ရာဗာနာ-"မင်းဘယ်လိုဖြစ်နေတာလဲ.ငါသေချာစဥ်းစားပေးမယ်လို့ပြောပြီးပြီလေ."
ထရော့စ်-"ကျွန်တော်သိပါတယ်.ဒါပေမယ့်ကျွန်တော်ကမနက်ဖြန်ကျရင်နယ်စပ်ပြန်သွားရမှာဆိုတော့အရှင်မင်းသမီးကိုကျွန်တော်မရှိတဲ့အချိန်တစ်ယောက်ယောက်ကလုယူသွားမှာသိပ်ကြောက်လို့ပါ."
ရာဗာနာ-"မကြောက်ပါနဲ့.ငါကဘယ်သူမို့လို့လဲ.ငါ့ခွင့်ပြုချက်မရှိပဲငါ့ရဲ့ဘဝကိုဘယ်သူမှလာစိုးမိုးပိုင်ခွင့်မရှိဘူး.ငါ့ဘဝကိုငါပိုင်တယ်.ငါမင်းကိုဒီလောက်ထိအချိန်အကြာကြီးစဥ်းစားပေးနေတယ်ဆိုတာကလည်းငါ့ရဲ့ဘဝသက်တမ်းတစ်လျှောက်လုံးနဲ့ရင်းထားတာကြောင့်ငါသေချာစဥ်းစားနေတာပါ.မင်းနားလည်တယ်မလား."
ထရော့စ်-"ကျွန်တော်အကြွင်းမဲ့နားလည်ပါတယ်.ကျွန်တော်အရှင်မင်းသမီးကိုဘယ်တော့မှစိတ်မပျက်စေရဘူးလို့ကျွန်တော်ကတိပေးတယ်."
ရာဗာနာ-"အင်း...ပြောလို့ပြီးပြီဆိုတော့ကင်းသွားလှည့်တော့လေ.စစ်သူကြီးကရှာနေလိမ့်မယ်."
ထရော့စ်-"ခဏနေပါဦးအရှင်မင်းသမီးရယ်..မသွားခင်လေးကျွန်တော့်ကိုသနားညှာတာသောအားဖြင့်"မောင်တော်"လို့တစ်ခါလောက်မခေါ်ချင်ဘူးလားဟင်."
ရာဗာနာ-"ဘယ်လို!!!..ဟားဟားဟား!!!"
ထရော့စ်ရဲ့သနားကမားမျက်နှာလေးနဲ့ချွဲချွဲနွဲ့နွဲ့အပြောတစ်ခွန်းကြောင့်ရာဗာနာသဘောကျရယ်မိတော့သည်.အီဂျစ်ပြည်ရဲ့ဒုစစ်သူကြီး"ထရော့စ်"လို့အမည်ရတဲ့သူမထက်အသက်၂နှစ်ငယ်တဲ့ကောင်လေးဟာငယ်ရွယ်သူလို့မထင်ရလောက်အောင်ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါအလွန်ချောမောရင့်ကျက်တည်ငြိမ်ပြီးသန်မာပေမယ့်ထိုကျားကျားယားယားဒုစစ်သူကြီးကသူမရှေ့ကိုရောက်ရင်တော့အစွယ်မပေါက်သေးတဲ့ကျားသူငယ်လေးတစ်ကောင်လိုပြုမူချွဲနွဲ့တတ်လွန်းသည်...အများသူငှာရှေ့မှာအလွန်စကားနည်းပြီးတည်ငြိမ်တဲ့ဒုစစ်သူကြီးကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကသူမအခန်းထဲထိခိုးဝင်လာပြီးသူမကိုသိပ်ချစ်ပါကြောင်းဒူးထောက်ဖွင့်ဟဝန်ခံခဲ့တော့ရာဗာနာ့အနေနဲ့အလွန်အံ့သြဖွယ်ဖြစ်ခဲ့ရသည်.သူမထက်အသက်ငယ်ရွယ်တဲ့သူတွေရဲ့အချစ်ကိုမယုံကြည်ခဲ့တာကြောင့်အာ့အချိန်ကစပြီးထရော့စ်နဲ့ခပ်ကင်းကင်းနေထိုင်ခဲ့သည်.သို့သော်ထရော့စ်ကလက်မလျှော့ပဲသူ့ရဲ့ကျောင်းနေဖက်ညီအစ်ကိုလိုဖြစ်နေတဲ့နောင်တော်အိုင်းဆက်ကိုတစ်ဆင့်အကူအညီတောင်းပြီးသူမကိုစာတွေအမြဲပေးသည်.နောင်တော်ကလည်းသူ့သူငယ်ချင်းလေးကိုစဥ်းစားပေးဖို့အတင်းတိုက်တွန်းတတ်သည်..အချစ်ကိုတစ်ခါမှမထိတွေ့ဖူးတာကြောင့်မယုံကြည်နိုင်ပေမယ့်ထရော့စ်ရဲ့ဇွဲလုံ့လနဲ့အချစ်ကိုစမ်းသပ်ချင်တာကြောင့်စဥ်းစားပေးဖို့ဆုံးဖြတ်ခဲ့သည်.နှစ်ချီကြာသည်အထိထရော့စ်ကသူမနဲ့အဝေးမှာတာဝန်ထမ်းဆောင်နေပေမယ့်ကွယ်ရာမှာတောင်ဖောက်ပြန်နှီးနှောခြင်းမရှိပဲသူမစီစာအမြဲပို့တတ်သည်..သူမအပေါ်ထားတဲ့စစ်မှန်တဲ့အချစ်တွေနဲ့အချစ်စိတ်တွေပြည့်နှက်နေတဲ့အကြည့်တွေကြောင့်သူမနှလုံးသားဟာတဖြည်းဖြည်းနဲ့ယိုင်နဲ့လာခဲ့သည်.သူမလည်းထရော့စ်ကိုချစ်နေပြီဆိုတာခံစားမိပေမယ့်သူမနည်းနည်းလောက်ထပ်အချိန်ယူကြည့်ဖို့ဆုံးဖြတ်ထားလိုက်သည်.
YOU ARE READING
"Lord Of Egypt"(အီဂျစ်ပြည်ရဲ့အရှင်သခင်) Season 1 Complete
Acción"ဒါနမူနာပဲရှိသေးတယ်..နောက်တစ်ခါငါကိုယ်တော်ပိုင်တဲ့လူကိုအကြည့်နဲ့တောင်ထိဖို့မကြိုးစားမိစေနဲ့..မဟုလို့ကတော့ငါကိုယ်တော်ကိုယ်တိုင်မင်းတို့အားလုံးကိုတစ်စစီဆွဲဖြဲပြီးနဂါးစာကျွေးပစ်မယ်