(1)

465 34 2
                                    

Unicode

"ဟေ့ Waiter ဒီဝိုင်းကို ခရမ်းချဉ်သီးဆော့ လာချပေးဦး၊ မြန်မြန်!"

ဟန်သစ်တစ်ယောက် ဘေးဘီကို ဝေ့ဝဲကြည့်လိုက်သည်။ ဘယ်သူမှ မရှိ။ ဒါဆို သူ့ကို ခိုင်းနေတာပေါ့။ ဆက်ဆက်ထိမခံ ဟန်သစ်မှာ အတော်ပင် မခံချိမခံသာ ဖြစ်သွားရသည်။

/ဘယ်လိုတောင် လူပါးဝတဲ့ကောင်လဲဟ/

"နားမကြားဘူးလား၊ ခရမ်းချဉ်သီးဆော့စ်ယူပေးဦးလို့"

/ဟ ဒီကောင် တော်တော်လက်ပေါက်ကပ်တာပဲ၊ ဒီဆိုင်က ကိုယ်တိုင်ယူစနစ်ဆိုတာ ဒီကောင် မသိဘူးလား/

သို့သော်လည်း ဒီစကားများကိုတော့ ဟန်သစ် ထုတ်မပြောမိအောင် အတော်လေး သည်းခံလိုက်ရသည်။ Customer တောင်းဆိုသည့်အတိုင်း ခရမ်းချဉ်သီးဆော့စ်ကိုသာ ယူပေးလိုက်ရသည်။

ဒါတောင် ဒင်းက ပါးစပ်ကို အငြိမ်မထားသေး။

"ဒီဆိုင်က Service တော်တော်ညံ့တာပဲ၊ ဝန်ထမ်းတွေကလည်း မျက်နှာကြောက တင်းလို့" လို့တောင် ဟန်သစ် မကြားကြားအောင် အသံမြှင့်ကာ bad review ပေးလိုက်သေးသည်။

သူ့သူငယ်ချင်းဖြစ်သူကတော့ ဟန်သစ်ကို အတော်လေး အားနာနေဟန်ရှိသည်။

/သည်းခံစမ်း ဟန်သစ်၊ သည်းခံစမ်း၊ အလုပ်ပြုတ်လို့မဖြစ်ဘူး၊ မဟုတ်ရင် မင်း အဖေ့ဆီ လက်ဖြန့်တောင်းနေရမယ်/

ဒါပေမယ့် အဲဒီမျက်မှန်နဲ့ အရူးကောင်ကိုတော့ ဟန်သစ် တော်တော်ကို အမြင်ကပ်မိသည်။ အလှည့်ကြုံလျှင်  လက်စားပြန်ချေဦးမည်ဟု တေးမှတ်ထားလိုက်သည်။

"တောင်ငူကကောင်တွေက အရူးတွေချည်းပဲ"

ဟန်သစ်မှာ အိမ်ပြန်ရောက်သည်အထိ ခရမ်းချဉ်သီးဆော့စ် ယူပေးလိုက်ရသည်ကို မကျေနပ်နိုင် ဖြစ်နေရသည်။

"ဒီကောင် Lotteria မှာ လာမစားဖူးတာလား၊ မဖြစ်နိုင်ဘူး ဒီကောင့်ပုံစံက မစားဖူးတဲ့ပုံစံတော့ မပေါ်ဘူး၊ တမင်သက်သက်ကို လူပါးဝတာ"

ဟန်သစ်မှာ အိပ်ရာထဲ လူးလှိမ့်ပစ်ရသည်။

"You are an idiot!!!!!!!"

ထိုနေ့ညက ဟန်သစ်မှာ ထိုမျက်မှန်နဲ့ သောက်ရူးကောင်ကို ခရမ်းချဉ်သီးဆော့စ်များဖြင့် လောင်းချပစ်သည်ဟု အိပ်မက်ပင် မက်ခဲ့လေသည်။

My crush is an idiot ! (Completed)Where stories live. Discover now