Exart 1(ရှင်းလင်းခြင်း)Uni

661 12 0
                                    


    ဒါလေးကတော့exartလဲဟုတ်တယ် ဇာတ်ကြောင်းရှင်းလင်းခြင်းဆိုလဲဟုတ်ပါတယ်

အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ ၀မ်ရိပေါ်နဲ့ရှောင်ကျန့်အကြောင်းကိုတော့ သိပ်ပြီးပြောပြစရာမလိုလောက်ဘူးထင်ပါတယ်အဲ့ဒါကြောင့် နောက်ထပ်2တွဲရဲ့semeနှစ်ယောက်အကြောင်းကို ပြောပြပါရစေ။

   ဗီလိန်‌ဇာတ်ကောင်ကိုပေါ့နော် အစပိုင်းစဉ်းစားတုန်းက ထည့်မယ်လို့ မတွေးထားဘူး
ဘာလို့ဆို သာသာအစပိုင်းတွေးထားတဲ့ ဇာတ်ကြောင်းက ရိုးရိုးရှင်းရှင်းလေးပါဘဲ။ရှောင်ကျန့်ရဲ့ ကြူပုံကြူနည်းအဖြာဖြာနဲ့ ၀မ်ရိပေါ်က မသိကျိုးနွံ့ပြုကျင့် နည်းတွေ‌အကြောင်း ရေးသားပြီး ပေါ့ပေါ့ပါးပါးလေးတွေးထားခဲ့တာပေါ့နော်။
  
      အပိုင်း 7ပိုင်းထိလည်းရေးပြီးသွားရော အတွေးက၀င်လာတာ အရမ်းရိုးနေရင်လည်းမကောင်းဘူးဆိုပြီးတော့။အဲ့ဒါနဲ့ ရှောင်ကျန့်ရဲ့ ကိုယ်ရံတော် ပိုင်ယွဲ့ကို ကောင်လေးတစ်ယောက်နဲ့တွဲပေးဖို့ ဆုံးဖြတ်လိုက်တယ်။
   
  မို့ရီရှူးဇာတ်ကောင်ကကြ တော့ပိုင်ယွဲ့ကို အရူးအမူးဖြစ်နေသူတစ်ဦးပေါ့။ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ်နေတတ်သူတစ်ဦး။နောက်ပြီး အရယ်အပြုံးက အရမ်းချိုနေတတ်တာက ပိုင်ယွဲ့နဲ့ရှောင်ကျန့်ရှေ့တင်။သူတို့နှစ်ယောက်ရဲ့ မမြင်ကွယ်ရာမှာ မို့ရီရှူးဘယ်လောက်ထိ စိုးသွမ်းကြောင်းကို ‌ပိုင်ယွဲ့ကို မို့ရီရှူးစီပို့တော့ အစေခံတွေကနေ သိနိုင်ပါတယ်။အဲ့ဒါကိုတော့ သာသာက တမင်သက်သက် မထည့်ထားတာပါ။မို့ရီရှူး ငယ်ငယ်ကတဲ့က အဖေနဲ့အမေဆုံးပါးသွားပါတယ်။တစ်ယောက်ထဲ ရပ်တည်နေရပြီး အသက်7နှစ်ထဲနဲ့ အိမ်တော်တစ်ခုလုံးရဲ့တာ၀န်တစ်ခုလုံးက မို့ရီရှူးစီပုံကျလာခဲ့ပါတယ်။ တဆတ်ထဲမှာလည်း လုပ်ကြံသူတွေရဲ့ လိုက်လံသတ်ဖြတ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။အဲ့ဒါနဲ့ မထင်မရှားတစ်ယောက်ထဲ ပုန်းလျှိုကွယ်လျှိုလုပ်ကာ နေထိုင်‌ရင်းနဲ့ စိတ်ဓာတ်က ဟိုးအဆုံးထိကို ကျဆင်းသွားခဲ့ပါတယ်။မို့ရီရှူး သေမယ်လို့ ကိုယ့်ကို ကိုယ်ဆုံးဖြတ်လိုက်တဲ့ တနေ့မှာ ပိုင်ယွဲ့နဲ့တွေ့ပြီး ရှင်သန်ဖို့ ခွန်အားတွေ ရှိလာခဲ့တယ်။ အဲ့လိုနဲ့
တစ်ယောက်ထဲ လုပ်ကြံသူတွေကို ရင်ဆိုင်ရင်း ရှောင်ကျန့်နဲ့ ခင်မင်ရင်းနှီးလာခဲ့ပါတယ်။ပိုင်ယွဲ့ကိုတော့ ရှောင်ကျန့်စီမှာတွေ့ရတော့ မို့ရီရှုး ကြိတ်ပြုံးမိတယ်။ မို့ရီရှူးက ပိုင်ယွဲ့ကို တွေ့တဲ့နေ့ကစပြီး ရှောင်ကျန့်အိမ်တော်နဲ့ သူ့အိမ်တော်ကို မြေအောက် လှိုင်ဂူဖောက်ပြီး ပိုင်ယွဲ့ရဲ့ အိပ်ဆောင်နဲ့ ဆတ်ထားတာကိုတော့ ပိုင်ယွဲ့အခုထိ မသိလောက်သေးပါဘူး။

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now