Lord Of Egypt - Episode(14)

132 6 0
                                    

ဖာဂိုလစ်-"မိုရာ"

မိုရာ-"အရှ့င်သားဒီကိုဘာလာလုပ်တာလဲ....ဒီလိုနိမ့်ကျတဲ့နေရာကိုအရှင့်သားလာဖို့မသင့်တော်ပါဘူး."

ဖာဂိုလစ်-"အရှင်မင်းကြီးကိုယ်စားတောင်းပန်ပါတယ်....သူကအရမ်းစိတ်ဆတ်တတ်လို့ပါ."

မိုရာ-"မိုရာပြောပြီးသားပဲ....မိုရာဒီအပြစ်ဒဏ်ကိုကျေကျေနပ်နပ်ခံယူလိုက်တယ်ဆိုတာ....အရှင်မင်းကြီးမှာအပြစ်မရှိဘူး."

မိုရာကအချုပ်ခန်းထဲကနေဖာဂိုလစ်ကိုမကြည့်ပဲကျောပေးထားသည်...ကျောပြင်ကိုငေးနေသူဖာဂိုလစ်အဖို့ခံစားချက်ပေါင်းစုံရောပြွမ်းကာရင်ထဲမှာဝမ်းနည်းလို့နေသည်.

ဖာဂိုလစ်-"မိုရာ....မင်းဘာတွေကြံစည်နေတာလဲ."

မိုရာ-"မိုရာဘာကိုကြံစည်ရမှာလဲ."

ဖာဂိုလစ်-"မိုရာပြောတဲ့အကြောင်းအရာတွေကလုံးဝမခိုင်လုံဘူး...စာအုပ်ကိုတန်ဖိုးမရှိနိုင်မှန်းသိလျက်နဲ့ယူတယ်.ပြီးတော့ပြန်လာပေးတယ်...မင်းအခြားလူတွေကိုအယုံသွင်းလို့ရပေမယ့်ကိုယ့်ကိုတော့ယုံခိုင်းလို့မရဘူး.ဒါကထင်သလောက်မရိုးရှင်းဘူးမဟုလားမိုရာ."

မိုရာ-"မိုရာပြောပြီးပြီပဲ.အာ့စာအုပ်ကတန်ဖိုးကြီးတယ်ထင်လို့မိုရာယူမိတယ်...ဒါပေမယ့်တန်ဖိုးမရှိမှန်းသိတော့ပြန်လာပေးတယ်."

ဖာဂိုလစ်-"ကိုယ်လုံးဝမယုံနိုင်ဘူးမိုရာ....မင်းကိုယ့်ကိုအမှန်တိုင်းပြောပြစမ်းပါ...ကိုယ်ဘယ်သူ့ကိုမှပြန်မပြောပဲလျှို့ဝှက်ထားပေးမယ်.မင်းကိုယ့်ကိုတော့အမှန်တိုင်းပြောပြပေးပါနော်."

မိုရာဘာမှပြန်မပြောပဲတိတ်ဆိတ်နေခဲ့သည်...အကြောင်းထူးလာမလားဆက်စောင့်ကြည့်ပေမယ့်ထူးခြားမလာခဲ့တော့သက်ပြင်းသာချမိတော့သည်.

ဖာဂိုလစ်-"မင်းနဲ့ဖယ်ရာနဲ့ဘာလို့အတူမနေခဲ့ကြတာလဲ...ဖယ်ရာအသက်ရှင်နေကတည်းကမင်းရှိနေခဲ့မှန်းတောင်ကိုယ်မသိခဲ့ရဘူး."

မိုရာ-"အလုပ်သွားလုပ်တာ."

ဖာဂိုလစ်-"ဘယ်ကိုလဲ."

မိုရာ-"မပြောပြနိုင်ဘူး...မိသားစုဆိုလို့မိုရာနဲ့မမပဲကျန်ခဲ့တယ်...အဖေနဲ့အဖေကလည်းမရှိကြတော့ဘူး.ဘဝကဘယ်လောက်အထိဆိုးရွားခဲ့လဲဆိုရင်လမ်းဘေးမှာလူတကာကိုလိုက်တောင်းခဲ့ရတဲ့အထိပဲ...အာ့အချိန်မှာမမကသူဝါသနာပါတဲ့အရာကိုတွေ့ခဲ့တယ်.နေရာအနှံ့မှာလိုက်ကပြဖျော်ဖြေတယ်.မမကအရမ်းလည်းလှပြီးကတာလည်းတော်တော့တဖြည်းဖြည်းနဲ့နာမည်ရလာတယ်...ဒါပေမယ့်အကကလို့ရလာတဲ့ပိုက်ဆံနဲ့တင်မိုရာတို့မလုံလောက်ခဲ့ဘူး...အာ့ကြောင့်မိုရာအီဂျစ်ကနေထွက်သွားပြီးအလုပ်လုပ်ခဲ့တယ်.ပြန်လာတော့မမက....မမက..."

"Lord Of Egypt"(အီဂျစ်ပြည်ရဲ့အရှင်သခင်) Season 1 CompleteWhere stories live. Discover now