Part - 2

10 3 1
                                    

[Unicode]

အမေ ပြောသော လမ်းထိပ်က လဲကျသွားသည့် သစ်ပင်ကြီးဆိုသည်မှာ ခွန်မြတ်နော်တို့ ငယ်ငယ်ကတည်းက ရှိသော နှစ်ချို့သစ်ပင်ကြီးပင်။

ငယ်ငယ်တုန်းက ရပ်ကွက်ထဲက သူငယ်ချင်းတစ်သိုက်နှင့် တရုန်းရုန်းဆော့ခဲ့သော နေရာဆိုရင်လည်း မမှား။

အပင်ကြီးလာသလောက် အောက်က ခိုင်အောင် လုပ်ပေးထားသည့် အုတ်ခုံဝိုင်းမှာ မခံနိုင်တော့တာရော လေပြင်းဒဏ်ကြောင့်ရော လဲသွားခြင်းဖြစ်သည်။

"ကိုကြီးခွန်"

အုတ်ခုံအကျိုးအပဲ့ အကြွင်းအကျန်ကို တသသ ငေးနေစဉ် အားရဝမ်းသာ နာမည်ခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်တော့ ရပ်ကွက်ထဲက ကလေးတွေ။ သူ မြို့မှာ ကျောင်းသွားမတက်ခင်အထိ ကလေးဗိုလ်လုပ်ခဲ့ဖူးတာမို့ ထိုကလေးတွေ သူ့ကို ခင်နေတာပင်။

"ကိုကြီး ဘယ်တုန်းက ရောက်တာလဲ"

"မနေ့ကပဲ၊ ကျောင်းပိတ်လို့ ပြန်လာတာ"

"သားတို့နဲ့ ဝင်ဆော့ပါဦးလား၊ ဘောလုံးသွားကန်ကြမလို့"

ဆေးကျောင်းသားပဲ ဖြစ်နေပြီကို အရင်တုန်းကလို ခါးတောင်းကျိုက်ပြီး ကလေးဗိုလ်လုပ်လို့ ကောင်းပါဦးမလား မသိပေမယ့် ခွန်မြတ်နော် ပျင်းပျင်းရိရိရှိနေတာမို့ ဆော့ချင်စိတ်ကလည်း အလေးပိုနေသည်။

"လာပါ ကိုကြီးရာ၊ မူမနေပါနဲ့"

"ဟာ ဟေ့ ခဏလေး"

အတင်းကို လက်ဆွဲခေါ်နေသော ကလေးများကြောင့် ခွန်မြတ်နော် ကရောသောပါးဖြစ်သွားရရင်း သွားစွယ်ချွန်ချွန်လေးများ ပေါ်အောင်ပင် ပြုံးရယ်လိုက်မိပြီ။

ယနေ့ ရာသီဥတုကလည်း ထူးထူးခြားခြား ကြည်လင်နေတာပင်။

ရပ်ကွက်အစွန်က ဘောလုံးကွင်းမှာ ဆူညံနေကြသော ကလေးတစ်သိုက်ကြားထဲ ခွန်မြတ်နော် မကြီးမငယ်နှင့် ဝင်ကန်နေတာကို အသိနှင့် တန်းတိုးလျှင်တော့ မိုက်ဦးမည်။

ဗွက်!

ခွန်မြတ်နော် ကန်ကောင်းကောင်းနှင့် ကန်ချလိုက်တာ ဂိုးမဝင်ဘဲ ဘောလုံးလေးက မြက်ခင်းဘေးမှ ဗွက်အိုင်လေးထဲ နစ်ခနဲ။ အပြေးအလွှားသွားပြီး ခြေနှင့် လှမ်းခတ်လိုက်တော့ လိမ့်လာသည့် ဘောလုံးလေးမှာ ဗွက်အလူးလူး။ မထူးပါဘူးကွာဆိုပြီး ‌ဂိုးဝင်အောင် လှမ်းကန်လိုက်သည့်နောက် ဂိုးတိုင်နှင့် တိုက်မိပြီး အရှိန်ဖြင့် ပြန်ခုန်ထွက်လာသော ဘောလုံးလေးသည်...

အချစ်လှေကလေး ရွက်လွှင့်စေ || Own CreationWhere stories live. Discover now