကိုဆုံးရှုံးရမှုကြောင့်နာကျင်နေမည့်သူမ၏ပုခုံးကိုကိုင်၍ဖြစ်စေ သို့မဟုတ်လျှင်လည်း သူမကိုပွေ့ဖက်၍ဖြစ်စေပေါ့
မြင်ကွင်းတို့သည်မိုးရေကြောင့်မဟုတ်ပါဘဲမှုန်၀ါးလာသည်
မိုးသည်းကြီးထဲမှာပင်ခြေဦးတည့်ရာလျှောက်သွားနေလိုက်သည်
''ရိပ် နင်ကလေ မိုးနည်းနည်းလေးစိုတာဘာဖြစ်သွားမှာမလို့လဲ မိုးရေကိုထိကြည့်လိုက်စမ်း ဘယ်လောက်တောင်အေးလိုက်လဲ ဘာလို့မိုးရာသီကိုမုန်းမှန်းစဥ်းစားလို့တောင်မရဘူး´´
သူကကျွန်မ၏ပါးမှာကပ်နေသောဆံစအချို့အားလက်ဖြင့်အသာဖယ်ကာပြောသည်
''ဘာလို့မမုန်းရမှာလဲ ဒီမိုးရာသီမှာငါ့ကိုမောင်ကထားသွားတာလေ ´´
အဲ့တာနဲ့ပဲမိုးရွာတာကိုမုန်းရသလားကွယ်
မုန်းတယ် မုန်းတယ် မိုးရာသီသာမရှိရင်မောင်လည်းငါ့အနားရှိနေမှာ အခုနင်ထိုင်နေတဲ့နေရာမှာလေ
သြော် 'လရိပ်ပြာ´ ရယ်...
သူကစကားဆက်မပြောတော့ဘဲမိုးရွာသည်ကိုသာတိတ်တဆိတ်ငေးကြည့်နေတတ်သည်
'နေသာ´သည် ကျွန်မ ၏ ယောကျ်ားလေးသူငယ်ချင်းပေါင်းများစွာမှတစ်ဦးဖြစ်သော်လည်းကျွန်မကမူနေသာ၏တစ်ဦးတည်းသောမိန်းကလေးသူငယ်ချင်းဖြစ်လေသည်
စာတော်သလောက်စကားနည်းလွန်းလှသောနေသာသည်စာမတော်ဘဲစကားအလွန်များလှသော လရိပ်ပြာ၏ဆိုးသမျှဒဏ်ကိုမငြီးမငြူခံတတ်သောသူပင်ဖြစ်သည်
ကျွန်မ၏ပြောသမျှစကားကိုလည်းနားညီးသည်မရှိဘဲစိတ်ပါလက်ပါအမြဲနားထောင်၏
ကျွန်မ၏တစ်မိနစ်အတွင်း၉ခါလောက်ပြောင်းလဲတတ်သောစိတ်ကိုလည်းငြိုငြင်ခြင်းအလျှင်းမရှိ
ကျွန်မထုသမျှရိုက်သမျှကိုလည်းချိုသည်ခါးသည်မပြောဘဲငြိမ်ခံနေတတ်၏
ထို့ကြောင့် ကျွန်မအနေဖြင့် ရည်းစားသာတစ်လတစ်ခါပြောင်းချင်ပြောင်းသွားမည်
နေသာ နှင့်ရုပ်ရှင်ကြည့် စာကြည့်တိုက်သွား hot potစားခြင်းတို့ကတော့မပြောင်းလဲခဲ့
ဆိုးသမျှခံသောနေသာ့အားအလွန်ချစ်ကာနေသာဟူ၍ပင်မခေါ်'' ချစ်´´လို့သာခေါ်ပါသည်
လူတွေကမူနေသာနှင့်ကျွန်မအားမသိလျှင်အတွဲဟူ၍သာထင်ကြသည်
မတွဲမှန်းသိသူများကလည်းတွဲရန်လှော်ပေးကြသည်
သို့သော်အချစ်ဦးကိုမမေ့နိုင်သူကျွန်မကနေသာ့အားသူငယ်ချင်းထက်ပို၍မရ
''ရိပ် ဘာလို့ငိုနေတာလဲ ´´
