နွေရာသီကျောင်းပိတ်ရက်ကုန်၍ ကျောင်းတွေလည်းပြန်ဖွင့်တော့မည်ဖြစ်သည် ကျောင်းအပ်သူကအပ် ကျောင်းတက်ရန်
လိုအပ်သည့် အရာများကိုလည်း အိမ်ကအမေများဝယ်နေကြပြီဖြစ်သည် ထိုအမေများထဲတွင် ရောင်ဝါအမေကထိတ်ဆုံးကပင် မနက်မိုးလင်းကတည်းက လိုအပ်သည်များကိုဝယ်ရန်
သွားဝယ်မည်ပြောကာထွက်သွားသည်ရောင်ဝါသည် အလွန်စကားနားထောင်တတ်သည့်ကလေးတည်းတွင်ပါသည် သားသမီး 3ယောက်တည်းတွင်အငယ်ဆုံးဖြစ်ပြီ ခုလည်း 10တန်းတက်ရတော့မည်ဖြစ်သည်
ယောက်ကျားလေးဆိုပေမဲ့ အသားဖြူဖြူသွယ်သွယ်လေးနှင့် အရပ်5ပေ5လက်မလောက်သာရှိသည့် ချစ်စရာကောင်လေးဖြစ်သည်ဖေဖေလုပ်သူကတော့အလွန်ပင်စည်းကမ်းကြီးသူတစ်ယောက်ဖြစ်သည် ရောင်ဝါကိုလည်း စည်းကမ်းနှင့်သာနေခိုင်းသည် ရောင်ဝါကိုအခုချိန်ထိ အိမ်ကပဲကျောင်းကိုအပို့အကြိုလုပ်ပေးတတ်သည် ရောင်ဝါဘာမှမပြောပါ မမကြီးကျော့ နှင့်မ မလတ် ဝတ်ရည်ကလည်း သူတို့အလုပ်နှင့်သူတို့သာ ဒါပေမဲ့ ရောင်ဝါကိုသိပ်ဂရုစိုက်ကြသည်
' ကဲရောင်ဝါသားရေ ပြင်ဆင်ပြီးပြီးလား ဒီမှာမေမေ မနက်စာပြင်ထားတယ်သားရေ'
မေမေအောက်ထက်ပြောလာသည့်အသံကိုကြားလိုက်သည် ယနေ့သည် 10တန်းစတက်ရမည့်နေ့ဖြစ်တဲ့အတွက် ရောင်ဝါ မနက်5နာရီတည်းက ဘာကြောင့်မှန်းမသိ နိုးလာပြီ စောစောသာထနေလိုက်ပြီ ရေချိုးပြီး မေမေပြင်ထားပေးတဲ့ ကျောင်းဝတ်စုံလေးကိုဝတ်နေရင် ပြန်ထူးလိုက်သည် ။
'ဟုတ်ကဲ့မေမေ သားဆင်းလာပြီဗျ'
ပြောကာဆင်းလာပြီ မေမေပြင်ထားပေးသည့် နွားနို့နှင့် ကိတ်မုန့်ကိုစားလိုက်သည် မမကြီး နဲ့ မမလတ်ကတော့ စားနှင့်နေပြီ ရုံးသွားရတော့မည်မို့ ရောင်ဝါဆီလာကာ
' ငယ်လေး ပထမဆုံးကျောင်းတက်ဆိုတော့ အဆင်ပြေမလား
တစ်ခုခုဆို မမကြီးကိုပြောနော် '' ဟုတ်ကဲ့ပါမမကြီးရဲ့'
' ရောင်ဝါလေး မလတ်တို့သွားတော့မယ်နော် ကားကြပ်မှာစိုးလို့ မမတို့သွားပြီး ကျောင်းကိုဂရုစိုက်သွားနော် '
YOU ARE READING
A Flower that was not for me
Actionကိုယ့်ဆီကြွေကျလာတဲ့ ပန်းကိုတောင် မဖမ်းနိုင်ခဲ့သူဟာ ငါပဲ ကြွေကျလာခဲ့တာတောင် နင်းချေ ဖျက်စီးခဲ့မိတာကလည်း ငါပဲ ချစ်ခဲ့တာလည်းငါပဲ တစ်ချိန်ထဲမှာ မင်းကိုဆုံးရှုံးခဲ့ရတာလည်းငါပဲ #နေမင်းမဟာမြတ်