🧷 ✧ ˚.ᵎᵎᵎ🎀

1.4K 172 7
                                    


ဂျောင်ဝန်းဓာတ်လှေကားပွင့်ပွင့်ချင်းပင် အခန်း‌ရှိသို့  ကော်ရစ်တာတစ်လျှောက် ပြေးလာခဲ့သည်။

လူခေါ်ဘဲလ်ကိုတီး၍ တံခါးကိုသုံးလေးချက်လောက်ဆင့်ခေါက်လိုက်သေးသော်လည်း တုံ့ပြန်မှုမရှိသဖြင့် ဂျောင်ဝန်းဆံပင်တွေပင်ထောင်လာသလိုခံစားလိုက်ရသည်။

"ဆောလ်နူး...ကင်မ်ဆောလ်နူး"

ပါးစပ်မှလည်း နာမည်ကိုအော်ခေါ်၍ တံခါး ကိုလက်ဆစ်တွေနာလာသည်အထိဆက်တိုက်ခေါက်နေသော်လည်း အတွင်းထဲမှမည်သည့်လှုပ်ရှားမှုမျိုးကိုမှမကြားရ။

"အား ရှီးဘားး"

အတန်ကြာသည်အထိ တစ်ယောက်တည်းအခန်းပြင်ကလျှောက်လမ်းမှာ ဆောက်တည်ရာမရဖြစ်နေပြီးမှ အခန်း password ရိုက်ထည့်၍ဖွင့်လို့ရကြောင်းသတိရသွားသည်မို့ ကိုယ်ကိုယ့်ကိုယ်ဆဲရေးလိုက်မိသည်။

အလျင်အမြန်ရိုက်ထည့်၍ တံခါးဖွင့်ကာအခန်းထဲဝင်လိုက်သောအခါ ခါတိုင်းလိုအေးစိမ့်နေပြန်တဲ့အခန်း။

ဂျောင်ဝန်းအခန်းထဲမှာ‌ရောအိမ်ထဲတဝိုက်လှည့်ပတ်ကြည့်သော်လည်းမတွေ့...ကင်မ်ဆောလ်နူးကိုလုံးဝမတွေ့...။

"တောက်ခ်"

တဟုန်ထိုးတိုးတတ်လာသည့်ဒေါသအရှိန်နှင့်အတူ တောက်ခ်ခေါက်သံပြင်းပြင်းက အခန်းထဲပျံ့နှံ့သွားသည်။

ဖုန်းဆက်ရန် ဖုန်းကိုထုတ်လိုက်ပြီး မီးဖိုခန်းထဲမှပြန်ထွက်အလာတွင်မှ ဧည့်ခန်းကြမ်းပြင်ပေါ်တွင်လှဲလျက်ရှိနေသော ကင်မ်ဆောလ်နူးကိုတွေ့လိုက်ရ၍ ဂျောင်ဝန်းလက်ထဲမှဖုန်းသည် ကြမ်းပြင်ပေါ်သို့လွတ်ကျသွားသည်။

ဂျောင်ဝန်းခြေလှမ်းတွေကိုမြန်လိုက်ရင်း ထိုခန္ဓာကိုယ်လေးတည်ရှိနေရာသို့ အမြန်ပြေးလာခဲ့သည်။ကြမ်းပြင်ပေါ်တွက်လှဲလျောင်းလျက်ရှိနေသော ဆောလ်နူးသည် ဂျောင်ဝန်းအိမ်ကထွက်သွားတုန်းကနေရာတွင်ပဲ အဲ့ဒီပုံအတိုင်းရှိနေသည်။

ကလေး...ကလေးငါ့ရဲ့ကလေး...

ဦးနှောက်ဆီသို့ဆောင့်တတ်လာသည့် အသိပေးချက်တစ်ခုနှင့်အတူ ဂျောင်ဝန်း၏ဆောလ်နူးခန္ဓာကိုယ်ကိုထိကိုင်တော့မည့် လက်များကတုန်ရီလာသည်။

The Hidden Blessing/YANGSUN/Where stories live. Discover now