ကျွန်မသည်ဘာမှမပြောဘဲသူ့ကိုဖက်ကာငိုမြဲငိုလိုက်သည်
''ဟင်လို့ အရိပ်ကလေး ဘာဖြစ်တာလဲ´´
သူကကျွန်မ၏ခေါင်းကိုပွတ်ကာမေးနေသည်
ကျွန်မကခေါင်းကိုခါလိုက်ကာ
''ငါမောင့်ကိုမြို့ထဲမှာတွေ့ခဲ့တယ်သိလား
မောင်လေသူ့ဘေးမှာမိန်းကလေးတစ်ယောက်နဲ့´´
''သြော် ရိပ်ရယ်´´
သူသည်ဖက်မြဲဖက်ထားကာကျွန်မခေါင်းကိုအုပ်ကိုင်ထားသည်
''ငိုတော့ငိုပေါ့အရမ်းကြီးမငိုနဲ့ နင်ကခေါင်းကိုက်တတ်တယ်လေ ပြီးရင်ဖျားဦးမယ်´´
''ချစ်..´´
''ဟင်´´
''ငါအရက်သောက်ချင်တယ်´´
''ဘာ..´´
အရက်သောက်နေသောမိန်းကလေး၏ဘေးမှအမြည်းစားနေသောယောကျ်ားလေးသည်မမူးပါဘဲတောင်အရစ်သန်သောမိန်းကလေး၏မူးပြီးရစ်ခြင်းကိုခန္တီပါရမီဖြည့်သည်အမှတ်ဖြင့်ငြိမ်သက်စွာနားထောင်နေလေသည်
အရက်မူးလျှင်ရည်းစားဟောင်းနာမည်တတတ်သောကျွန်မအားအိမ်အထိကုန်းပိုးလိုက်ပို့တတ်သောနေသာ့အနေဖြင့်ရိပ်အား၅နှစ်လုံးလုံးအချစ်နှင့်ပတ်သက်သောစကားတစ်လုံးမျှပင်မဟဖူးပေ
ကျွန်မ၏မောင့်အကြောင်းကိုသာမေးတတ်သည်
''ရိပ် အကယ်၍နင့်ရဲ့မောင်သာပြန်လာရင်နင်လက်ခံမှာလား´´
''မေးစရာလိုသေးလို့လား ချစ်ရယ် သူပြန်လာလို့ကတော့တန်းမဂ်လာဆောင်ပစ်မယ်´´
''သြော် ရိပ်ရယ်´´
သူ့ကိုကြည့်လိုက်တော့သူ၏မျက်၀န်းညိုညိုသည်လှုပ်ရှားသွားခြင်းမရှိပကတိတည်ငြိမ်နေလေသည်
ဤသို့ဖြင့်ကျွန်မတို့၏သူငယ်ချင်းသက်တမ်းသည်တဖြည်းဖြည်းကြာလာခဲ့သည်
နှစ်ယောက်လုံးသည်လည်းအလုပ်အကိုင်အခြေတကျဖြစ်ကုန်ပြီဖြစ်သည်
ထိုအချိန်တွင်နေသာ့ကိုစိတ်၀င်စားသောမိန်းကလေးတစ်ဦးပေါ်လာခဲ့သည်
အသက်ငယ်ငယ်ချစ်စဖွယ်မိန်းကလေးကကျွန်မ၏မျက်လုံးတွင်အလွန်မှလှပနေခဲ့သည်
နေသာတော့ဒီတစ်ခါစွံပြီထင်ပါရဲ့ဟုပြောသောအခါနေသာက
''နေပါရိပ်ရယ် ငါတော့ကလေးမထိန်းချင်ဘူး´´ဟုပြောလေသည်
''အမယ်လေး ငါလိုကလေးထက်ဆိုးတဲ့လူကိုတောင်ဘာမှမရဘဲ၅နှစ်ထိန်းခဲ့တာပဲ သူ့ကိုထိန်းရင်အချစ်ရမှာလေဟဲ့´´
''အဲ့တာဆို ထိန်းကြည့်လိုက်ရမလား''ဟုသူကပြုံးစစနှင့်မေးသည်
ကျွန်မဆစ်ကနဲနာသွားသလိုခံစားရသော်လည်းပြုံးကာ
''ထိန်းကြည့်လိုက်ပါ ချစ်စရာ´´ဟုပြောလိုက်လေသည်
