[၂၆၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။

1.8K 379 11
                                    

Arc(11)ရှစ်တိကနဂါးတစ်ကောင်ပဲ(၁၅)။

မိစ္ဆာနှိမ်နင်းရေးညီလာခံကမပြီးသေးသောကြောင့် ယန်းချီစစ်ကလင်ခုံးလုကိုထိုက်ရွှမ်းဂိုဏ်းဆီပြန်မ​ခေါ်သွားဘဲ ဂိုဏ်းအနီးကမြို့တော်မှာသူဝယ်ထားသည့်အိမ်ကိုခေါ်သွားလိုက်သည်။

အိမ်တော်မှာမြို့တော်၏အပေါများဆုံးဧရီယာမှာတည်ရှိပြီး ပတ်ဝန်းကျင်မှာတိတ်ဆိတ်အေးချမ်းနေအောင်ခြံဝန်းထဲမှာအရံအတားတစ်ခုတည်ထားသဖြင့် ကျင့်ကြံသူများရှာရခက်သွားစေသည်။

ဒါကယန်းချီစစ်ပုံမှန်နေသည့်နေရာဖြစ်ပြီးသူတစ်ယောက်တည်းသိသည်။

လင်ခုံးလုကိုအိမ်တော်ထဲပွေ့သယ်သွားပြီးနောက် သူ၏ပုံမှန်အနားယူခန်းထဲမှာတစ်ဖက်လူကိုထားကာအမွှေးနံ့သာထွန်းပေးလိုက်သည်။

ဒီအချိန်မှာပတ်ဝန်းကျင်တွင်သူနှင့်လင်ခုံးလုမှတစ်ပါးအခြားသူမရှိ။ သူနောက်ဆုံးမှာစိတ်ငြိမ်သွားကာတစ်ဖက်လူမျက်နှာကိုအသာထိကြည့်မိသည်။

လတ်စသတ်တော့ဖီးနစ်လေးအသွင်ပြောင်းလာပြီးနောက်မှာဒီလိုဖြစ်လာတာကိုး။ တကယ်....အရမ်းလှတယ်။

တစ်ဖက်လူအရွယ်ရောက်အတောင်ကျွတ်နေတုန်းကအမွှေးတောင်များမှာသူမြင်ဖူးသမျှထဲမှာအလှပဆုံးနှင့်အခမ်းနားအကြီးကျယ်ဆုံးဖြစ်မှန်းသူမှတ်မိသည်။ ထိုအချိန်ကကျွန်းပေါ်ကငှက်များမှာမနာလိုဖြစ်ကာလေးစားအားကျနေခဲ့ကြသည်။

ဖီးနစ်​လေးဟာလည်းသူ့ရှေ့မှာအမျိုးမျိုးကြွားဝါပြကာသူ့ကိုအနက်ရောင်အကြေးခွံများသာရှိသည့်အတွက်လှောင်ပြောင်ဟားတိုက်နေခဲ့သည်။ ဒါပေမဲ့သူဖီးနစ်ကျွန်းကထွက်လာတော့တစ်ဖက်လူကသူ့ကိုအလှဆုံးအမြီးအမွှေးတောင်တစ်ခုပေးလာခဲ့သည်။

အဲ့တုန်းကချီလင်လည်းလက်ဆောင်ပေးလာခဲ့ပေမဲ့...ကျွတ်၊ ငါမေ့သွားတာကြာပြီ၊ အဲ့ကောင်ကအခုဆိုငပေါဖြစ်နေပြီ။

ဒီအချိန်မှာယန်းချီစစ်ဖီးနစ်ကျွန်းပေါ်အချိန်တစ်ခုချင်းစီတိုင်းကိုပြန်တွေးကြည့်မိသည်။ သူနှင့်ဖီးနစ်​လေးနှစ်ယောက်သာထင်ရှားနေပြီး ချီလင်နှင့်အခြားသူများအကုန်လုံးကတော့မှုန်ဝါးလို့နေသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now