EP 1

58 2 0
                                    

"ဟယ်တော့ ကျုပ်ခြံထဲက၀က်တွေဘယ်ရောက်ကုန်တာတုန်း!!လုပ်ကြပါအုံး တစ်ကောင်မှမရှိတော့ဘူးတော့်!!"

၀က်ခြံထဲမှာ ရွှံ့နွံတွေသာကျန်ရစ်ပြီး ခြေရာလက်ရာများပျက်ကာ ရွာအလှူအတွက်အသားပေါ်မည့်၀က်တွေတစ်ကောင်မှမရှိတော့ပေ။ဇီဇာကြောင်သည့်အပြင် အပေါက်ကလည်းဆိုးလှသည့် ဒေါ်တင်လှစိန်တစ်ယောက် ပျာယာတွေခတ်ကာ ၀က်ခြံထဲက၀က်တွေပျောက်လို့ဆူညံနေပြီဖြစ်သည်။

"ဒေါ်ကြီးတင်လှ ဘာဖြစ်တာလဲ!"

"ကျုပ်ခြံထဲမှာအလှူအတွက်အသားပေါ်မဲ့၀က်တွေမရှိတော့လို့...၀က်ခြံတံခါးလည်းသေချာပိတ်ထားပါတယ်အေ ဘယ်လိုထွက်ပြေးကုန်ကြလဲမသိဘူး။"

အဆီ၀ဖြိုးကာဖောင်းကားလုံးတစ်နေသည့်
ခြံထဲမှာ၀က်၃​ကောင်နှင့်အတူ၀က်ပေါက်လေး၆ကောင်ပါပျောက်နေခြင်းဖြစ်သည်။
ရွာအလှူအတွက်ထားသည့်၀က်တွေမို့ ရွာထဲကလူတွေကလည်းအငြိမ်မနေဘဲ ၀ိုင်းရှာပေးရတော့သည်။

"အွတ်အွတ်!"

"ရှူး တိုးတိုး တွေ့သွား..ရင် ငါ မကယ်နိုင်တော့ဘူး....။"

ရှူးကနဲလုပ်ပြီး လေသံခပ်ဖြေးဖြေးလေးလေးဖြင့်ဆိုလိုက်ကာ ၀က်ပေါက်လေးတွေကိုအသံတိတ်ရန် သတိပေးနေသော သုခလင်းဟန်တစ်ယောက် ၀တ်ထားသောစွပ်ကျယ်အဖြူလေးမှာလည်းရွှံ့တွေပေကျံလို့နေသည်။မျက်နှာမှာလည်းရွံ့တွေနဲ့မို့တစ်ကိုယ်လုံးညစ်ပတ်ပေရေနေသည့်တိုင် ဂရုစိုက်မအားဘဲ ၀က်ပေါက်လေးတွေကိုလုံခြုံအောင်၀ှက်ကာ ရွာထဲကလူတွေသတိမထားမိအောင်ကြိုးစားနေရသည်။

"သုခ ဘယ်ရောက်နေတာလဲ ငါရှာနေတာမတွေ့လို့။"

ဟိန်းသက်က တောင်ကြည့်မြောက်​ကြည့်ဖြင့် သုခကိုရှာနေပြီး သူ့ညီဟိန်းထက်အားလှမ်းမေးလိုက်တော့

"မသိဘူး မတွေ့မိဘူး ဘာလို့လဲ။"

"ဘုန်းဘုန်းကခိုင်းစရာရှိလို့ဆိုပြီး သူ့ကိုရှာနေတာ ဘယ်ချောင်ရောက်နေပြီလဲမသိဘူး။"

"ထားလိုက်ပါ အဲ့ကောင်လေးသွားချင်ရာလျှောက်သွားနေတာ ဘုန်းဘုန်းဆီ
ငါပဲသွားလိုက်တော့မယ်။"

𝐈 𝐋𝐢𝐤𝐞 𝐓𝐡𝐞 𝐖𝐚𝐲 𝐔 𝐒𝐭𝐚𝐫𝐞 𝐈𝐧𝐭𝐨 𝐌𝐲 𝐄𝐲𝐞𝐬Where stories live. Discover now