''သြော် ရိပ်ရယ်´´
နေသာကကျွန်မအားစိုက်ကြည့်ကာဟိုဖက်လှည့်သွားလေသည်
နေသာနှင့်မိန်းကလေးတို့၏ဆက်ဆံရေးမှာပိုမိုတိုးတက်လာခဲ့သည်
ကျွန်မ၏တွန်းပို့မှုကအများဆုံးပါမှာပေါ့
ကျွန်မသည်နေသာနှင့်မိန်းကလေးအားရုပ်ရှင်အတူကြည့်ရန် BBQသွားစားရန် dateရန်ဖန်တီးပေးသည်
သို့သော်သူတို့ဘယ်သွားသွားကျွန်မကိုပါခေါ်တာကတော့ရိပ်ရှောင်လွှဲလို့မရသောအရာဖြစ်လေသည်
သို့နှင့်ကျွန်မသည်တမင်တကာနေသာကြိုက်တတ်သောဖျော်ဖြေပွဲလက်မှတ်၂စောင်၀ယ်ကာနေသာနှင့်ထိုမိန်းကလေးအား၂ယောက်တည်းသွားစေသည်
ဖျားနေသည်ဟုဆိုကာအတူတူလိုက်ပါရန်ငြင်းဆန်လိုက်သည်
ကျွန်မ၏အကြံသည်အောင်မြင်သွားသလားမသိ
ဖျော်ဖြေပွဲပြီးနောက်သူတို့နှစ်ဦး၏ဆက်ဆံရေးမှာပိုမိုတိုးတက်လာသည်
မိန်းကလေးကိုကျောင်းသွားကြိုတာစာသင်ပေးတာမြင်ရတော့ ကျွန်မသည်ပျော်ရမည့်အစား၀မ်းနည်းလာသည်
ဘာကြောင့်ထိုသို့ဖြစ်နေသည်ကိုစဥ်းစား၍မရ
အမှန်ဆိုကျွန်မပျော်နေရမှာလေ
အခုလည်းကျွန်မတို့၃ယောက်အပြင်ထွက်မုန့်စားချိန်တွင်မိန်းကလေး၏အဘွားဖြစ်သူဆုံးသွားကြောင်းဖုန်း၀င်လာ၍မိန်းကလေးကပြေးထွက်သွားသည်
ကျွန်မကနေသာ့အားလိုက်သွားခိုင်းလိုက်သည်
မိန်းကလေးများသည်မည်မျှသန်မာစေကာမူပြိုလဲနေချိန်တွင်ဘေး၌သူတို့ချစ်သောယောကျ်ားဘေးမှာရှိနေစေချင်ကြသည်လေ
ယခုမူကျွန်မပြိုလဲနေသလိုခံစားနေရလေပြီ
(ဘာကြောင့်လဲ ငါနေသာ့ကိုများချစ်မိနေပြီလား)
(ဒါဆိုနေသာကရော)
ယခုအချိန်တွင်နေသာနှင့်ကျွန်မ၏ကြား၌ဘာတွေရှိရှိအရေးမပါတော့ပေ
နေသာသည်ထိုမိန်းကလေးနှင့်ချစ်ခြင်းတစ်ခုကိုတည်ဆောက်ကြတော့မည်ဖြစ်သည်
အချိန်တစ်ခုသာလိုပေတော့သည်
မိုးစက်တို့ကအေးစက်နေပါလျက်မျက်ရည်တို့ကပူနွေးလွန်းလှသည်
လမ်းကြားကလေးတစ်ခုထဲသို့ကျွန်မအ၀င်တွင်မောင့်ကိုတွေ့လိုက်ရသည်
ဆုံမှဆုံတတ်ပလေ
မမြင်ချင်ယောင်ဆောင်ကာလမ်းကြားမှပြန်ထွက်လာသည်
မောင်ကနောက်မှလိုက်လာသည်
''လရိပ်´´
ခေါ်သံကိုလျစ်လျှူရှုကာဆက်လျှောက်လာတော့မောင်ကကျွန်မလက်ကိုလှမ်းဆွဲသည်
''လရိပ် မောင်ခေါ်နေတယ်လေ´´
