ဖြစ်တည်မှုအစ ကို မကျွမ်းဝင်ခဲ့ပေမဲ့ ဖြစ်တည်မှုတခုချင်းစီရဲ့သေးသေးမှုန်မှုန်လေးတွေကအစ အဆုံးအစွန်မရှိမြတ်နိုးတယ်။
တစ်ယောက်နဲ့တစ်ယောက် မမြင်ဖူးတာတောင် တခုခုဆို အပြေးလေး အသိပေးပြောပြချင်တာမျိုးတွေ ဥပမာ ဘွဲ့ရသွားပြီ ကျောင်းပြီးသွားပြီ အလုပ်ရပြီ ဘယ်နေရာမှာတော့တခုခုအောင်မြင်သွားပြီ စသဖြင့် ကြွားလုံးလေးကို တိတ်တိတ်လေးscreen မျက်နှာပြင်လေးကိုကြည့်ပြီး ပြောပြနေတတ်ကြတာမလား။ ဘာလို့ပြောပြချင်တာလဲဆိုရင် ဘဝရဲ့အောင်မြင်မှုတွေရဲ့ အစိတ်အပိုင်းထဲမှာ သူတို့တွေပါဝင်နေကြလို့ ၊ပါဝင်ခဲ့ကြလို့။
အောင်မြင်ဖို့ အတွက်သူတို့က တွန်းအားတွေ၊အားအင်တွေဖြစ်ပေးခဲ့ကြလို့။ ကျေးဇူးအများကြီးတင်ပါတယ်။ဘာသာစကားတွေမတူဘူး၊ နိုင်ငံတွေမတူကြဘူး၊ ရေမြေတွေမတူညီကြဘူး ဒါပေမဲ့ သီချင်းတွေကိုမြတ်နိုးတဲ့နှလုံးသားတွေကြောင့် ထင်တယ် အပြန်အလှန်မေတ္တာတွေကတော့ အပြည့်အဝတူညီကြတယ်။
မေတ္တာတွေ အားအင်တွေ ပေးလို့ ထပ် လောင်း ကျေးဇူးတင်ကြောင်းပြောပါရစေ။
နောက်နောင်တွေအကြာကြီးမှာလဲ ခုလို နွေးထွေးတဲ့ မေတ္တာ ခွန်အား တွေရဲ့အိမ်လေးမှာ ဆက်ပြီးခိုလှုံသွားချင်သေးတယ်။
ခိုလှုံခွင့်ရမယ်မလားဟင်..........။ကျွန်မရဲ့အိမ်ကလေး(My Home)
>hsukyi<
(အရင်ကပြောဖူးပါတယ်နော်။စာအတိုလေးတွေတင်မယ်ဆိုတာ။ ဒီစာလေးဖတ်ပြီး ခံစားချက်တွေထပ်တူညီကြရဲ့လား။ တူညီမယ်လို့မျှော်လင့်ပါတယ်။)