အပိုင်း ၇

462 17 1
                                    

မောင်တို့ မနက်10ခွဲလောက်က မော်လမြိုင်ကနေ ရန်ကုန်ကို မောင်းလာခဲ့တာ ညနေ 7ခွဲလောက်မှ ရန်ကုန် Green Acres Hotel ကိုရောက်လာခဲ့ပီး ကားနောက်ဖုံးထဲမှအထုတ်အပိုးတွေချနေချိန်

'အော် ဘယ်သူများလဲလို့ ဒေါ်နွေခက်မဒီပဲ ကျွန်မကိုမှတ်မိရဲ့လား?

'အော် အင်း တို့မင်းကိုမှတ်မိပါတယ်

အမောင်အန်တီနဲ့အမျိုးသမီးတစ်ယောက်စကားပြောသံကြားလို့ လှည့်ကြည့်လိုက်တော့ အတော်လေးမှင်သက်မိသွားတာအမှန်ပင် ထိုအမျိုးသမီးမှာ မည်းနက်နက် ဆံသားအရှည် မှိုင်းညို့ညို့မြန်မာဝတ်စုံ အရောင်နဲ့သိပ်ကိုလိုက်ဖက်လွန်းလှတယ် ကိုယ်လုံးကိုယ်ပေါက် အရပ်မြင့် စသဖြင့် Modelအလား သို့သော် ထိုအမျိုးသမီးကိုတွေ့တော့ အန်တီနွေ့ မျက်နှာသိသိသာသာပျက်သွားတာကိုအမောင်တွေ့လိုက်တယ် ထိုအမျိုးသမီးနဲ့အန်တီက ဘယ်လို ပက်သက်မှုများလဲဟု‌အမောင်တွေးမိပါသည်။

'ဒါနဲ့ သူက?

'အော် သူကတို့မန်နေဂျာပါ ဇွန်ခွန်းသမောင်တဲ့ အမောင် ဒါက မှိုင်းညို့နွယ်တဲ့ သူက...

"ဘာလို့ အန်တီက အမောင့်ကို တို့ချစ်သူပါလို့ ဝန်မခံရဲရတာလဲ အန်တီပြောလိုက်တဲ့စကားကြောင့် ‌အမောင်သိသိသာသာ မျက်နှာမကောင်းတော့တာ ကိုယ်တိုင်ပင်သိသောကြောင့် ချက်ချင်းပင် ဟန်မပျက်အောင်ထိန်းလိုက်ရတယ် မဟုတ်ရင်ဘယ်ဖြစ်မလဲ အန်တီ့ကိုအမောင်ချစ်တော့ အန်တီ့စကားအတိုင်းလိုက်နာရမှာပေါ့။

'တို့က မမနွေရဲ့ မိတ်ဆွေပါ တွေ့ရတာဝမ်းသာပါတယ်

'ဟုတ်ကဲ့ ညီမက ဇွန်ခွန်းသမောင်ပါ အန်တီရဲ့...မန်နေဂျာပါ

'ဟုတ်ပါပြီ ဒါနဲ့ဘာလာလုပ်ကြတာလဲရန်ကုန်ကို

'တို့တွေ အလုပ်ကိစ္စနဲ့လာတာပါမှိုင်း ည‌မိုးချုပ်နေတော့ နီးစပ်ရာ Hotelကိုပဲလာတည်းလိုက်တာ

'အော် မမနွေက မတွေ့ရတာကြာတော့ ပိုတောင်လှလာသလိုပဲနော် ကျွန်မကိုရော အရင်အတိုင်းခံစားလို့ရသေးရဲ့လား?

'အန်တီ ကျွန်မ အရင်အခန်းသွားနှင့်ပါတော့မယ် ခွင့်ပြုပါအုန်း

" ချစ်ရပါသော နွေ "Where stories live. Discover now