အပိုင်း-7

2.6K 258 38
                                    

'ချစ်တယ်ဘွဲ့မှူး'

လွှာ ရှေ့ကအကောင်ပေါက်လေးကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်

'ချစ်တယ် ဘွဲ့မှူး'

လွှာအကြိမ်ကြိမ်ချစ်ကြောင်းဝန်ခံပေမဲ့ ရင်ခွင်ထဲကကလေးမဆီကနေတုန့်ပြန်မှု့မရှိပါ နဲနဲတော့နာကျင်ရပေမဲ့ လွှာ ပျော်ပါသည် ချစ်ရတဲ့သူကကိုယ့်အပိုင်ဖြစ်တော့မှာလေ
*စိတ်ချပါ မင်းတို့ကိုချစ်လာအောင်တို့ကြိုးစားပါ့မယ် *

မယ် တိုင်အကွယ်နောက်ကနေ မမနဲ့ သူမရဲ့နှလုံးသားပိုင်ရှင်လေးကို မျက်ရည်အသွင်သွင်စီးကျနေသောမျက်လုံးများနဲ့အချိန်တော်တော်ကြာသည်ထိငေးကြည့်နေမိသည်

အကောင်သေးပေမဲ့အဆိပ်ပြင်းတယ်ဆိုတာဒါကိုများပြောလေသလား ကလေးငယ်ရယ် မင်းတော်ပါတယ် မင်းလုပ်ရက်ကတို့နှလုံးသားကိုအစိမ်းလိုက်ခွဲလိုက်သလိုပါပဲ ဒါပေမဲ့ ဘာကြောင့်များ တို့ကိုနာကျင်စေဖို့အတွက် ဘဝကိုကိုယ်မချစ်တဲ့သူလက်ထဲပုံအပ်ပစ်လိုက်ရတာလဲ

မှူး တိုင်အကွယ်နောက်က လှမ်းကြည့်နေတဲ့ အန်တီမယ့်ကိုမြင်နေရသည်မို့

'အဒေါ်ကြီးအရင်ဝင်နှင့် ကျွန်မလုပ်စရာလေးရှိလို့'
'အင်း တို့အရင်ဝင်နှင့်မယ်'

မှူးရဲ့လက်ကိုခပ်ဖွဖွတစ်ချက်ဆုပ်ကိုင်ပြီး ပြုံးပြကာအိမ်ထဲဝင်သွားသည်

မှူး လက်ပိုက်ကာမျက်နှာကိုပန်းခြံဘက်ကိုမူလိုက်သည်

'သူများတွေစကားပြောနေတာကိုခိုးနားထောင်တာ ဒါလူကြီးလူကောင်းတစ်ယောက်ရဲ့အမူကျင့်မဟုတ်မှန်းတော့သိတယ်မလား ဒေါ်မယ်ရိုနီလာ'

မှူး နာမည်တပ်ခေါ်လိုက်မှသာ ပုန်းနေရာကနေထွက်လာတဲ့ အန်တီမယ်

'ပျော်လား'
'အင်း'
'မညာပါနဲ့ ကလေးမပျော်မှန်းတို့သိပါတယ်'
'ရှင်နဲ့ကျွန်မက ကလေးလို့သုံးနှုန်းလို့ရတဲ့ဆက်ဆံရေးမဟုတ်ဘူးနော် ဒေါ်မယ်ရိုနီလာ'

စိတ်ရှုပ်နေတဲ့မျက်နှာထားနဲ့မှူးပုံစံဟာ မယ့်ကိုဒေါသထွက်စေသည်

'ဘာလို့ဒီစေ့စပ်မှု့ကိုလက်ခံလိုက်ရတာလဲ မှူး ပြီးတော့ ဘာ! အမြန်ဆုံးလက်ထပ်ချင်တယ် ဟုတ်လား လက်ထပ်တယ်ဆိုတာကလေးကစားသလိုမဟုတ်ဘူးနော်'

Lovestop(Complete)Donde viven las historias. Descúbrelo ahora