Lord Of Egypt - Episode (40)

102 5 0
                                    

အာဇူးမစ်-"အယ်လ်စင်...ထတော့..."

အယ်လ်စင်-"ဟု.....ဟမ်!!!!....ကျွန်တော်ဘယ်လိုဖြစ်ပြီးအရှင်မင်းကြီးအိပ်ယာပေါ်ရောက်နေလဲမသိဘူး!!!!!..တောင်းပန်ပါတယ်အရှင်မင်းကြီး!!!!..ကျွန်တော်ညက...."

အာဇူးမစ်-"ဆက်မပြောနဲ့တော့..ငါကိုယ်တော်ကိုယ်တိုင်အိပ်ခိုင်းထားတာ.."

အယ်လ်စင်-"ဗျာ....ဒါပေမယ့်.."

အာဇူးမစ်-"ဒါပေမယ့်တွေထားလိုက်တော့..ငါကိုယ်တော်ရေချိုးသန့်စင်မယ်.."

အယ်လ်စင်-"ဟုကဲ့အရှင်မင်းကြီး.."

အိပ်ယာပေါ်ကနေကမန်းကတန်းထပြီးရေကန်ထဲကိုနှင်းဆီပန်းတွေကျဲဖို့စီစဥ်လိုက်သည်.သူသေချာစဥ်းစားကြည့်ကာမှဒီနေ့ကအရှင်မင်းကြီးရဲ့မွေးနေ့ဖြစ်သည်.အရှင်မင်းကြီးရဲ့မွေးနေ့ပွဲအတွက်နန်းတော်တစ်ခုလုံးပြင်ဆင်နေကြတာပြာယာခတ်နေတော့သည်.အရှင်မင်းကြီးကတော့မွေးနေ့ပွဲကိုအယောင်ပြသက်သက်သာကျင်းပစေတာကြောင့်စိတ်ထဲတောင်မရှိပေ..

အာဇူးမစ်-"ပန်းကျဲနေတာရပ်လိုက်တော့.မနေ့ကတစ်နေကုန်ပင်ပန်းထားတယ်မလား..နန်းဆောင်ကိုပြန်ပြီးရေချိုးသန့်စင်.ပြီးရင်ငါကိုယ်တော်နန်းဆောင်ထဲပြန်လာခဲ့..ငါကိုယ်တော်မင်းကိုပေးစရာရှိတယ်.."

အယ်လ်စင်-"ဟု...ကောင်းပါပြီအရှင်မင်းကြီး."

အာဇူးမစ်ပြောတဲ့အတိုင်းအခန်းစီကိုမြန်မြန်ပြန်.ရေကိုသွက်သွက်လပ်လပ်ချိုးပြီးပြင်ဆင်လိုက်သည်.ပြီးတာနဲ့ချက်ချင်းပဲအာဇူးမစ်ရဲ့နန်းဆောင်ကိုသွားသည်.သူ့ကိုအာဇူးမစ်အချိန်ပေးစောင့်ဆိုင်းနေစေတာမျိုးမဖြစ်စေချင်ပါ..နန်းဆောင်ထဲဝင်လာတော့အခမ်းအနားအဝတ်အစားကိုဝတ်ဆင်နေတဲ့အာဇူးမစ်ကိုတွေ့ရသည်.တောင့်တင်းသန်မာတဲ့ကိုယ်ပေါ်မှာရွေရောင်တဖိန့်ဖိန့်တောက်နေတဲ့အဆောင်အယောင်များနဲ့အနီရောင်အဝတ်တန်ဆာကိုဆွဲဆောင်မှုရှိရှိဝတ်ဆင်ထားတာတွေ့ရတော့အယ်လ်စင်ထိုနေရာမှာပဲငေးနေမိသည်.

အာဇူးမစ်-"အယ်လ်စင်...ဒီကိုလာလေ..ဘာရပ်လုပ်နေတာလဲ."

အယ်လ်စင်-"ဟုကဲ့.."

"Lord Of Egypt"(အီဂျစ်ပြည်ရဲ့အရှင်သခင်) Season 1 CompleteWhere stories live. Discover now