Lord Of Egypt - Episode(21)

106 6 0
                                    

In Egypt

မိုရာ-"ဝါး....လှလိုက်တာ.."

ပန်းနုရောင်ချယ်ရီအဖူးအပွင့်တွေဝေဆာနေတဲ့ချယ်ရီပင်ကြီးကိုကြည့်ပြီးမိုရာသိပ်သဘောကျနေသည်.ဖာဂိုလစ်ကလည်းဘေးကနေမိုရာ့ရဲ့ပြုံးရွှင်ဝင်းပနေတဲ့မျက်နှာလေးကိုကြည့်ပြီးသဘောကျနေသည်.

ဖာဂိုလစ်-"သိပ်လှတယ်မလားမိုရာ."

မိုရာ-"သိပ်လှတာပေါ့...မမမပြောနဲ့မိုရာတောင်ဒီပန်းတွေကိုသိပ်သဘောကျမိသွားပြီ."

ဖာဂိုလစ်-"ပန်ကြည့်ချင်လားမိုရာ.ကိုယ်ခူးပေးမယ်လေ."

မိုရာ-"ရပါတယ်...မိုရာ့အတွက်နဲ့အလုပ်ရူပ်မခံပါနဲ့."

ဖာဂိုလစ်-"မိုရာ့အတွက်ဆိုမရူပ်ပါဘူး."

မိုရာ-"ရပါတယ်.မိုရာ့ဘာသာလက်လှမ်းမှီတဲ့နေရာကနေပဲခူးလိုက်မယ်."

မိုရာကသူ့အရပ်နဲ့မှီနိုင်တဲ့နေရာကနေလှမ်းခူးသည်.သို့သော်မှီဖို့ရာလက်တစ်ကမ်းအလိုလောက်ရှိနေသည်.မရရအောင်ခူးဖို့ကြိုးစားနေရင်းရုတ်တရက်လူကလေထဲမြှောက်တတ်သွားသလိုခံစားရလို့ငုံ့ကြည့်မိတော့ဖာဂိုလစ်သူ့ကိုခါးကနေမချီထားသည်......

မိုရာ-"အ..အရှင့်သားဘာလုပ်တာလဲ.မိုရာ့ကိုပြန်ချပေးပါ."

ဖာဂိုလစ်-"ခူးလိုက်တော့လေမိုရာ.ခူးပြီးရင်အောက်ပြန်ချပေးမယ်."

ပြောမရတဲ့အဆုံးချယ်ရီပန်းကိုပဲခူးလိုက်သည်.ခူးပြီးမှဖာဂိုလစ်ကလည်းအောက်ပြန်ချပေးသည်.မိုရာကတော့ပန်းရသွားလို့အပျော်ကြီးပျော်နေသည်.ချယ်ရီပန်းကိုနမ်းကြူကြည့်လိုက်တော့နူးညံ့သိမ်မွေ့တဲ့မွှေးရနံ့ကနှာခေါင်းထဲကိုအပြည့်အသိပ်တိုးဝင်လာသည်.

မိုရာ-"သေချာပြီ..မိုရာအကြိုက်ဆုံးပန်းကချယ်ရီပန်းဆိုတာတော့သိပ်သေချာသွားပြီ."

ဖာဂိုလစ်-"ပန်ပေးရမလားမိုရာ."

မိုရာ-"ဒါပေမယ့်မိုရာက"

ဖာဂိုလစ်-"အာ့ဒါတွေကအရေးမကြီးဘူး..တစ်ပွင့်ပေး..ကိုယ်ပန်ပေးမယ်."

မိုရာ-"ဟုတ်."

မိုရာကချယ်ရီပန်းလေးတစ်ပွင့်ကိုဖာဂိုလစ်ရဲ့လက်ထဲသို့ထည့်ပေးလိုက်သည်.ဖာဂိုလစ်ကထိုချယ်ရီပန်းလေးကိုနားရွက်ပေါ်မှာညှပ်ပေးလိုက်သည်.

"Lord Of Egypt"(အီဂျစ်ပြည်ရဲ့အရှင်သခင်) Season 1 CompleteWhere stories live. Discover now