အော်သလိုဖြင့်ပြောနေသည်ကိုကြားရတော့၅နှစ်လုံးလုံးလေသံမျှမမာခဲ့သူအားသတိရသွားမိသည်
ရင်ခုန်သည်ထက်သစ်စိမ်းချိုးချိုးသွားသူကအခုမှပေါ်လာကာပိုင်စိုးပိုင်နင်းဆက်ဆံသည်ကိုစိတ်တိုကာလက်ကိုဆောင့်၍ရုန်းလိုက်သည်
''ဘာလုပ်တာလဲ နင်နဲ့ငါအခုဘာမှပတ်သက်မှုမှမရှိတော့တာကိုမေ့နေပြီလား´´
''sry ကိုယ်အကျင့်ပါနေလို့ပါ´´
ကျွန်မသည်မောင့်ကိုစူးစိုက်စွာကြည့်နေမိသည်
မျက်၀န်းနက်နက်သည်အရင်ချိန်များကလိုကျွန်မအားရင်မခုန်စေတော့ပေ
''လရိပ် မင်းအဆင်ပြေရဲ့လား´´
''အဆင်မပြေစရာအကြောင်းရှိလို့လား´´
''အခုမင်းအဆင်မပြေနေတာကိုယ့်မျက်မြင်ပဲ´´
''ရှင်နဲ့မဆိုင်ပါဘူး´´
''ကဲပါ ဒီနားမှာကိုယ့်သူငယ်ချင်းရဲ့ဆိုင်တစ်ဆိုင်ရှိတယ် အဲ့ကိုသွားရအောင် မင်းဖျားတော့မယ်´´
''မသွားဘူး  ကျွန်မဘာသာဖျားရုံမကလို့ ဘာဖြစ်ဖြစ်´´
မောင်သည်ငိုထား၍နီရဲနေသောကျွန်မ၏မျက်နှာကိုကြည့်ကာပြုံးလိုက်သည်
''ငါနင့်ကိုတကယ်ချစ်ခဲ့တာသိလား ဟီးးး
နင်ကငါ့ကိုထားသွားတယ် ဟီးးးး
ကောင်စုတ် နင့်ကိုငါပါးရိုက်ချင်လိုက်တာ´´
''ရိုက်စမ်း လရိပ်ရယ် ငါကနင်အရိုက်ခံဖို့ထိုက်တန်ပါတယ်´´
''မရိုက်ဘူး ငါ့လက်၀ါးနာတယ်ဟဲ့ ဒီလက်၀ါးလေးတွေကလေ နေသာကိုယ်တိုင်နေ့တိုင်းhand creamလိမ်းပြီးနှိပ်ထားပေးတဲ့လက်တွေ waiterရေနောက်တစ်လုံးပေးပါဦး ကုန်နေပြီ အရက်က´´
''များနေပြီလေ လရိပ် တော်တော့လေ´´
''​မတော်နိုင်ဘူး နင်နဲ့ဘာဆိုင်လဲငါ့ဘာသာဘယ်လောက်သောက်သောက် နင်လိုလူကမြန်း
ငါ့နေသာလေးရဲ့အရပ်လည်းမမီဘူးရုပ်လည်းမမီဘူးစိတ်လည်းမမီဘူး ငါ့နေသာလေးကရုပ်လည်းချောတယ် အသားလေးလည်းနုဖတ်နေတာပဲ ကလေးလေးကျနေတာပဲ ပြီးတော့ငါဘယ်လောက်သောက်သောက်အမြည်းစားပြီးစောင့်ပေးတယ် နောက်နေ့မှညကလိုအရက်အများကြီးထပ်မသောက်နဲ့လို့တိုးတိုးလေးပြောတယ် နင်နဲ့တူသလားဟင် မောင်ဆိုတဲ့ကောင်ရဲ့ ဟီးဟီးး အခုတော့နေသာလေးကငါမဟုတ်တဲ့တစ်ယောက်ရဲ့နားမှာအမြည်းစားနေပြီလားမသိပါဘူး ဟီးးဟီးးး´´
ပြောရင်းငိုရင်းမောလာကာကျွန်မ၏မျက်စိတို့သည်ဖွင့်မရတော့ဘဲအိပ်ပျော်သွားလေတော့သည်
