Chapter 114: Xianmen Recruitment

1.5K 178 4
                                    


Unicode

ပင်လယ်ထဲတွင် ပင်လယ်သားရဲအမျိုးအစားပေါင်းများစွာ ရှိနေခဲ့သည်။ ပင်လယ်သားရဲများကို သတ်ရန်အတွက် လူများနောက်ကို တနေကုန် လိုက်နေရသော ရှောင်ကျင့်ထျင်သည် သွယ်ဝိုက်သောနည်းဖြင့် သင်ယူနေသည်ဟုလည်း ဆိုနိုင်သည်။

ပင်လယ်သားရဲများသည် စွမ်းအားပြင်းထန်သောကြောင့် ရှောင်ကျင့်ထျင်သည် အကျပ်အတည်းကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည်။ သင်္ဘောပေါ်ရှိ ရွှေအမြုတေအဆင့်ကျင့်ကြံသူသည် အလွန်ရက်ရောသည်ဟု ယူဆနိုင်သည်။ အန္တရာယ်ရှိသူများကိုမြင်လျှင် သူသည် ရှောင်ကျင့်ထျင်အား အကျပ်အတည်းဖြစ်စေသော တစ်ဦး သို့မဟုတ် နှစ်ဦးကို ဝင်ရောက်ကယ်ဆယ်ပေးခဲ့သည်။

ဤကာလအတွေ့အကြုံပြီးနောက် ရှောင်ကျင့်ထျင်၏ကျင့်ကြံဆင့်သည် များစွာမမြင့်တက်ခဲ့သော်လည်း၊ သူ၏ဝိညာဉ်စွမ်းအင်သည် များစွာ သိပ်သည်းသွားသည်ကို ခံစားခဲ့ရသည်။ သင်္ဘောပေါ်တွင် တခါတရံ အရောင်းပြပွဲငယ်များကို စီစဉ်ပေးသောကြောင့် ရှောင်ကျင့်ထျင်သည် သင်္ဘောပေါ်ရှိ အုတ်မြစ်ချအဆင့်ကျင့်ကြံသူအချို့ထံမှ ကောင်းသောဆေးပင်များကို လဲလှယ်ရန်အတွက် ဆေးလုံးများကို အသုံးပြုခဲ့သည်။

"ညီအစ်ကိုရှောင် မင်း အပြင်သွားမလား" ကျောင်းကျင်းက တံခါးကိုခေါက်ပြီး လှမ်းမေးလိုက်သည်။

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး "သွားမယ်"

ကျောင်းကျင်းသည် လောင်းကစားကျောက်ဆိုင်တွင် ရှောင်ရှောင်ဖန်မှ လောင်းကစားနိုင်ခဲ့သော ဆေးပိုးကောင်ကိုဝယ်ယူခဲ့သည့် သူဖြစ်သည်။ ရှောင်ကျင့်ထျင်သင်္ဘောပေါ်တက်သောအခါ ကျောင်းကျင်းလည်း သင်္ဘောပေါ်တွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ ယခင်က ကျောင်းကျင်း၏ ကျေးဇူးကိုလက်ခံခဲ့သောကြောင့် ရှောင်ကျင့်ထျင်သည် ကျောင်းကျင်းနှင့် ဆက်ဆံရေးကောင်းမွန်လာသောအခါတွင် ကူညီပံ့ပိုးပေးခဲ့ပါသည်။

ရှောင်ကျင့်ထျင်က "ကျွန်တော်တို့မကြာသေးခင်ကတွေ့ခဲ့တဲ့ပင်လယ်သားရဲတွေရဲ့ စွမ်းအားကအသင့်အတင့်ပဲရှိတော့တယ်"

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now