chapter 106

266 25 0
                                    

Chapter 106
Chapter 106October 03, 2023
(အပြန်အလှန်ပြောင်းလဲသွားသော ဝိညာဉ်များ)

လင်းကျန့်ဟိုင် ၏ အဓိကဆိုလိုရင်းမှာ သူသည် လင်းယောင်ယောင်အား ဂရုတစိုက်စောင့်ရှောက်ရမည် ဖြစ်သည်။သူမကို စိတ်ဆင်းရဲအောင် မလုပ်ဘဲ ယခုလို ကြင်နာယုယစွာ နှစ်ပေါင်းများစွာထိ ဆက်ပြီး မပြောင်းမလဲဆက်ဆံရမည်။

လင်းရွှမ် နှုတ်ဆိတ်နေရာမှ...."သူက တကယ်ကို ကျွန်တော့အတွက် အဖိုးတန်လေးပါ... သူ့အပေါ် ကျွန်တော်အများကြီး ဂရုစိုက်ချစ်ပေးပြီး ထွက်မသွားချင်လောက်တဲ့ထိ စိတ်ချမ်းသာအောင်ထားမှာပါ"

ကြယ်တာယာကြီးက ဘယ်လောက်ပင် ကျယ်နေပါစေ လင်းမိသားစုလိုချင်သော တစ်စုံတစ်ဦးကို ရှာတွေ့ရန်မှာ မဖြစ်နိုင်သည့်ကိစ္စတော့မဟုတ်ပေ။သို့သော် လင်းရွှမ် စိုးရိမ်နေသော "ထွက်ခွာခြင်း" သည် အမှန်တကယ်ကွာဝေးသော နေရာကို ဆိုလိုခြင်းမဟုတ်ပေ။

လင်းရွှမ် မနေနိုင်ဘဲ လင်းကျန့်ဟိုင်အား ထပ်၍....

"အဘိုး နွေရာသီအားလပ်ရက်မတိုင်ခင်က ယောင်ယောင် ရဲ့ပုံစံနဲ့ အခု ပုံစံနဲ့ ယှဥ်ရင် ဘယ်တစ်ခုကို ပိုသဘောကျလဲ...."

လင်းထျန်းရွယ် နှင့် ရှန်းယွင်ကျင်းတို့နှစ်ဦးစလုံး စစ်တပ်စခန်းတွင် တာဝန်ကျနေစဥ်တုန်းက  လင်းယောင်ယောင်သည် အဘိုးလင်းထံ တစ်လတစ်ကြိမ် သွားရောက်လည်ပတ်ရန် ရှေးစံအိမ်သို့ ပြန်လာလေ့ရှိသည်။ ဆွေမျိုးများအတွင်းတွင် အဘိုးလင်းမှာ သူမနှင့် အရင်းနှီးဆုံးဖြစ်ကာ အချစ်ရဆုံးသူဖြစ်သည်။

အဘိုးလင်း ခဏတာ တွေဝေသွားကာ....

"နှစ်မျိုးလုံး သဘောကျတယ်... အရင်က ယောင်ယောင်က သိပ်မရင့်ကျက်သေးပေမယ့် သူ့နှလုံးသားထဲမှာ အဘိုးက အမြဲတမ်းရှိတယ်လေ..."

သူမသည် ယခုအချိန်တွင် ပိုမိုတော်သူတစ်ယောက်အဖြစ်ပြောင်းလဲလာသော်လည်း ယခင်က ဆိုးရွားသူ မဟုတ်သည်ကိုတော့ ငြင်းလို့မရပေ။

အဘိုးက သူ တကယ်ပြောချင်တာကို နားမလည်တာကို သိ၍ ဆက်ကာ....

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးМесто, где живут истории. Откройте их для себя