Part 12 (U+Z)

264 16 0
                                    

Unicode

"ရှိုင်း ဒီနေ့ကျွန်တော့်ကိုအဖြေပေးမယ်ဆို"

"ပြောမိလို့လား"

"ရှိုင်းကလဲဗျာ ဟိုနေ့ကပြောတော့ Bagan Beginning ထုပ်လွှင့်တာနဲ့အဖြေပေးမယ်ဆို"

"နောက်နေတာပါဗီတာရယ်"

"ပြီးတာပဲဗျာ"

ဒီနေ့မနက်ပိုင်းမိဘမသိအောင်ဗီတာနဲ့ရှိုင်းအပြင်ခိုးထွက်လာတာဖြစ်သည်ညကြရင်တော့မိဘီကိုသူတို့နှစ်ယောက်လုံးသွားရမှာဖြစ်သည်ဘာလို့ဆိုဒီနေ့ Bagan Beginning ထုပ်လွှင့်ပြသမဲ့နေ့မို့လို့အကုန်လုံးစုပြီးတော့ကြည့်ကြမှာဖြစ်သည်

"ရှိုင်း ကျွန်တော်လေ ရှိုင်းကိုချစ်တယ် နောက်ပြီးဒီစကားကို ရှိုင်းကိုပဲခဏခဏပြောမယ်နေ့တိုင်းရက်တိုင်းနာရီတိုင်းမိနစ်တိုင်းစက္ကန့်တန်းခဏခဏပြောမယ် ဘာလို့ချစ်တာလဲဆိုတာတော့ကျွန်တော့်ကိုမမေးပါနဲ့ ကျွန်တော်ကရှိုင်းဖြစ်နေလို့ကိုချစ်တာ ဘယ်သူတွေဘာပြောပြောဂရုမစိုက်ဘူး ရှိုင်းမျက်နှာတစ်ကမ္ဘာလုပ်ပြီး ရှိုင်းကိုပဲအမြဲချစ်နေပေးမယ် ရှိုင်းက ကျွန်တော့်ရဲ့အချစ်ဦးနဲ့နောက်ဆုံးအချစ်ပါပဲဗျာ
ရှိုင်းအဆင်မပြေမှုတွေရှိတဲ့အခါ ခုံလှုံလို့ရမယ့် ရင်ခွင်တစ်ခုဖြစ်ပေးမယ် ရှိုင်းရဲ့စိတ်ရှုပ်စရာတွေစိတ်ညစ်စရာတွေ စိတ်ပင်ပန်းစေမဲ့အရာတွေကိုကျွန်တော်ကအမြဲရှိုင်းပေးနားမှာရှိပြီးတော့မျှဝေခံစားပေးမယ် ရှိုင်းအတွက်အမြဲပျော်ရွှင်စရာတွေကိုဖန်တီးပေးမယ် ဘယ်အချိန်ဘယ်အခါပဲရောက်ရောက် ရှိုင်းရဲ့လက်ကလေးကို ဘယ်တော့မှမလွှတ်ပဲ အမြဲဖမ်းဆုပ်ထားမယ် ဘာလို့လဲဆိုရင်ကျွန်တော်ရှိုင်းကိုအရမ်းချစ်လို့"

ဗီတာကရှိုင်းလက်ကလေးကိုကိုင်ပြီးစကားတွေကိုဘောင်ဖွဲ့ပြောနေတာဖြစ်သည်ရှိုင်းလဲဗီတာကိုချစ်မိနေပြီထင်ပါရဲ့

"ရှိုင်း ဗီတာကိုယုံကြည်လို့ရတယ်မှတ်လား"

"သိပ်ရတာပေါ့ရှိုင်းရယ် ကျွန်တော့်ကိုရဲရဲကြီးယုံလိုက်ပါ"

ရှိုင်းဗီတာကိုပြုံးပြမိသည်

"ရှိုင်းလဲဗီတာကိုချစ်တာ"

မိုးဖွဲလေးများကြားမှပေါ်ပေါက်လာသောရင်ခုန်သံWhere stories live. Discover now