19

609 114 6
                                    

အပိုင်း (၁၉)

"မင်းယုန်ဖြူတံဆိပ် နို့တော်ဖီ ကြိုက်လား"

"...မကြိုက်ဘူး...ချိုလွန်းတယ်.."

ဝမ်ရိပေါ်က ကိုယ်ရှေ့ကိုင်းပြီး ရှောင်းကျန့်ကို ခါးပတ်တပ်ပေးရင်း ပြန်ဖြေတယ်၊ သူက အမှန်တိုင်း ပြောပြတာ၊ အဲဒီနို့တော်ဖီကို သိပ်မကြိုက်လှဘူး ဒါပေမဲ့ ကျွေးတဲ့သူက ရှောင်းကျန့် ဖြစ်နေခဲ့တော့၊ ဝမ်ရိပေါ် ဘယ်တော့မှ မငြင်းဖြစ်ခဲ့တာ။

"ငါသိပြီ"

ရှောင်းကျန့်က ဝမ်ရိပေါ်လက်ကို ဖယ်လိုက်တယ်၊ ဝမ်ရိပေါ်သူ့ကို ကားခါးပတ်ပတ်ပေးရအောင် ရှောင်းကျန့်က ကလေးမှ မဟုတ်တာ။

နှစ်ယောက်သား အကြည့်ချင်း ဆုံနေကြရင်း ပြိုင်တူရယ်မိသွားတယ်၊ တစ်ယောက်ကိုတစ်ယောက် အပြုံးတွေကြားမှာ မြင်ရရုံနဲ့တင် စိတ်ညစ်ညူးစရာ ကိစ္စတွေကို မေ့ထားလိုက်နိုင်တယ်။

"အခုဘယ်သွားကြမလဲ?"

"အိမ်မပြန်ဘူးလား?"

ရှောင်းကျန့်က ဝမ်ရိပေါ်ကို ခေါင်းလေးစောင်းကြည့်လာပြီး ဆက်ပြောတယ်။

"ဘာလဲ.. စံပြမီးသတ်ဝန်ထမ်းမှာ သွားချင်တဲ့နေရာ ရှိလို့လား?"

"အွန်း စောနေသေးလို့.."

စောနေသေးတယ်၊ ညနေစာက တူကိုင်ချိန်မရလိုက်ဘဲ ဆိုးဆိုးရွားရွား အဆုံးသတ်သွားခဲ့တာ မဟုတ်လား၊ အဲဒီမှာဆက်နေရင် စိတ်တိုစရာတွေက ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ကိုပါ ကူးစက်လာလိမ့်မယ်။

တစ်ယောက်ကိုယ်တစ်ယောက် ဖွင့်ဟဝန်ခံထားပြီးသား ဖြစ်ပေမဲ့၊ ဝမ်ရိပေါ်က ရှောင်းကျန့်ကို လိုက်ပါ့မယ်လို့ ပြောထားခဲ့ပေမဲ့ သူတို့နှစ်ယောက်က အခုထိတောင် သေချာ ဒိတ်မလုပ်ရသေးဘူး။

ရှောင်းကျန့်က ဝမ်ရိပေါ်မျက်နှာကို ရှေ့ပြန်လှည့်ခိုင်းပြီး လမ်းကိုပဲ သေချာကြည့်ခိုင်းတယ်။

"စောနေသေးတယ်ဆိုတော့ ဘာလုပ်ချင်လို့လဲ?"

"ဒိတ်လုပ်မယ်"

ဘယ်လိုဒိတ်လုပ်မှာလဲ?

ဒီနှစ်ပိုင်းတွေမှာ နှစ်ယောက်တည်း အပြင်လျှောက်မသွားဖူးတာ မဟုတ်ပေမဲ့ ဒိတ်ဆိုတဲ့စကားက ရှောင်းကျန့်ကို မျက်နှာရဲသွားစေတယ်၊ ရှောင်းကျန့် ဘာမှမပြောဘဲ ပြတင်းပေါက်ဘက်ကို လှည့်ကြည့်နေတယ်။

Willful Man & Stubborn Stone [ Willful顽石 ]Where stories live. Discover now