“စတင်ခြင်း (သို့) အိမ်မက် များ”
အိမ်မက်ဆိုးလို့ပဲဆိုရမည်လား။တကယ် ဖြစ်ပျက်ခဲ့သော အဖြစ်ပျက်များဟုဆိုရမည်လား သူကိုယ်တိုင်ပင် မခွဲခြားနိုင်ပါ။ဘာကြောင့်ဆိုသူကိုယ်တိုင်လို ဖြစ်နေသည့် သူနှင့်လုံးဝ မတူညီ ၊ မအပ်စပ်သော လူတစ်ယောက်ရဲ့အကြောင်းတွေအား သူ့ရဲ့ရှည်လျားသောညတာတွေအဖြစ် စတင်ပြောင်းလဲကာ မြင်တွေ့(ကြုံရ)ခဲ့ရသောကြောင့်ဖြစ်၏။ထိုအမျိုးသား အပြင်မှာ တကယ်ရှိခဲ့လေသလား ဆိုတဲ့မေးခွန်းဟာ သူဘယ်ေသာအခါကမျှ အဖြေရှာမရနိုင်သော ပုစ္ဆာခက်ခက် တစ်ပုဒ်ဖြစ်ပေသည်။အိမ်မက်တွေလား ၊ တကယ့်အဖြစ်လား မသိနိုင်သော ထိုအကြောင်းအရာတွေဟာ ထိုအမည်မသိရသေးသော ကလေးနှင့် တွေ့ခါမှ ဝေဝေဝါးဝါးမြင်နိုင်လာသော အလင်းရောင် (သို့မဟုတ်) ချောက်နက်နက်ကြီးတစ်ခုအဖြစ် မရေမရာစတင်ပုံပေါ်လာသောကြောင့် ဖြစ်သည်။ထို့ေနာက်မှစ၍ နေ့ရက်တွေမှာ စိတ်ဓာတ်ကျစရာကောင်းလောက်အောင်ပင် အိပ်စက်ခြင်းသာ ကြီးစိုးခဲ့ချေသည်။လှုပ်ရှားတက်ကြွခြင်းဟူသည့် သူ့စရိုက်နှင့် အိပ်စက်ခြင်းဆိုသည့် အရာသည် မည်သို့မည်ပုံမျှ ဆက်စပ်ခြင်းရှိမနေခဲ့ပေ။ထို့အပြင် အိပ်စက်ခြင်းမှ နိုးထလာချိန်တွင်မူ သူ့တွင် အသက်ရှင်ရန်ပင် စိတ်အားထက်သန်မှုမျိုး ရှိမနေခဲ့ပါပဲ ထိုအရာ (အမည်မသိရသေးသော ထိုကလေးနှင့်တွေ့ပြီးေနာက် အိမ်မက် ဟုသာ သူသတ်မှတ်ချင်သောအရာ) သည် အသက်ရှူဖို့ပင် အနိုင်နိုင်ဖြစ်ေအာင် သူ့ကို မွမ်းကျပ်စေ၏။နစ်မွန်းစေ၏။စိတ်ပင်ပန်းစေ၏။
မွမ်းကျပ်ရင်း...နစ်မွန်းရင်း...စိတ်ပင်ပန်းစွာပင်... ထိုအရာဟာ သူနဲ့မသက်ဆိုင်ဖို့ မျှော်လင့်မိခဲ့ပါသည်။ဒီလိုနဲ့ သူဟာ တစ်ဆင့်ချင်း တစ်ဆင့်ချင်း လှေကားထစ်မှတစ်ဆင့် ငရဲဆီသို့ ၊ အလင်းမှသည် အမှောင်ထုဆီသို့ ရောက်ရှိသွားခဲ့ရသည်။သူ့အတွက် အနာဂါတ်ဟူသည်... အမှောင်ထုကြီးပေလားဟု မေးယူရမည့်ပုံ။
******************************
"ကလင် ကလင် ကလင် ကလင်"
"ရေခဲချောင်းရမယ်...ရေခဲချောင်း။ ဟိတ်ကလေး ရေခဲချောင်းစားချင်သလား"
YOU ARE READING
Kiss me hard before you go
Fanfictionရှောင်းကျန့်က ဝမ်ရိပေါ်ကိုမေးခဲ့တယ်။ "ဝမ်ရိပေါ်...မင်းငါ့ကိုထားသွားမှာလား အသေခံမှာလား" တဲ့။ ဝမ်ရိပေါ်က ပြန်ဖြေခဲ့တယ်။ "ငါမင်းလို အရူးကောင်အနား မနေနိုင်ဘူး" တဲ့လေ။ မကြာလိုက်ပါ။ရှောင်းအိမ်တော်ထဲ သေနတ်သံတစ်သံက ကျယ်လောင်စူးရှစွာထွက်ပေါ်လာခဲ့ပြီး ကိုယ်ခ...