မိုးလင်းလာတော့ကျွန်မသည်ကျွန်မ၏အိပ်ရာပေါ်တွင်ရောက်မနေပေ
(ဟင်ဒါဘယ်နေရာလဲ)
ရှင်းလင်းနေသောအိပ်ခန်း စီရီနေသောစာအုပ်စင် ညီစီနေသောပစ္စည်းအထားအသိုများကအိပ်ခန်းပိုင်ရှင်သည်စည်းကမ်းရှိသူဖြစ်ကြောင်းညွှန်ပြနေသည်
ကျွန်မသည်အပြင်သို့ပြေးထွက်လာကာအိမ်သို့ပြန်ရန်လုပ်သည်
''ရိပ်..´´
''နေသာ..´´
''ပြန်တော့မလို့လား´´
''နင်ငါ့ကိုဘာလို့အိမ်ပြန်မပို့တာလဲ ငါ့အမေစိတ်ပူနေရင်ဘယ်လိုလုပ်မလဲ ငါတော့အဆူခံရတော့မှာပဲ နင်မစဥ်းစားမိဘူးလား နင့်အိမ်မှာငါအိပ်တာသိရင် ဘယ်လိုတွေဖြစ်မလဲ´´
ကျွန်မသည်တရစပ်ပြောနေရင်းနေသာ့လည်ပင်းမှခပ်နီနီအရာများကိုသတိပြုမိသွားသည်
(ဟင် ဒါဆို သူ ဟိုကောင်မလေးနဲ့)
ကျွန်မသည်၀မ်းလည်းနည်းဒေါသလည်းထွက်ကာမျက်ရည်များကျလာသည်
''သြော် ရိပ်ရယ်´´
''ငါညကလေ နင်ဆူခံရမှာစိုးလို့နင့်သူငယ်ချင်းမလေးနဲ့တိုင်ပင်ပြီးနင့်အမေကိုသူ့အသံနဲ့ဖုန်းဆက်ထားခိုင်းပါတယ် နင်အဆူမခံရပါဘူး ညကလည်း၁၁ကျော်နေတော့လေ ကားလည်းငှားမရတော့လို့ပါ နင့်ကိုကလည်းနှိုးလို့မရ...´´
''တော်တော့´´
ရုတ်တရက်အော်လိုက်သောကျွန်မကိုကြည့်ကာနေသာကကြောင်နေသည်
''ဘာလို့လဲဟင် နင်ဆူခံရရင်လည်းငါ၀ိုင်းပြော´´
''တော်တော့လို့ တော်ပါတော့နေသာရယ် ´´
မျက်ရည်များကျလာကာမျက်နှာကိုလက်နှင့်အုပ်ငိုနေရခြင်းကဘာကြောင့်ဆိုသည်ကိုနေသာသိပုံမရ
''နင်အဲ့လိုမကောင်းပေးသင့်ဘူး ငါ့ကိုဂရုမစိုက်ပေးသင့်ဘူး အခုငါနင်မရှိရင်ရှေ့ဆက်ဘယ်လိုနေရမှာလဲ နေသာရဲ့ငါမနေတတ်တော့ဘူး´´
''ဘာလို့လဲ ဟင် ရိပ်´´
သူ့အသံကကျွန်မနစ်၀င်သွားချင်လောက်အောင်နူးညံ့တိုးလျနေလေသည်
''ငါနင့်ကိုလက်မလွှတ်နိုင်တော့ဘူး နေသာ ငါဘယ်လိုလုပ်ရမလဲ´´
''သြော် ရိပ်ရယ်´´
သူသည်ကျွန်မအားပွေ့ဖက်နှစ်သိမ့်လိုက်တော့ကျွန်မသည်သူ၏ရင်ခွင်ထဲ၌မြုပ်သွားလေသည်
သူ၏အတွေ့သည်အရင်ကလိုနွေးထွေးနေဆဲညင်သာနေဆဲ သို့သော်ထိုမိန်းကလေးအပေါ်ကိုလည်းနူးညံ့ညင်သာမည်ကိုတွေးမိကာသူ့ထံမှရုန်းထွက်လိုက်သည်
