...မင်းနဲ့တွေ့မှ အချစ်ကိုအယုံအကြည်ရှိလာတယ်
...မင်းနဲ့ကျမှ အပြုံးတွေပြန်ချိုတယ်.....လက်ဖက်ရည်ဆိုင်ထဲဖွင့်နေတဲ့ သီချင်းက အပြင်လမ်းမပေါ်လွင့်ပျံလာတယ်....
သီချင်းစာသားကြောင့် မရည်ရွယ်ဘဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိတော့ shine ရှက်ကိုးရှက်ကန်းဖြစ်သွားမိတယ်....
Vita သူ့လက်သန်းကလေးကို မထိတထိလာဆွဲ ပြန်တော့ ရင်ဘတ်ထဲ လိပ်ပြာကလေးတွေ ပျံ၀ဲသွားသလို ရင်တွေခုန်လာတယ်....
လူတွေဦးတကိုယ်သွားလာနေတဲ့ လမ်းမပေါ် ဟိုဟိိုဒီဒီနေရာအနှံ့ကပျံ့လွင့်လာတဲ့ အချစ်သီချင်းသံတွေက သူတို့အနားရစ်၀ဲလှိုင်းခတ်လို့.....
....ချစ်များချစ်မိသွားရင်လေ အချစ်သီချင်းတွေကြားတိုင်း ကိုယ့်နဲ့တိုက်ဆိုင်တယ်ချည်း ထင်မိနေတော့တာ ခက်တော့ အခက်သား....
တစ်ယောက်က တစ်ယောက်ရဲ့ လက်သန်းဖျားကလေးကို ဆွဲထားပြီး မကြာခဏ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ကြည်နူးပြုံးတွေဖလှယ်နေတဲ့ ကောင်လေးနှစ်ယောက်ကြောင့် လမ်းမကြီးဟာ ပိုပြီးအသက်၀င်လှပလာတယ်ဆိုတာကိုတော့ ဘယ်သူမှငြင်းချက်ထုတ်နိုင်မည်မထင်...
>>>>>
"ကိုဘန်နီရဲ့ သီချင်းသစ်လေ ထွက်တာမကြာသေးဘူး ကမ္ဘာအဆက်ဆက်တဲ့ ခုမှသေချာနားထောင်ရတယ် ...."
အိပ်ယာပေါ် ခွေလှဲရင်း ကမ္ဘာအဆက်ဆက်နားထောင်နေချိန် အခန်းထဲ vita ၀င်လာတာကြောင့် ရှိုင်းမလုံမလဲဖြစ်ကာ မမေးဘဲပြောပြနေမိတယ်.....
Vita ကပြုံးစိစိလုပ်ပြီး သူ့နားလာထိုင်တယ်...
"မောင်တို့အတွက်ဆိုပေးထားသလိိုပဲနော် တိုက်ဆိုင်တယ်မထင်ဘူးလား...."
"လျှောက််ပြောမနေနဲ့ ဘာမှမဆိုင်ဘူး...."
"ဟုတ်တယ်လေ
'''အရိုးသားဆုံးဖွင့်ပြောမယ်ဆို မရိုးသားခဲ့တဲ့စိတ် စတွေ့ကတည်းကချစ်မိခဲ့တာပါ "" အဲဒီပထမအပိုဒ်က မောင်နဲ့ဘယ်လောက်တိုက်ဆိုင်လဲ .... ""အဲဒါက မင်းက ကလေးဆိုတော့ ဒီတိုင်းစိတ်ကစားခဲ့တာနေမှာပေါ့..."