Part - 17

2.4K 174 80
                                    

မြင်းခွာသံတို့သည် အရှေ့မြောက်ဘက်ဆီမှ ကျယ်လောင်စွာ တိုးထွက်လာပြီး မြှားတံတို့သည် လေအဟုန်ခွင်းကာ လာငံရွာကို မီးတိုက်နေကြသော ရဲမက်များကို ထိမှန်ကာ တဘုန်းဘုန်း လဲကျကုန်တော့သည်။ မင်းသမီး၏သစ္စာခံတပ်စုတို့သည် အနီးကပ် ဝင်ရောက်တိုက်ခိုက်ကြကာ တိုက်ပွဲဖြစ်သွားပြီး ဓားသံ တရွှမ်ရွှမ်အား အဆက်မပြတ်ကြားရသည်။ တပ်ခေါင်းဆောင်သည် မြင်းပေါ်မှ ခုန်ဆင်း၍ မင်းသမီးရှေ့ ဒူးထောက် အရိုအသေပေးကာ လျှောက်တင်လာ၏။

''ခိုက်မိတော်မူသလားဘုရား၊ ကျွန်တော်မျိုးတို့ နောက်ကျမိသဖြင့် သေသင့်ပါတယ်မင်းသမီး၊ ကျွန်တော်မျိုး၏မြင်းကို သုံးတော်မူပါဘုရား"

မင်းသမီးသည် မြှားထိထားသော မိန်းမပျိုလေးအဋ္ဌာရူပကို ထွေးပွေ့ထားပြီး မျက်နှာမှာ ခက်ထန်နေ၏။ မင်းသမီးကိုယ်၌ သွေးများ စိုကာ မျက်လုံးတို့မှာ ဒေါသမီးများ တောက်လောင်နေသည်။

''သတ်...အားလုံးကို သတ်စမ်းသွေးသောက်ငယ်၊ တစ်ယောက်မှ အရှင်မထားလေနှင့်၊ ငါ မင်းသမီးသုဒ္ဓါရုံဝတီအမိန့်ပဲ"

မင်းသမီးသည် သွေးအေးစွာ မိန့်၍ အဋ္ဌာရူပ၏ကျော၌ စိုက်ဝင်နေသော မြှားတံကို အရင်းမှ ချိုးပစ်ကာ ပွေ့ချီမလိုက်သည်။ အဋ္ဌာရူပသည် သတိမလစ်သေးဘဲ မင်းသမီးပခုံးကို အားပြုဆုပ်ကိုင်ထား၏။

''လာငံရွာသူကြီးက နတ်ကျားအဖွဲ့ဝင်ဖြစ်တယ်၊ ဒင်းကို အရှင်ဖမ်းလို့ စစ်ဆေးမေးမြန်းစေ၊ နတ်ကျားအဖွဲ့ကို မောင်မင်းတို့ အမြစ်မကျန် မြေလှန်တူးရှာ၍ အမျိုးဖြုတ် သုတ်သင်လိုက်ပါ၊ ဒင်းတို့ မျိုးနွယ်စု ပျက်သုန်းလို့ ဤမြေမှ ပျောက်ကွယ်စေရမယ်"

''တင်ပါ့၊ အမိန့်တော်မြတ်အတိုင်းပါဘုရား"

သစ္စာခံတပ်ခေါင်းဆောင်က ဦးညွတ်ကာ ထွက်သွားတော့ မင်းသမီးသည် အဋ္ဌာရူပကို ချီမရင်း မြင်းပေါ် ပွေ့တင်လိုက်သည်။ အဋ္ဌာရူပက မြင်းဇက်ကြိုးကို အားယူကိုင်ဆွဲကာ ထိန်းထားတော့ မင်းသမီးသည် မြင်းပေါ် လွှားခုန်တက်ကာ မြင်းကို ဒုန်းစိုင်းစီးလာ၏။ အဋ္ဌာရူပသည် မင်းသမီးရင်ခွင်၌ ပြိုလဲလျက် နှုတ်ခမ်းဖြူဖျော့နေသည်။

You've reached the end of published parts.

⏰ Last updated: Aug 08 ⏰

Add this story to your Library to get notified about new parts!

ကမ္ဘာကုန်ကျယ်သရွေ့တည်စေသော်Where stories live. Discover now