Episode-1

653 79 9
                                    


Unicode

ရာစုနှစ်တစ်ခု ကမ္ဘာပေါ်တွင် ကျွန်းတစ်ကျွန်းသာရှိသတဲ့
ထိုကျွန်း အမည်နာမက မိတ္ထဝမ်သီ ဖြစ်သည်

မိတ္ထဝမ်သီကျွန်း ပေါ်၌ နဂါး ( ရေနေမျိုးနွယ်စု) မြေခွေး ( ကုန်းနေမျိုးနွယ်စု) နှင့် သိမ်းငှက် ( လေနေမျိုးနွယ်စု) ဟူ၍ မျိုးနွယ်စု၃ စုရှိသည်

မျိုးနွယ်စု၃စုမှာ ဘိုးဘွားဘီဘင်ဆင်းသက်လာသော ရည်မှန်းချက်တစ်ခုရှိသည် အဲ့တာက မျိုးနွယ်စုများမိမိတို့မျိုးနွယ်လက်အောက်ကျရောက်ပြီး မိတ္ထဝမ်သီကျွန်းကိုအုပ်စိုးရန်ပင်ဖြစ်သည်

ဤရည်မှန်းချက်ကိုအကောင်ထည်ဖော်ရန် စစ်မက်ရန်ပွဲအကြိမ်ကြိမ်ဖြစ်ပွါးသော်ညား မည်သည့်မျိုးနွယ်ကမှအောင်နိုင်ခြင်းမရှိချေ

ထိုလူမမွေးဖွားခင်ချိန်ထိပေါ့.....

><><><><
နဂါးတိုင်းပြည် ရေနေမျိုးနွယ်စုများ အတွက်ယနေ့ဟာ အလွန်ပင်ကျက်သရေမင်္ဂလာရှိသောနေပင်
အကြောင်းကား နဂါးမိဖုရား ပဠိသနွေတည်သောကြောင့်ဖြစ်သည်
အခြားသောမျိုးနွယ်စုများတွင်အမွေဆက်ခံမည့် သားတော်သမီးတော်များရှိကြသော်လည်း
ရေနေမျိုးနွယ်၏ နဂါးအရှင်မမှာ ကလေးမရနိုင်ပေ ထို့ကြောင့် နဂါးအရှင်မှာ မိဖုရားတော်များထပ်ယူသော်ငြား မည်သည့်မိဖုရားကမှကလေးမရခြေ

ဤအကြောင်းကား နဂါးအရှင်သာမက ပြည်သူပြည်သားများပါ ဝမ်းနည်းရသည် ဆက်ခံသူမရှိပါက မျိုးနွယ်ပျက်စီးမည်ဖြစ်တာမို့ စိုးရိမ်စိတ်ဝင်လာကြ၏

ယနေ့တွင် ထိုစိတ်များကင်းစင်ရမည်ဖြစ်သည်

တော်ဝင်သမားတော်က အရှင်မဝမ်းတွင် မျိုးနွယ်၏ ပထမဆုံးဆက်ခံသူလွယ်ထားရပြီဟု ပြောကြားချိန် မျိုးနွယ်စုတစ်စုလုံး ဆိုင်းဆင့်ဗုံဆင့် လမ်းထွက်ကာ ကခုန်ပျော်မြူးနေကြ၏

ဆက်ခံသူလေး မမွေးမှီအရှင်မထူးဆန်းသောအိပ်မက် မြင်မက်သည်

A Heart of the DRAGON Where stories live. Discover now