Jung နင့်လက်မှာ တယုတယအဖြစ်ထိုးထားတဲ့မျက်၀န်းပိုင်ရှင်က သူပဲပေါ့ .. ဘယ်သူ့ကိုမှစ်ိတ်မ၀င်စားတဲ့နင်က သူမှသူဖြစ်နေပြီတဲ့လား ... သူကနင့်အတွက် စွဲဆောင်မှုရှိနေတာလား ငါ့ထက်လေ..Kim Vဆိုတဲ့သူ jungနားလေးမှာ ဘယ်အချိန်ထိများရှိနေနိုင်မလဲဆိုတာစောင့်ကြည့်နေလိုက် ..
လောလောဆယ်လွှတ်ထားတယ်ဆိုတာကလည်းJungငါ့ကိုပိုပြီးမုန်းသွားမှာဆိုးလို့သာ ခဏတာသည်းခံနေလိုက်မယ် .. ဘယ်သူကိုမှမကြောက်လို့
မာဖီးယားအဖွဲ့၀င်ဖြစ်နေတာ .. jungအနားမှာ နင့်ကိုရှိနေခွင့်မပေးနိုင်ဘူး ..နောက်ဆုံး Jeonရွေးချယ်မှုက ငါပဲဖြစ်နေချင်တယ် .. နင်ကခဏတာလေးပဲရှိနေမယ့်အငွေ့အသက်ပဲ ..နင်လုပ်ရက်တယ် ငါနှလုံးသားမှာဒဏ်ရာဗလပွဖြစ်နေတာရော နင်သိရဲ့လား ... နင့်မျက်၀န်းတွေကိုငါသိနေတယ် ချစ်မိနေခဲ့ပြီ .. သူ့ကိုငါမနာလိုဖြစ်တယ်..
Jung နားကနေအ၀ေးလွှင့်သွားစေရမယ် ...Eunwooနဲ့Mingyu သူတို့၀ိုင်းဆီရောက်လာကာ
သူ့ပေါင်ပေါ်မှာထိုင်နေသည့် Kimအား ကြည့်ပြီးမျက်လုံးတို့ပြူးကျယ်သွားကာ အံ့အားသင့်လျက်..
အခြေအနေကိုကောင်းစွာရိပ်စားမိနေပေမယ့်လည်း
Minyuအတည်ပြုနေချင်တာဖြစ်လေသည် .." Jungkook မင်း သူ သူက ..မင်းတွဲမယ့်သူလား
တကယ်ကြီးလား သူနဲ့လေ .. "Mingyu စကားတွေအထစ်ထစ်အငေ့ငေ့ဖြစ်နေရှာသည် ..
တွဲမယ့်တွဲတော့ယောကျာ်းလေး .. jungkookတကယ်အတည်ပေါက်ပြီးကြွေဆင်းနေတာ ..
" အင်း သူက Kim Vတဲ့ .. Kim သူကကိုယ်သူငယ်ချင်းသုံးယောက် Mingyu Eunwoo Somi
Kimကိုကောင်းကောင်းဆက်ဆံကြဖို့
မျှော်လင့်တယ် "" တွေ့ရတာ၀မ်းသာပါတယ် .. "
Kimက သူတို့သုံးယောက်လုံးကိုပြုံးကာနှုတ်ဆက်လိုက်ပါတော့ Somiမှလွှဲပြီး ကျန်နှစ်ယောက်က ၀ပ်ကျေတမ်းကျေနှုတ်ဆက်လာပါ၏ ...
" ငါကတော့၀မ်းမသာနိုင်ဘူး နင်နဲ့လည်းမိတ်ဆွေမဖြစ်ချင်ဘူး ငါ့ပုံစံကိုကြည့်တာနဲ့နင်သိမှာပါ "
Somiရဲ့ တစ်ဖက်သားအပေါ်မှာရိုင်းစိုင်းစွာပြုမူတဲ့
အမူအရာကြောင့် Kimသည် မျက်ခုံးပင့်လိုက်သည်..
YOU ARE READING
Captain Kim ( Completed )
FanficJeon Jungkook × Kim Taehyung Start Date _ 22.4.2024 End Date _13.9.2024