အပိုင်း (၂၁)
ရှောင်းကျန့် သနားသွားလို့ ဘာမှမပြောတော့ဘူး၊ ဒါပေမဲ့ ကားမောင်းနေရင်း လမ်းတစ်ဝက်လောက်ကျတော့ စိတ်ထပ်ကောက်ပြန်တယ်။
ရှောင်းကျန့်က ဘာကို စိတ်ဆိုးတာလဲ?
ဝမ်ရိပေါ် ဒဏ်ရာ တစ်ခုတည်းကြောင့် စိတ်ဆိုးတာတော့ ဘယ်ဟုတ်ပါ့မလဲ၊ မီးသတ်ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေက ဒီအလုပ်ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလဲ ကောင်းကောင်း နားလည်ထားရတယ်၊ အသေးစားထိခိုက်မှုတွေနဲ့ ဒဏ်ရာတွေဆိုတာ အနည်းနဲ့အများတော့ ရှိတတ်တာပဲလေ။
ရှောင်းကျန့် စိတ်တိုတာက ဝမ်ရိပေါ်က ဖြစ်ဖြစ်ချင်း မပြောဘဲ အခုထိ စောင့်နေခဲ့တာကိုပဲ။
အထက်တန်း ဒုတိယနှစ်က ဘက်စကတ်ဘော ပြိုင်ပွဲတုန်းကလိုပေါ့၊ စီနီယာအတန်းက ကျောင်းသားတွေက တမင်ညစ်ပြီး ဝမ်ရိပေါ်ကို ချော်လဲအောင် ခြေထိုးခံလိုက်တယ်၊ ရှောင်းကျန့်က စိတ်မထိန်းနိုင်ဘဲ သူတို့ကို ဝင်ထိုးဖို့ လုပ်တယ်၊ နောက်ဆုံး အတန်းပိုင်ဆရာ ရောက်လာမှပဲ ရပ်သွားခဲ့တာ။
အဲဒီတော့မှ ရှောင်းကျန့်က ဝမ်ရိပေါ်ဘက် လှည့်ပြီးအော်တယ်။
"မင်းကအရူးလား..ကျိုးနေလို့လား..အခုထတော့"
"ရတယ်.. ဘာမှမဖြစ်ဘူး"
ဝမ်ရိပေါ်က ခြေကျင်းဝတ် နာကျင်မှုဒဏ်ကို အောင့်ခံပြီး ရအောင်ထ,ရပ်ရင်း အဆင်ပြေကြောင်း ပြောလိုက်သေးတယ်၊ နောက်တော့ ပွဲပြီးအောင် မပါနိုင်တော့ဘဲ အတန်းထဲပြန်လာတယ်၊ အဲဒီအချိန်မှာ သူ့ခြေကျင်းဝတ်က ယောင်ပြီး တအားနာနေပြီ၊ နာလွန်းလို့ ဝမ်ရိပေါ်မှာ ချွေးစေးတွေတောင် ပြန်တယ်။
အဲဒီနေ့က သောကြာနေ့မို့ အချိန်ပို တက်စရာမလိုဘူး၊ ဂိမ်းပြီးတာနဲ့ အိမ်တန်းပြန်ကြတယ်၊ ရှောင်းကျန့်လဲ အိတ်တွေသိမ်းပြီး အခန်းထဲက ထွက်လာတယ်၊ ခါတိုင်းလိုပဲ ဝမ်ရိပေါ်နဲ့ အိမ်အတူပြန်ဖို့ အခန်း ၂ ရှေ့ကို ရောက်လာတယ်၊ ဝမ်ရိပေါ်က အောက်ကိုကုန်းပြီး ခြေကျင်းဝတ်ကို လက်နဲ့ပွတ်သပ်ရင်း အနာသက်အောင် လုပ်နေတာ။
YOU ARE READING
Willful Man & Stubborn Stone [ Willful顽石 ]
Fanfiction⚠️ Marriage first, love later (?), Firefighter AU, BJYX, Yizhan I do not own this story. Authorized translation. All rights reserved to the original author PrimSix.