ရှင်ဘုရင့်စားဖိုဆောင်တွင်ဖြစ်သည်။ စာဖိုးမှူးချုပ်ကြီးက ဝတီ့ကိုစာဖိုဆောင်အလုပ်သမားအဖြစ်ခန့်အပ်ထားပြီး အခန်းတွင်နေရာချထားပေးလေသည်။
"ကဲ မိန်းကလေး က ဒီက မယ်ယုနဲ့အတူနေရမယ်ကွဲ့။ ဒီက စာဖိုဆောင်အလုပ်သမားတွေကိုနှစ်ယောက်တစ်ခန်းဆီထားတယ်လေ။ ဘာတွေလုပ်ရမယ်ဆိုတာကို မယ်ယုကသင်ကြားပေးလိမ့်မယ်။ အခုတော့ မိန်းကလေးနားနားနေနေ နေအုံးနော်။ ဒါနဲ့ မိန်းကလေးနာမည်ကဘယ်သူပါလိမ့်"
"ကျွန်ုပ်နာမည်က ဝတီလို့ခေါ်ပါတယ် စာဖိုမှူးချုပ်ကြီး"
ဝတီ့ရဲ့စကားအဆုံး၌ စာဖိုးမှူးချုပ်အမျိုးသမီးကြီးလည်းခေါင်းတငြိမ့်ငြိမ့်လုပ်ကာ စကားဆိုလိုက်၏။
"ဝတီ..ဝတီ! ကဲ ဝတီ နားနားနေနေ နေလိုက်အုံးနော်။ ကျွန်ုပ်သွားတော့မယ်။ သိချင်တာရှိရင် မယ်ယုကိုမေးလိုက်နော်"
"ဟုတ်ကဲ့ပါ စာဖိုမှူးချုပ်ကြီး"
ထို့နောက်စာဖိုမှူးချုပ်ကြီးလည်း ဝတီ့တို့အနားကနေထွက်ခွာသွားလေသည်။ ကျန်ခဲ့တဲ့ ဝတီကလည်း ပါလာတဲ့မိမိရဲ့အထုပ်အပိုးများကို အခန်းထဲတွင်နေရာချထားဖို့ပြင်တော့တယ်လေ။ အခန်းဖော်ဖြစ်သော မိယုက ချောမောလှပသောဝတီ့ကိုကြည့်ပြီး သိချင်တာများကို မေးမြန်းလေ၏။
"အသင့်နာမည်က ဝတီတဲ့လား။ နာမည်လေးက လှလိုက်တာ။ ဒါနဲ့လေ ဝတီက ဘယ်လိုလုပ်ပြီး ဒီက အလုပ်သမားဖြစ်သွားရတာလည်း။ ကျွန်ုပ်ဖြင့်အံ့သြရချေရဲ့။ စာဖိုမှူးချုပ်ကြီးက တော်ရုံတန်ရုံဆို အပြင်ကလူတွေကိုဒီလိုမျိုးခေါ်ပြီးခန့်တာမဟုတ်ဘူး။ စာဖိုဆောင်အလုပ်က စာမေးပွဲအဆင့်ဆင့်ကျော်ဖြတ်ပြီးတော့မှ အလုပ်ရတာ။ ဒါတောင် လူအများကြီးမှာမှ နှစ်ယောက်လောက်ဘဲအလုပ်ရတာ။ အခုတော့ဖြင့် အံ့သြလွန်းလို့မဆုံးတော့ဘူး"
မယ်ယုကထိုကဲ့သို့ဆိုလိုက်သော်လည်း ဝတီ့မှာမူပြုံးရုံဘဲပြုံးကာ မယ်ယုကိုပြန်လည်စကားဆိုလိုက်လေ၏။
"ကျွန်ုပ်က စာဖိုမှူးချုပ်ကြီးကို သူခိုးရန်ကနေ ကူညီပေးလိုက်တာပါ။ စာဖိုမှူးချုပ်ကလည်း ကျေးဇူးတင်တဲ့အနေနဲ့ ဒီမှာအလုပ်ခန့်လိုက်တာလေ။ ကဲပါ ဒီက မိန်းကလေးနာမည်က မယ်ယုမလား။ ကျွန်ုပ်ကိုလည်း ဘာနေနေသင်ကြားပေးပါလေ။ ကျွန်ုပ်က အခုမှနန်းတော်ထဲရောက်ဖူးတာဆိုတော့ လေ့လာသင်ကြားရမှာလေ"
YOU ARE READING
ဒေဝီသခင်မ
Historical Fictionလူတစ်ယောက်ရဲ့ အတိတ်နဲ့လာမယ့်တစ်နှစ်တာအတွင်းဖြစ်ပေါ်လာမယ့် အနာဂတ် သို့မဟုတ် ယခုလက်ရှိပစ္စုပ္ပန်ကာလကိုကြိုတင်သိမြင်နိုင်စွမ်းရှိသော၊ စစ်ပွဲများ၏ အနိုင်အရှုံးကိုကြိုတင်ဟောကိန်းထုတ်နိုင်စွမ်းရှိသော နတ်ဆရာမလေး နန်းဒေဝီနွယ်။ ရဲစွမ်းသတ္တိသာမက လက်ရုံးရည်၊နှ...