ပြတင်းပေါက်ခန်းစီးလိုက်ကာစ ကြားလေးထဲမှထိုးဖောက်ဝင်ရောက်လာသော နေရောင်ခြည်နွေးနွေးလေးမှာ ကလေးငယ်၏မျက်နှာနုနုလေးပေါ်သို့ ကျရောက်လျှက်ရှိသည်။ယူဂျင်း အိပ်ယာပေါ်မှလွန့်လူး၍နိုးထမည်ကြံနေတုန်း ခန္ဓာကိုယ်မှလှုပ်မရဖြစ်နေလေသည်။"ငြိမ်ငြိမ်နေလေ ကိုယ်အိပ်မရတော့ဘူး"
"..."
"နေရောင်စူးနေတာပဲ ဒီဘက်လာ"ဟုဆိုကာ ယူဂျင်းခန္ဓာကိုယ်လေးအား ဘယ်ဘက်မှညာဘက်သို့ ရွှေ့ပစ်လိုက်ပုံများ ခေါင်းအုံးသာသာ
"အင့် .. ရပါတယ် ဟို ယူဂျင်းထတော့မလို့"
"စောပါသေးတယ် ဘာလို့ထမှာလဲ"
"ဟုတ် ဟုတ် ဟိုလေ..."
"မွ ပြောစရာရှိတာပြောလေ ကလေးရဲ့"
ကိုကိုကယူဂျင်းရဲ့နှုတ်ခမ်းလေးသို့တစ်ချက်နမ်းလာခဲ့သည်။လက်တွေကလည်း ခါးလေးကိုဖက်ထားသေးတာ
"ဒီနှစ်ကျောင်း ..ကျောင်းပြန်တက်ချင်လို့"
"ကိုယ်စိတ်မတိုချင်ဘူးယူဂျင်း ကျန်တာအကုန်ပြောဖြည့်စည်းပေးမယ် အဲ့ကျောင်းတက်ဖို့ကိစ္စဆို အစဖော်မလာနဲ့ "
"ယူဂျင်းတက်လို့မရတဲ့အကြောင်းပြချက်ပေးလေ ကိုကို "
"ကျစ်* လျှာမရှည်နဲ့ မင်းအတွက်ပြောနေတာ ကျောင်းမတက်ရလို့ ဘာမှမဖြစ်ဘူး!"
ဟုဆိုကာ ကိုကိုသည် ယူဂျင်းအား ခါးမှကိုင်တာ ကုတင်၏ တဖက်ကို ရွှေ့ပစ်သည်။
ဒီကလေးကိုဘယ်လိုပြောရပါ့မလဲ သူ့အတွက်စိတ်ပူနေမှန်းမသိ ကိုယ်ပြောရင်ကိုယ်ကဘဲ မကောင်းတဲ့အကောင်ကြီးဖြစ်အုံးမယ် ခက်ပါတယ်။
"အဟင့် ကိုကို ယူဂျင်း တက်ချင်တယ်ကိုကိုရယ်နော် နော်လို့"
"ဒီမှာ ကျောင်းမတက်ရလို့ ပိုက်ဆံမရှာနိုင်လည်း ငါမင်းကိုရှာကျွေးနိုင်တယ် ငါ့မှာရှိတဲ့စည်းစိမ်ေတွက မင်း ဆယ်သက် စားမကုန်ဘူး နားလည်လား"
"ယူဂျင်းပြောချင်တာ အဲ့လို မဟုတ်.."
"တော်သင့်ပြီ ဟန်ယူဂျင်း ငါစိတ်ပျက်အောင် မလုပ်ပါနဲ့"

YOU ARE READING
So Nervous (Gyujin)
Romance"ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ ချစ်ကြည့်ဖို့မကြိုးစားပါနဲ့ ဘာလုပ်မိမလဲ အာမမခံဘူး" "ကိုကိုသိပ်စိတ်ပျက်စရာကောင်းတဲ့သူပဲ"