Lord Of Egypt - Episode(13)

131 5 0
                                    

တံခါးဟာဖြည်းဖြည်းချင်းဖွင့်လာပြီးနောက်အာဇူးမစ်ဟာဘေးနားကခုံပေါ်မှာတင်ထားဓားနဲ့တံခါးကိုလှမ်းပစ်လိုက်သည်.

ဖာဂိုလစ်-"နောင်တော်.."

အာဇူးမစ်-"ဖာဂိုလစ်"

အယ်လ်စင်-"အိမ်ရှေ့စံ"

ဖာဂိုလစ်ရဲ့လျင်မြန်တဲ့ရှောင်တိမ်းမှုကြောင့်ဓားမြှောင်ကတံခါးကိုသာသွားစိုက်စေသည်.

အာဇူးမစ်-"ဘာတွေဖြစ်နေတာလဲ."

ဖာဂိုလစ်-"ညီတော်လည်းမသိဘူး.ညီတော်ရောက်လာတော့နန်းဆောင်ရှေ့မှာအစောင့်တွေသေနေတာကိုတွေ့ရတာပဲ.ကြည့်ရတာညီတော်လာတာကိုမြင်လိုက်လို့ထွက်ပြေးသွားပုံရတယ်."

ဆီးလ်ဂရက်-"နောင်တော်တို့ဘာဖြစ်သွားသေးလဲ.အိပ်နေရင်းတိုက်ခိုက်သံတွေကြားလိုက်ရလို့လာခဲ့တာ."

အမြွာညီနောင်နှစ်ယောက်ကလည်းအပြေးအလွှားရောက်ရှိလာကြသည်.

အာဇူးမစ်-"ဘာမှမဖြစ်ဘူး.ဒီလိုလုပ်ကြံတာဘယ်သူလဲ."

ဖာဂိုလစ်-"မိုရာတော့မဟုနိုင်လောက်ပါဘူး."

ဆီးလ်ဂရက်-"မိုရာကဘယ်သူလဲနောင်တော်!!"

အဲလ်ဂရက်-"မိုရာကဘယ်သူလဲနောင်တော်!!"

အမြွာမင်းသားနှစ်ယောက်ကတပြိုင်နက်တည်းမေးတော့ဖာဂိုလစ်တွေဝေနေသည်.အာဇူးမစ်နဲ့အယ်လ်စင်လည်းသိချင်နေကြတာကြောင့်သူထုတ်ပြောရတော့မည်ဖြစ်သည်.

ဖာဂိုလစ်-"မိုရာဆိုတာဖယ်ရာ့ရဲ့အမြွာမောင်လေး."

ဆီးလ်ဂရက်-"ဘယ်လို!!..အမြွာမောင်လေး!!"

အဲလ်ဂရက်-"ဘယ်လို!!..အမြွာမောင်လေး!!"

အယ်လ်စင်-"ဗျာ!!!"

ဖာဂိုလစ်ရဲ့အဖြေကြောင့်အကုန်လုံးအံ့အားသင့်သွားကြသည်.အာဇူးမစ်ကတော့အနည်းငယ်သာအံ့အားသင့်ပြီးခပ်တည်တည်သာနေမြဲနေသည်.

အဲလ်ဂရက်-"မိန်းကလေးဖယ်ရာမှာအမြွာမောင်လေးရှိတယ်ဟုလား..."

ဖာဂိုလစ်-"ဟုတယ်..ငါလည်းလွန်ခဲ့တဲ့၅လလောက်ကမှသိခဲ့ရတာ.သူနဲ့တစ်ခါပဲဆုံဖူးတယ်..ညနေကလည်းသူ့ကိုအမှတ်မထင်နန်းတွင်းထဲမှာပြန်တွေ့လိုက်ရလို့သူ့နောက်လိုက်နေတာ.ဒါပေမယ့်သူ့ကိုမတွေ့ရတော့ပဲဒီနန်းဆောင်ရှေ့ကိုရောက်လာခဲ့မိတာပဲ."

"Lord Of Egypt"(အီဂျစ်ပြည်ရဲ့အရှင်သခင်) Season 1 CompleteWhere stories live. Discover now