Lord Of Egypt - Episode(24)

125 6 0
                                    

အကစင်မြင့်အောက်မှာလူတွေကသွားစရာနေရာမရှိအောင်ကြိတ်ကြိတ်တိုးစည်ကားနေသည်.ထိုလူအုပ်ထဲမှာဖာဂိုလစ်လည်းတစ်ယောက်အပါအဝင်ဖြစ်သည်.ထိုအချိန်အကစင်မြင့်ပေါ်မှာစီစဥ်တင်ဆက်သူတစ်ယောက်ကရောက်ရှိလို့လာသည်.

"ကျွန်တော်တို့ကိုအစဥ်အမြဲအားပေးနေတဲ့ပရိသတ်များအပေါင်းကိုမဂ်လာပါလို့နူတ်ခွန်းဆက်ချင်ပါတယ်ဗျာ.ပရိသတ်များအားလုံးစောင့်​မျှော်နေကြတဲ့ကျွန်တော်တို့ရဲ့အကမင်းသမီးလေးကပရိသတ်တွေရဲ့ရှေ့မှောက်ကိုပြန်‌ရောက်ရှိလာပါပြီ.အားလုံးပဲသူ့နာမည်ကိုအော်ပြီးဖိတ်ခေါ်လိုက်ကြရအောင်ဗျာ!!!!"

"ဖယ်ရာ!!!!!!!..ဖယ်ရာ!!!!!!!..ဖယ်ရာ!!!!!!!!"

လူအများကဖယ်ရာ့(မိုရာ)နာမည်ကိုသံပြိုင်အော်ဟစ်ပြီးကြိုဆိုနေကြသည်.ဖာဂိုလစ်ကတော့စင်မြင့်ပေါ်တတ်လာမယ့်မိုရ့ာကိုသာသေချာအာရုံစိုက်နေသည်.အနီရောင်အီဂျစ်ရိုးရာအကဝတ်စုံကိုလှပစွာဆင်မြန်းထားပြီးခေါင်းထိပုဝါကိုခြုံထားတာပါးစပ်ကိုပါအလှပုဝါနဲ့အုပ်ထားပေမယ့်လှပတဲ့ကာလာခြယ်မျက်လုံးတွေကိုမြင်မိတာနဲ့ဘယ်သူဘယ်ဝါဆိုတာတန်းသတိထားမိသည်......ထိုကချေသည်လေးဟာလူပ်ရှားမှုတိုင်းကိုဟာကွက်မရှိကပြနိုင်ပြီးသူ့ရဲ့လှပလွန်းတဲ့လူပ်ရှားမှုတစ်ခုချင်းစီတိုင်းကဖာဂိုလစ်ကိုပါမကအခြားလူတွေကိုပါညို့ငင်ခံလိုက်ရတဲ့လူတစ်ယောက်လိုလုံးဝနစ်မျောစွဲလမ်းသွားစေသည်.

ဖာဂိုလစ်-"မင်းကတကယ်ပဲကိုယ့်ရဲ့မိုရာလား."

ဖာဂိုလစ်ကမိုရာ့ရဲ့လူပ်ရှားမှုတိုင်းကိုငေးကြည့်ကာမျက်ရည်တွေဝဲရင်းတီးတိုးရေရွတ်မိသည်.

"ဖယ်ရာကသိပ်လှတာပဲကွာ.ငါ့မိန်းမသာဖြစ်လိုက်ရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲ..ဟင်းဟင်း."

"ဖယ်ရာ့ကိုငါယူမှာကွ.."

"ငါယူမှာကွ."

"ငါယူမှာ."

ဘေးကလူတွေတစ်ယောက်တစ်ခွန်းစီအတိုက်အခံလုပ်နေကြတဲ့စကားတွေကိုဖာဂိုလစ်လုံးဝနားမခံနိုင်တာကြောင့်လူအုပ်ထဲကနေလက်သီးတင်းတင်းဆုပ်ပြီးထွက်လာခဲ့သည်.သူဆက်နေရင်သူ့ရဲ့ထိန်းချုပ်ထားတဲ့ဒေါသမီးတွေဟာမီးတောင်တစ်ခုလိုပေါက်ကွဲကုန်လိမ့်မည်.စင်ပေါ်ကိုကြည့်ပြန်တော့လည်းမိုရာ့ရဲ့ဖျော်ဖြေမှုကပြီးဆုံးသွားခဲ့ပြီ.ဒါကြောင့်ဖာဂိုလစ်ကပွဲခုံနောက်မှာသွားတွေ့ဖို့ဆုံးဖြတ်လိုက်သည်.

"Lord Of Egypt"(အီဂျစ်ပြည်ရဲ့အရှင်သခင်) Season 1 CompleteWhere stories live. Discover now