Wonwoo သူ့ကိုယ်သူတကယ်စိတ်ပျက်မိတယ်။ အသည်းကွဲနေတဲ့အချိန် အရက်သောက်ပြီးဖြေဖျောက်တာမှန်ပေမယ့် ဘယ်လောက်တောင်လူစိတ်မရှိတော့တဲ့အထိသောက်လိုက်လို့ ခုလိုအခြေအနေမျိုးအထိရောက်သွားမှန်းမသိတဲ့အပြင် သူ့ရဲ့ ပထမဆုံးအကြိမ်က တခါမှမတွေ့ဖူးတဲ့ သူစိမ်းယောကျာ်းလေးတစ်ယောက်နဲ့...
သူ့ရဲ့ပုံစံကိုမှန်ထဲတွင်ကြည့်မိတော့ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံး ရစရာမရှိအောင်အနီကွက်များဖြစ်နေတာမလို့ ထိုအနီကွက်များကိုဖုံးရန်အတွက် Turtle neck sweaterလေးကိုဝတ်ဆင်လိုက်ပြီး ခါးအောက်ပိုင်းဟာလည်း အနည်းငယ်နာကျင်နေတာကြောင့် အကိုက်အခဲပျောက်ဆေးသောက်လိုက်ကာ ရုံးသွားရန်ပြင်ဆင်တော့သည်။
ဘယ်လောက်ပဲ အသည်းကွဲနေပါစေဦး ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင်တွေလိုတော့ အခန်းထဲအောင်းပြီး ဘာမှမလုပ်ပဲနေလို့တော့မရဘူးလေ သူမှာလည်းဘဝအတွက်ရုန်းကန်လှုပ်ရှားရဦးမှာကို...
"Morning"
Wonwoo ရုံးရောက်တာနဲ့ သူ့ departmentက လူတွေကိုနှုတ်ဆက်လိုက်ကာ တစ်နေ့တာလုပ်ငန်းခွင်ဘဝကိုစတင်လိုက်တော့သည်။
ခဏကြာတော့ သူ့သူငယ်ချင်း Joshuaရောက်လာပြီး
"Wonwoo မင်းကို မန်နေဂျာ Choi ခေါ်ခိုင်းလိုက်လို့ အဲ့တာခဏသွားလိုက်ဦး"
"အင်း Shua ငါခုသွားလိုက်မယ်"
"ဒါနဲ့ နေဦ်း"
သူသွားဖို့ပြင်တော့ သူ့သူငယ်ချင်းကလက်ကိုဖမ်းဆွဲကာ တားလိုက်ပြီးနောက် Wonwoo လည်ပင်းကို လက်ညိုးထိုး၍ ကြည့်နေတာကြောင့်
"Shua ဘာဖြစ်လို့လဲ"
"မင်းလည်ပင်းက ဟာတွေက...ပြော ညကဘာတွေဖြစ်ခဲ့တာလည်း"
Wonwoo သူ့လည်ပင်းက တစ်စွန်းတစ်ဆပေါ်နေတဲ့ အနီကွက်ကို အင်္ကျီနှင့်အလျင်အမြန်သေချာဖုံးလိုက်ကာ
"ဘာမှမဖြစ်ပါဘူး ဒီအတိုင်းပဲ..."
"Wonwoo မှန်မှန်ဖြေ ညကဘာတွေဖြစ်ခဲ့တာလဲ"
"တကယ် ဘာမှမဖြစ်ပါဘူးဆို"
"တွေ့လား မင်း ငါ့ကိုလိမ်ပြန်ပြီ မဟုတ်မှလွဲရော ညက Jun မင်းဆီကိုရောက်လာတာလား"