Lord Of Egypt - Episode (39)

93 4 0
                                    

ကတ်စီယာ-"သား..သားတော်လေးကိုရောမပြည့်ရှင်က...အဟွတ်...အဟွတ်.."

ဇန်ဒါ-"မယ်တော်ရယ်..နေလည်းမကောင်းပဲနဲ့ဘာလို့အတင်းထလာရတာလဲ."

ကတ်စီယာ-"သားတော်လေးကမယ်တော့်ကိုစိတ်ပူအောင်လုပ်တော့ထလာရတာပေါ့ကွယ်..သားတော်လေးတကယ်ပဲဒီလမ်းကို​လျှောက်ဖို့စဥ်းစားလိုက်ပြီလား..မယ်တော်ဖြင့်ဒီလိုမျိုးတစ်ခါမှမကြုံဖူးပါဘူးကွယ်.."

ဇန်ဒါ-"သားတော်တကယ်စဥ်းစားပြီးပါပြီ..မယ်တော့်ကိုစိတ်ပျက်အောင်လုပ်မိလို့သားတော်တကယ်တောင်းပန်ပါတယ်."

ကတ်စီယာ-"သားတော်လေးရယ်.."

အာဇူးမစ်ရဲ့နန်းဆောင်ထဲမှာအာဇူးမစ်.ဇန်ဒါနဲ့ဇန်ဒါ့ရဲ့မယ်တော်"ကတ်စီယာ"တို့သုံးယောက်ဆွေးနွေးခန်းဝင်နေကြသည်.သူ့သားတော်လေးလက်ထပ်တော့မယ်ဆိုတဲ့သတင်းကြားပြီးပြီးချင်းဝမ်းသာခဲ့ပေမယ့်သူရဲ့ချစ်လှစွာသောသားတော်လေးကမိန်းမယူမှာမဟုမှန်းပါတန်းသိလိုက်ရတော့နေမကောင်းတဲ့ကြားထဲကနေအဖျားတောင်တတ်ခဲ့ရသည်.အဖျားပျောက်သွားတာနဲ့ချက်ချင်းပဲအာဇူးမစ်ရဲ့နန်းဆောင်သို့ကြွရောက်စေခဲ့သည်...ငယ်ငယ်ကတည်းကကျန်းမာရေးချုချာတဲ့ကတ်စီယာကတစ်ချိန်လုံးအိပ်ယာထဲမှာပဲလှဲခဲ့ရပြီးသူ့သားတော်လက်ထပ်တော့မယ်လို့ကြားမှပဲမထမနေရထလာရတော့သည်.မိဖုရားငယ်တွေထဲမှာအငယ်ဆုံးမိဖုရားဖြစ်တဲ့ကတ်စီယာဟာရောဂါကြောင့်ပိန်လှီပြီးဇရာထောင်းနေပြီဖြစ်သော်လည်းလှပတဲ့မျက်နှာအသွင်အပြင်ကြောင့်အနည်းငယ်ပြုံးလိုက်ရင်ကိုလှနေသည်.

ကတ်စီယာ-"သားတော်လေးကိုမယ်တော်နားလည်နိုင်ပါတယ်ကွယ်..မယ်တော်ကကျန်းမာရေးသိပ်ချုချာတော့သားတော်ကိုမွေးကတည်းကသေချာမစောင့်ရှောက်နိုင်ခဲ့ဘူး.အမြဲတမ်းအထိန်းတော်ကြီးရဲ့လက်ထဲမှာပဲလွှဲထားခဲ့ရတယ်.ဒါကြောင့်သားတော်လေးကိုအရိပ်တကြည့်ကြည့်နဲ့ချစ်ပေးပြီးကာကွယ်စောင့်ရှောက်ပေးနိုင်မယ့်သူနဲ့အတူရှိစေချင်တယ်လို့မယ်တော်အမြဲတမ်းဆုတောင်းနေခဲ့တာ.အခုအာ့ဆုတောင်းတွေကတကယ်ဖြစ်လာခဲ့တယ်ထင်ပါတယ်..သားတော်လေးသာပျော်မယ်ဆိုရင်မယ်တော်လည်းမကန့်ကွက်ပါဘူးကွယ်."

"Lord Of Egypt"(အီဂျစ်ပြည်ရဲ့အရှင်သခင်) Season 1 CompleteWhere stories live. Discover now