( ငါရောက်ပြီ )
( ငါ နည်းနည်းတော့ နောက်ကျမယ် )
( အထဲဝင်နေနှင့် )
( အိုခေ )
( ဂင်ဆွန်းမင် ခွေးကောင် )
( အီမင်ဟိုက ဘာလို့ အဲမှာ ရှိနေတာလဲ )
(မင်း လာနေတာ ဟုတ်ရောဟုတ်ရဲ့လား )
( ငါ့ကို ကြည့်ပြီး ထိုင်လို့ ပြောနေတာ )
( ပြန်ဖြေဦးလို့ ㅜㅜㅜㅜㅜ )
( ရား ကင်ဆွန်းမင် ㅜㅜㅜㅜㅜ)
( တကယ် တောင်းပန်ပါတယ်ကွာ )
( အစ်ကို အီမင်ဟိုက မင်းနဲ့ တွေ့ ချင်တယ်တဲ့ )
( ဒီအပတ် အတွင်းမှ မင်းကို မတွေ့ ရရင် ငါ့ကို သတ်ပစ်မယ် ဆိုလို့ )
( ဟျွန်းဂျင်ရေ တကယ်တောင်းပန်ပါတယ် နောက်မှ ထမင်းဝယ်ကျွေးပါ့မယ် )
( ရှီးဘား ...)
အီမင်ဟို ကျောင်းပြန်တက်နေပြီ ဆိုတဲ့ သတင်း ကြားခဲ့ရသည်။ စီနီယာအီမင်ဟို ဒီအခေါက် semster မှာ ကျောင်းပြန်တက်နေပြီဆိုတဲ့သတင်းက ခြေလှမ်းလှမ်းလိုက်တိုင်းမှာ ကြားနေရတော့ မသိဘူးဆိုတာက မဖြစ်နိုင်ပေ။ အင်းလေ အစ်ကိုက နာမည်ကြီးပဲကို ။ စစ်မှုထမ်းမသွားခင်ကတည်းက အီမင်ဟိုက မိန်းကလေးတွေဆီကနေ နေ့တိုင်းလိုလို propose လုပ်ခံရသည်။ ဂျူနီယာလေးတွေဆီရော ရွယ်တူတွေဆီကရော စီနီယာတွေ ဆီမှာရော လှတယ် ချောတယ် ဆိုတဲ့ သတင်းကြားရသည်မှာ တခြား မေဂျာတွေအထိပင်။ ဒါပေမယ့် ဘယ်သူကမှ အီမင်ဟိုရဲ့ စိတ်ကို မသိကြပေ။ ပြီးတော့ အကုန်လုံးက ဒါနဲ့ ပတ်သက်ပြီး ' အီမင်ဟို ရည်းစားမရှိတာ ဂေးဖြစ်နေလို့ 'ဆိုတဲ့ ကောလဟာလတွေ ပြောကြသေးသည်။