အပိုင်း { ၁၇ } ( UNICODE )

347 8 0
                                    

{ လက်ရှိ ပစ္စုပ္ပန် }

"ကိုကို ..ကိုကို ..ကျွန်တော် တောင်းပန်ပါတယ် ..ကိုကို .."

"နိုင်း ..နိုင်း ..ထဦး။"

လှုပ်နှိုးခံလိုက်ရသဖြင့် အသိစိတ် ပြန်ကပ်ကာ ရုတ်ချည်း အိပ်‌နေရာမှ ထထိုင်လိုက်မိသည်။ တာဝေးပြေးပွဲတစ်ခုထဲ ဝင်ရောက် ယှဥ်ပြိုင်ထားရသည့် လူတစ်ယောက်ပမာ မောဟိုက်နေသည့် နွယ်နိုင်းသည် ဘေးဘီကို တစ်ချက် ဝေ့ဝဲကြည့်လိုက်မိပြီးမှ သူ အိပ်မက်မက်နေမှန်း သဘောပေါက်လိုက်သည်။

"အဆင်ပြေရဲ့လား နိုင်း။ အိပ်မက်ဆိုး မက်နေတာလား။"

စိုးရိမ်တကြီး မေးနေသည့် ဝဏ္ဏကို ခေတ္တမျှ အကြောင်းမဲ့ ငေးကြည့်နေမိသေးသည်မို့ ဝဏ္ဏက လက်မောင်းနှစ်ဖက်ကို အသာ လှုပ်ကိုင်ကာ -

"‌ဒေါင်းလေး အဆင်ပြေရဲ့လားလို့ ငါ‌မေးနေတယ်လေ။ ငိုထားတာလည်း မျက်ရည်တွေ ရွှဲနေတာပဲကွာ။"

မျက်ရည်တွေ ရွှဲနေတယ်တဲ့။ နွယ်နိုင်း ငိုနေမိတာလား။ ကိုကို့ကို အိပ်မက်မက်ရုံဖြင့် မျက်ရည်ဖြိုင်ဖြိုင် ကျနေမိသည်လား။ မျက်ရည်သုတ်ပေးနေသည့် ဝဏ္ဏ၏ လက်များမှ ပြန်ရုန်းထွက်ကာ အပူရည်များကို ကိုယ့်ဘာသာ ခပ်ကြမ်းကြမ်း ဖိသုတ်လိုက်မိသည်။ ဘာလို့ ငိုနေတာလဲ။ အဖြစ်အပျက်တွေက ပြီးဆုံးခဲ့တာ ၂ နှစ်တောင် ပြည့်တော့မည်ကို ဘာလို့များ မျက်ရည်က ကျလာရတာလဲ။

"ကျွန်တော် ဘာမှ မဖြစ်ပါဘူး ကိုဝဏ္ဏ။ ကိုဝဏ္ဏ ကျွန်တော့်ကြောင့် နိုးသွားတာလား။"

"မဟုတ်ပါဘူး။ ငါ နိုးနေတာ နည်းနည်းကြာပြီ"

"ဟုတ်ကဲ့။ ဒါဆို ကျွန်တော် ရေသွားချိုးလိုက်ဦးမယ်။"

ရေလဲပုဆိုးကို ယူပြီး ရေချိုးကန်ရှိရာသို့သာ ဦးတည်လာလိုက်သည်။ ရေချိုးလိုက်မှ ဖြစ်မည်။ မနက်စောစော အုတ်ကန်ထဲက ရေက အေးနေပေမဲ့ လန်းသွားအောင် ခေါင်းကစပြီး ရေလောင်းချလိုက်သည်။ အတိတ်ထဲ ထပ်တိုးမဝင်မိအောင် ကြိုးစားရမည်။ ခဲယဥ်းပေမဲ့ ၊ ၁ နှစ်ကျော်ကာလအတွင်း ကြိမ်ဖန်မနည်း ကြိုးစားသော်လည်း မအောင်မြင်ပေမဲ့ ပစ္စုပ္ပန်မှာသာ ရှင်သန်နိုင်ဖို့ သူ ပိုပြီး အားထုတ်ရမည်။

ကြယ်ကြွေကောင်းကင် { Complete }Where stories live. Discover now