အပိုင်း (၁)

12.1K 115 5
                                    

ရန်ကုန်ဘူတာကြီးသို့ရထားဆိုက်သည်နှင့် ရထားပေါ်မှလူတွေကရေလျှံကျလာသကဲ့သို့တဝေါဝေါထွက်ကျလာတယ်။ ခဏလေးအတွင်းမှာပဲထိုလူအုပ်ကြီးထဲကလူတွေဟာမတူညီတဲ့အရပ်မျက်နှာဆီသို့ဆက်လက်ထွက်ခွါသွားကြတော့ ခုနကမြင်ခဲ့ရတဲ့လူအုပ်ကြီးဟာမျက်စိတမှိတ်မှာပင်ပျောက်ကွယ်သွားတော့တယ်။

အသားညိုညို၊ အရပ်ငါးပေရှစ်လောက်ရှိတဲ့ခန္ဓာထောင်ထောင်မောင်းမောင်းနဲ့လူတယောက်ဟာပုဆိုးခပ်နွမ်းနွမ်းလေးကိုဒူးလယ်လောက်ထိတင်းကြပ်စွာဝတ်ထားပြီး လှပတဲ့ရန်ကုန်ဘူတာကြီးကိုနေရာမှမခွါဘဲလှည့်ပတ်ကြည့်ရှုလိူက်တယ်။ လက်ထဲကအထုတ်ကိုတင်းကြပ်စွာဆုပ်ကိုင်ကာဘေးဘီဝဲယာကိုမရဲတရဲအကဲခတ်လိုက်တယ်။ တခါမှမမြင်ဖူးသောမျက်နှာစိမ်းတွေကြောင့်ထိုသူရဲ့မျက်နှာမှာခိုးကိုးရာမဲ့သောခံစားမှုတွေကတဟုန်ထိုးပြေးတက်လာခဲ့တယ်။ 'အောင်မင်း..ဟေ့ကောင်' မိမိနာမည်ကိုကြားလိုက်ရသဖြင့်ခုနကညှိုးနွမ်းနေသောမျက်နှာမှာမျှော်လင့်ချက်တွေကအစားထိုးဝင်ရောက်လာပြီးအသံလာရာဘက်ကိုမျက်နှာမူလိုက်တယ်။ 'ဦးကြီးစိန်...' ထိုသူပါးစပ်မှာနာမည်တခုကိုရွတ်လိုက်ပြီးလူကြီးတယောက်ဆီသို့မပြေးရုံတမယ်ခပ်သွက်သွက်လေးလျှောက်သွားတယ်။

'ဟာ..တော်ပါသေးရဲ့...ငါကတော်တော်ရှာရမယ်ထင်နေတာ' 'အင်း...ကျတော်လည်းဘယ်နားသွားရမယ်မှန်းမသိလို့ရထားပေါ်ကဆင်းပြီးကတည်းကဒီနားမှာပဲရပ်နေခဲ့တာ' 'အေး..ရွာကဆရာတော်နေကောင်းတယ်မလား' 'ဟုတ်..ကောင်းတယ်..ဦးကြီးစိန်...' 'အေး...လာသွားကြမယ်..မင်းအလုပ်လုပ်ရမယ့်နေရာကိုလိုက်ပို့ပေးမယ်'

ရန်ကုန်ဘူတာကြီးမှထွက်လာပြီး ဆူးလေဘက်ကိုထွက်လာခဲ့ကြတယ်။ ရန်ကုန်ဆိုတာကိုရုပ်ရှင်တွေထဲမှာသာမြင်ဖူးသော အောင်မင်းတယောက်အသက်နှစ်ဆယ့်ငါးကျော်သုံးဆယ်ပြည့်ခါနီးမှအရှင်လတ်လတ်ကြီးခြေချခွင့်ရခဲ့တယ်။ အောင်မင်းကရေမရောတဲ့အညာသားစစ်စစ်။ မွေးကတည်းကဆင်းရဲတဲ့အတွက်ရွာကလွှဲပြီးဘယ်မှမရောက်ဖူးချေ။ လယ်ပိုင်ယာပိုင်လည်းမရှိတဲ့အတွက်သူများလယ်တွေမှာအငှါးလုပ်ရင်းဘဝရပ်တည်ရတယ်။ အမေကအောင်မင်းငယ်ငယ်လေးကတည်းကဆုံးသွားတော့ အဖေကပဲသူ့ကိုအရွယ်ရောက်သည်အထိကျွေးမွေးခဲ့တယ်။ အဖေကအရက်သမားဖြစ်သလို အလောင်းကစားလည်းဝါသာနာထုံတယ်။ ရှာလို့ရတဲ့ငွေဟာထိုကိစ္စတွေမှာသာကုန်တတ်တယ်။ အသက်၂၅လောက်မှာအဖေကအရက်ကြောင့်ပဲအသက်ဆုံးရှုံးသွားရတယ်။ နေအိမ်ကလည်းအဖေရဲ့လောင်းကစားအကြွေးတွေကြောင့်အသိမ်းခံလိုက်ရတော့ အောင်မင်းမှာရွာဦးကျောင်းမှာပဲခိုကပ်နေခဲ့ရတယ်။ ပြီးခဲ့တဲ့နှစ်ကရန်ကုန်မှာအလုပ်လုပ်တဲ့ဦးကြီးစိန်ကရွာကိုရောက်တော့ အောင်မင်းအကြောင်းကိုကြားပြီးသနားကာမြို့ပေါ်အလုပ်ရှာပေးမယ်ဟုပြောထားသဖြင့်ခုလိုရန်ကုန်မြို့တော်ကြီးကိုရောက်ရှိလာခဲ့ခြင်းဖြစ်တယ်။

အလုပ်သမားတန်းလျားကအောင်မင်းWhere stories live. Discover now