part_1+2

617 33 0
                                    

အပိုင်း_၁

....

"စိတ်ထိန်းပါဦး လထုရယ် ။ ခွေးမက အဲ့သလောက်လည်းဆိုးလှချည်မဟုတ်ပါဘူးကွ။ မင့်မလဲယောက်ျားတန်မဲ့ ကပ်ကပ်ကိုလန်နေတယ် ပြီးရင်ပေးပါလိမ့်မယ် "

ရွာလူကြီးဦးဖိုးသာမှာ ပုဆိုးကတောင်းကျိုက်ပြီး ဖင်တပြောင်ပြောင်နဲ့ ရွာထဲပတ်သွားနေသော လင်းထွဋ်ကို မနည်းတားယူနေရသည်။ ဒီကောင်က မနောကောင်းသဘောကောင်းလေးပေမယ့် အကြွေးနဲ့ပက်သက်ရင် ဖင်မွှေးသာအကျွတ်ခံမယ် အကြွေးအကျန်မခံဘူးဆိုတဲ့ကောင်မျိုး။ အခုလည်း သူ့ဆီက အကြွေးယူပြီး ပြန်မဆပ်တဲ့ ဒေါ်ခွေးမကို ၀ရင်းတုတ်ကိုင်ပြီးရွာလုံးပတ်ရှာနေတာ  ရွာလူကြီးတောင် ထိန်းမနိုင်တဲ့ထိ။

"ကျုပ်က လုပ်ငန်းလုပ်နေတာဗျ အားလို့ယားလို့ ပေးချေးနေတာမဟုတ်ဘူး။ လထုကို ဒါမျိုးလာမလုပ်နဲ့ ‌ သဒ္ဓါရင် ခွေးလည်းကျွေးတယ် ကလေးလည်းပေးတယ်၊ မသဒ္ဓါရင်တော့ ရေတစ်ပေါက်တောင်လာတောင်းမသောက်နဲ့ သထွေးနဲ့ပက်ပစ်မှာ "

"အေးပါကွာ သိပါတယ်။ မင်းပုဆိုးသာ ပြန်၀တ်လိုက်စမ်းပါ ဟိုမှာ အပျိုတွေကြည့်နေတာ ရှက်စရာကြီး"

"သူတို့ရှက်ရင် သူတို့မျက်လုံးမှိတ်ထားလိမ့်မယ်။ ကြည့်ချင်လို့ကြည့်နေတာ ကျုပ်ကုသိုလ်တောင်ရသေး"

"အံ့ပါ့တော် သူ့ဖင်မဲမဲကြီး ဘယ်သူကကြည့်ချင်မှာလဲ"

သူကြီးသမီးခင်ဉ တိုးတိုးတိတ်တိတ် နှာခေါင်းရှုံ့၍ တွတ်ထိုးလိုက်သည်။ အရက်သမားကမှ မူးပြီးရမ်းတာ အမူးပြေရင် ရှက်တတ်ဦးမယ်၊ ကိုလထုတို့ကတော့ အရည်မ၀င်ပဲ ဖင်ပြောင်နေတောင် ရှက်ရကောင်းမှန်းမသိ။ တကယ်ပါ ဒီလိုလူမျိုးက ချမ်းသာလွန်းလို့ ငှက်ပျောပင်ကိုအခင်းလိုက်စိုက်ပြီး သေရင် ငှက်ပျောအူဖက်သေရမယ့်လူမျိုး။

ဒီလိုနဲ့ ဇွဲကောင်းလွန်းတဲ့လထု နေကုန်အောင် ရွာထဲပတ်ရှာ‌ေနလေ၍ နားမခံသာ‌ေတာ့တဲ့ရွာသားတွေက ဒေါ်ခွေးမပေးရမယ့်အကြွေးကို အားလုံးစုပြီးပြန်ဆပ်လိုက်၍ ငြိမ်သွားတော့သည်။ လထုကတော့ ခေတ်သစ်ချစ်တီး စစ်စစ်။

အာပလာကောင်ရဲ့အညာပြန်လက်ဆောင်Where stories live. Discover now