ရင်ထဲမှာနာကျင်မှုသည်လည်ချောင်း၀၌ဆို့နေကာအသက်ပင်ကောင်းကောင်းရှူ၍မရတော့
''နင်တို့တွဲလိုက်ကြပြီလား´´
သူကသက်ပြင်းချသည်
''ရိပ်ကအဲ့လိုဖြစ်စေချင်နေတာလေ´´
(မဖြစ်စေချင်ပါဘူး အဲ့လိုမဖြစ်စေချင်ပါဘူး)
ရင်ထဲမှငိုပြီးအော်ပြောနေမိသည်
''အင်း ဒါပေါ့ ငါ၀မ်းသာပါတယ်ကွယ်´´
ကျွန်မသူ့ကိုကြိုးစားပြုံးပြလိုက်သည်
နက်ရှိုင်းသောမျက်၀န်းညိုပိုင်ရှင်သည်ကျွန်မ၏မသိစိတ်ထဲမှကြာမြင့်စွာချစ်မိနေသူဖြစ်လေသည်
ညိုဖျော့ဖျော့ဆံပင်၏ရနံ့ကယနေ့မှဆွတ်ပျံ့စွာမွှေးနေလေသည်
''ငါသွားတော့မယ် meetingရှိတာမေ့နေတာ´´
sundayမှာဘာmeetingမှမရှိတာသူသိမှာပါ
အလဲလဲအပြိုပြိုဖြစ်နေသောခံစားချက်များကိုသိမ်းဆည်းကာလှည့်ထွက်လာခဲ့သည်
~သူငယ်ချင်းလည်းမက အို ရည်းစားလည်းမကျမို့တို့နှစ်ယောက်အချစ်ဟာဘာလဲကွာ~
သူ့ဖုန်းမှring toneကြောင့်ကျွန်မရပ်တန့်သွားမိသည်
''Hello ညီမလေးအစ်ကိုမအားလို့အစ်ကို့ညီကိုလွှတ်လိုက်မယ်နော် တစ်ခုတော့ပြောလိုက်မယ်နော်အစ်ကို့ညီကစိတ်အရမ်းကြီးတာ မနေ့ကညီမလေးရဲ့နှုတ်ခမ်းနီအရောင်ကိုအစ်ကို့လည်ပင်းမှာလာစမ်းတဲ့ကိစ္စမျိုးတော့မလုပ်မိစေနဲ့´´
''.....´´
''သြော် ရိပ်ရယ်´´
''မင်းကလေမင်းဖြစ်ချင်တာပဲသိတယ် ကိုယ်ဘာဖြစ်ချင်လည်းတစ်ခွန်းမှမမေးဘူး မင်းလုပ်ချင်တာပဲလုပ်တယ် ကိုယ်ဘာတွေဖြစ်သွားမှန်းမင်းမသိဘူး မင်းပြောချင်တာပဲပြောတယ် ကိုယ်ဘာတွေပြောချင်မှန်းမင်းမသိဘူး´´
''အခုပြောလေ ဘာတွေပြောချင်နေလဲဆိုတာ´´
''ကိုယ်မပြောချင်ပါဘူး မေးပဲမေးချင်တာ´´
''အခြားမိန်းကလေးတွေဆိုကိုယ့်အသုံးအဆောင်ပစ္စည်းကိုတောင်အကိုင်မခံတံ့ကိုယ်ကဘာကြောင့်မင်းထုရိုက်ပွေ့ဖက်သမျှငြိမ်ခံနေလဲဆိုတာ
မင်းရည်းစားဟောင်းအကြောင်းပြောတိုင်းဘာလို့ဟိုဘက်လှည့်သွားရလဲဆိုတာ
မင်းသွားစေချင်တဲ့ဖျော်ဖြေပွဲကိုသွားခဲ့ရဲ့လားဆိုတာ မင်းကိုမေးချင်တာ´´
ကျွန်မသည်ဘာပြောရမှန်းမသိတော့၍လှည့်ထွက်လာခဲ့သည်
ထိုစဥ်နေသာကကျောဘက်မှသိုင်းဖက်လိုက်သည်
