2

2.4K 187 49
                                    

မနက်စောစောထသည်က အလုပ်ကိုစောစောရောက်အလုပ်ဖို့စိတ်ကူးထားလို့မဟုတ် ကိုကိုသဘောကျရန် အတွက်သာရည်စူးပြီး စောစောရောက်ဖို့ နာရီအလန်းပေးထားတာက အိမ်မှာတူတူနေတဲ့ အကိုဖြစ်သူ Yoongi အပြင် ဘေးအိမ်ကတောင် ကြားသည် ဒါပေမယ့် TaeTae တော့နိုးမလာ နားအလွန်မခံနိုင်တော့တဲ့အဆုံး အကိုဖြစ်သူကသာ အခန်းထဲဝင်လာပြီးအလန်းကိုပိတ်ကာ အိပ်ယာပေါ်မှာ ကွေးကွေးလေးအိပ်​နေတဲ့ Taehyung ရဲ့ ဖင်ကိုတချက်ဆောင့်ကန်ပြီးနိုးလိုက်တော့မှသာ မပွင့်သေးသော မျက်လုံးတွေနဲ့ ထထိုင်လာသည်

" Hyung ရာ အစောကြီးရှိသေးတာကို နိုးရက်တယ် ဒါလူအခွင့်ရေးချိုးဖောက်တာနဲ့တူတူပဲနော်  "

"ပြောလိုက်ရင် လူနဲ့မလိုက်အောင်ပြော လူကဖြင့်ချီးနံ့မစင်သေးဘူး ငါတယ်လုပ်လိုက်ရ မင်းအလုပ်မသွားဘူးလား "

"ဗျာ! အာ ရှီး!!! သေစမ်း Hyung! အလန်းက မမြည်ဘူးလား TaeTae အလန်းပေးထားတယ်လေဗျာ တကယ်ပါပဲ "

" အေး အလန်းက မင်းတယောက်ပဲကွက်မမြည်တာထင်တယ် ငါရော ဘေးအိမ်က လူတွေပါ အကုန်နိုးနေပြီ မင်းအလန်းကြောင့် "

ရေချိုးခန်းထဲ ကပြာကယာပြေးကာ မျက်နှာ သစ်ဖို့လုပ်နေတာတောင် မျက်လုံးကမပွင့်ချင်သေး.ကိုယ့်ပါးကိုယ်ပြန်ရိုက်ကာ မနည်းပွင့်အောင်လုပ်ရတယ်ရေမိုးချိုးက အိမ်ပေါ်က ပြေးဆင်းလာတဲ့ ညီကို ကြည့်ပြီး Yoongi မှာ ပေးထားတဲ့ နာမည်နဲ့ လိုက်ပါတယ်လို့ ခေါင်းညိတ်မိတယ်..

" မျောက်မှုးလဲလို့ မင်းကို နာမည်ပေးခဲ့တဲ့ Jin ကိုတောင်သတိရတယ် Kim Tae "

" အဲ့ Jin hyung ကလေ တကယ်ပဲ သူများကို​အဲ့လိုနာမည်ပေးခဲ့လို့ လူကနာမည်စီးသွားတာ သူကြတော့ရော ရယ်လိုက်ရင် မြင်းကြီးကြနေတာပဲ တဟီးဟီး နဲ့ အသံပြဲကြီးရယ်တာလေ ဟွန့် အဲ့တာကြောင့်ခုထိလူပျိုကြီးဖြစ်နေတာ "

ပထမဆုံး အလုပ်သွားရမ​ယ့်နေ တက်ကြွနေတဲ့ Kim Tae အလုပ်လုပ်ချင်လွန်းလို့တော့မဟုတ်.. မနက်စာ စားသောက်ပြီး အိမ်ထဲက ထွက်ခါနီး မှာ နက်ကတိုင်ကို သေချာပြင်စီးပေးနေတဲ့ အကိုဖြစ်သူ yoongi..

" မနေ့က အင်တာဗျူး ဘယ်လိုဖြေခဲ့လည်း "

" Hyung ကလည်း TaeTae သေချာ ဖြေခဲ့လို့ ဒီနေ့အလုပ်သွားရတာပေါ့ "

ကိုကို့ ဘေဘီထယ် (Complete) Where stories live. Discover now