အပိုင်း (၂၀)
ရှောင်းကျန့်ကို ရှိုးပွဲတစ်ခု သွားတက်ဖို့ ရုံးချုပ်က စီစဉ်ပေးလာတယ်၊ သူတို့ရဲ့နယ်ပယ်က ကျဉ်းပါတယ်၊ ပွဲရောက်တာနဲ့ ဝမ်ရှင်းချီနဲ့ တန်းတွေ့တာပဲ၊ ဝမ်ရှင်းချီကတော့ တက်တက်ကြွကြွနဲ့ စိတ်အခြေအနေ ကောင်းနေတယ်၊ အဲဒီညနေက ဖြစ်ထားတဲ့ပြသနာက သူ့အပေါ်မှာ ကြီးကြီးမားမား သက်ရောက်မှု မရှိတဲ့ပုံ။
ဝမ်ရိပေါ်နဲ့ ဝမ်ရှင်းချီက မောင်နှမနှစ်ယောက်သာဆိုတယ် ပင်ကိုယ်စရိုက်ချင်း လုံးဝ ဆန့်ကျင်ဘက်ပဲ၊ မတူညီတဲ့ မိသားစုနှစ်ခုက ပေါက်ဖွားလာကြသလို ကွဲပြားတယ်။
အဲဒီညက ဝမ်ရှင်းချီ ပြောသွားတဲ့ ဝမ်ရိပေါ်နေမကောင်းဖြစ်လို့ ကလေးထိန်းနဲ့ ဆေးရုံသွားရတဲ့ အကြောင်းတွေကို ရှောင်းကျန့် အရင်က မသိခဲ့ဘူး၊ သူတို့နှစ်ယောက်လုံးကလဲ မပြောပြခဲ့ဘူးလေ။
ဖက်ရှင်ရှိုးစဖို့က တစ်နာရီလောက် လိုသေးတာမို့ နှစ်ယောက်သားထိုင်ပြီး စကားစမြည် ပြောနေကြတယ်၊ ဝမ်ရှင်းချီက သူ့အိမ် ပြင်ထားတဲ့ပုံတွေ ပြနေတာ၊ နှစ်ယောက်လုံးက ဒီလို လူများနေရာကို မကြိုက်ကြဘူး။
"အဲဒီညနေက ကိစ္စအတွက် စိတ်ပူမနေနဲ့.. တို့အိမ်က အဲလိုပဲ ဖြစ်နေကျ.. ဒါကြောင့် ရိပေါ်ကမင်းကို အိမ်ခေါ်မလာတာ.. သူ့စိတ်က တစ်ဖြောင့်တည်း.. ဒီနည်းက မင်းကိုကာကွယ်ပေးနိုင်မဲ့ အကောင်းဆုံးနည်းလို့ တွေးနေတာ"
"ကျွန်တော်က ကာကွယ်ပေးရအောင် ကလေးမှမဟုတ်တာ"
ရှောင်းကျန့်က ဝမ်ရှင်းချီပြင်ထားတဲ့ အခန်းပုံစံကို ဖုန်းထဲကနေ ငုံ့ကြည့်နေရင်း ပြန်ပြောတယ်၊ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတစ်ခု ရှိနေတယ်၊ ရုတ်တရက်ဆန်ပေမဲ့ ရှောင်းကျန့် ထုတ်တော့ မေးလိုက်သေးတယ်။
"ကျဲနဲ့ ရိပေါ်က စရိုက်ချင်းအတော် ကွဲပြားသလားလို့.. ရိပေါ်က ဒီလိုကိစ္စတွေရှိခဲ့လို့ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ် ဝင်နေတယ်လို့ ကျဲကပြောခဲ့တော့.. ကျဲကျတော့ကော"
"တို့လား?.. အမှန်တိုင်းပြောရရင် တို့က ကိုယ့်အကြောင်းကိုတော့ ဒီလိုမျိုး မတွေးမိဘူး.. တို့မိဘတွေက တို့ တော်တော် မတော်တော် ဂရုစိုက်ကြတာမှ မဟုတ်တာ.. မိန်းကလေးတွေက သာမန်လောက်ဆို ရပြီလို့ ထင်တာ.. ဒါကြောင့် ဖိအားပေးတာမျိုး မရှိခဲ့ဘူး.. ရိပေါ်ကိုကျ မတူဘူး.. တအား မျှော်လင့်ထားတာ.. ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ ချွတ်ချော်တာ တစ်ခုခုရှိတာနဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးတတ်တယ်.. တကယ်တော့ တို့မောင်လောက် တော်တဲ့လူ ဘယ်မှာရှိလို့လဲ!"
YOU ARE READING
Willful Man & Stubborn Stone [ Willful顽石 ]
Fanfic⚠️ Marriage first, love later (?), Firefighter AU, BJYX, Yizhan I do not own this story. Authorized translation. All rights reserved to the original author PrimSix.