''ကိုယ်မနေ့ကသူ့နောက်လိုက်တော့သူကအဖွားဆုံးတာတောင်ဘာမှမဖြစ်ဘဲနှုတ်ခမ်းနီဆိုးနေတယ်လေ ကြောင်လေးဆုံးတာတောင်အငိူမတိတ်တဲ့ရိပ်ကိုသတိရမိတယ် ကိုယ်ရိပ်ကိုတစ်ညနေလုံးလိုက်ရှာနေတာ တော်သေးတယ် ရိပ်ရဲ့မောင်ကဖုန်းဆက်တာနဲ့´´
''ရိပ်ရဲ့မောင်မဟုတ်ပါဘူး သူ့ကိုကြည့်မရ ဘူး´´
''ကိုယ်လည်းအစကကြည့်မရဘူးဗျ အခုတော့ကြည့်ရသွားပြီ´´
''ဘာလို့လဲ´´
သူကကျွန်မနှင့်မျက်နှာချင်းဆိုင်ရပ်လိုက်သည်
''အရေးမကြီးပါဘူး အဲ့ဒါက´´
''အဲ့တာဆိုဘာကအရေးကြီးတာတုန်းနေသာရဲ့ နင်ကလေငါ့ကိုစိတ်တိုအောင်လုပ်ပြန်ပြီ ငါတကယ်လုပ်လိုက်ရင်နင် ..´´
နေသာကရုတ်တရက်တင်းကြပ်စွာပွေ့ဖက်လိုက်သည်
''ငါအသည်းယားလာပြီရိပ်ရယ်´´
''ဟဲ့ ငါအသက်ရှုကြပ် လာပြီလွှတ်ဟ´´
''Sry sry´´
''နင်သေမယ် ငါလုပ်လိုက်ရ´´
''ဒီအရပ်ကလေးက ဒီအရပ်ကိုလား´´
''ဘာဖြစ်လဲ ငါကမလုပ်ချင်လို့ကြည့်နေတာ´´
''ငါကတော့လုပ်ချင်တယ်´´
''ဘာ!´´
''ရိပ်ရဲ့ချစ်သူလုပ်ချင်တာကိုပြောတာပါဗျ´´
ရယ်ကျဲကျဲနှင့်မျက်နှာချိုသွေးနေသောဤလူသားအားချစ်စနိုးဖြင့်ကြည့်နေမိသည်
''ရိပ် ကိုယ်တော့သူငယ်ချင်းမကရည်းစားမကျမလုပ်ချင်တော့ဘူး ´´
''....´´
''ရိပ် ငြိမ်မနေနဲ့လေဗျာ တစ်ခုခုပြောဦး´´
''ဘာပြောရမှာလဲ´´
''ရိပ်ရဲ့ချစ်သူဖြစ်ချင်တာလေ အဲ့တာ´´
''ငါ့ရဲ့ချစ်သူဖြစ်ချင်ရင် ring toneပြောင်းလိုက်´´
''ဘာလို့လဲ´´
''ဟဲ့ အဲ့တာကိုမပြောင်းလို့ရည်းစားမကျသူငယ်ချင်းမကျဖြစ်နေတာလေ အဲ့တာနိမိတ်ဖတ်တာလို့ခေါ်တယ်´´
''သြော် ရိပ်ရယ်´´
ဖုန်းကိုကပျာကယာပြေးယူကာring toneပြောင်းပြီး
''ဒီမှာပြောင်းလိုက်ပြီနော် ရိပ်´´
ဟုပြုံးရွှင်စွာပြောနေသောသူ၏ပါးကိုအသည်းယားလာ၍လိမ်ဆွဲပစ်လိုက်မိသည်
(ချစ်စရာနေသာလေးပါလား)
ပျော်ရွှင်ကြပါစေရှင်
The end
12:39 AM
၀တ္ထုအတိုလိုင်းပေါ်မှာရေးတာပထမဆုံးမို့အမှားပါရင်သည်းခံပေးကြပါရှင်
✨Pam

You've reached the end of published parts.

⏰ Last updated: Jun 16, 2024 ⏰

Add this story to your Library to get notified about new parts!

ရိပ်ရယ်Where stories live. Discover now