UNICODE
"မလုပ်နဲ့... "
ဘာကို မလုပ်ရမှာလဲ။
နောက်ပိုင်းဖြစ်ခဲ့သော အဖြစ်အပျက်များသည် ဂျဲနိုအတွက် အိမ်မက်တစ်ခုကဲ့သို့ ရုပ်ရှင်ဇာတ်လမ်းထဲမှ ဇာတ်ကွက်တစ်ခုကဲ့သို့ နှေးကွေး ဝေဝါးစွာ ဖြစ်ပျက်ခဲ့သည်။ သူ၏နားထဲတွင် အသံပေါင်းစုံ တိုးဝင်နေပြီး သူ့မျက်လုံးထဲတွင် အချိန်မရွေး ပြိုလဲပျက်စီး သွားနိုင်သော ရန်ကျွင်သာ ရှိသည်။ မြင်ကွင်းများက နှေးကွေးနေသလောက် လက်များကတော့ အမြန် လှုပ်ရှားနေခဲ့သည်။
"မင်း နောင်တရလိမ့်မယ်"
ဘယ်သူက ပြောနေတာလဲ။
ငွေရောင်သေနတ်က သူရာထူးတက်ခါစ ဂျောင်ဂျဲဟွန်းထံမှ ရရှိခဲ့သော လက်ဆောင်ဖြစ်သည်။ သူက ထိုအရာကို အချိန်တိုင်းလိုလိုတွင် အသက်ရှင်နေသော ပစ်မှတ်အပေါ်တွင် အသုံးပြုရန် တွန့်ဆုတ်လေ့ရှိသည်။ ခြိမ်းခြောက်မှုများကို ကာကွယ်ရန် အတွက်သာ အသုံးပြုပြီး တစ်စုံတစ်ယောက်ကို လက်နက်သုံး၍ တိုက်ခိုက်ရန်မှာ သူ့ရွေးချယ်မှု မဟုတ်ခဲ့ပေ။ အကြောင်းမှာ အာရုံခံစားမှု ရှိသူတိုင်းသည် ထိခိုက်နာကျင် နိုင်သည်။ သက်ရှိတိုင်းတွင် အသက်တစ်ခုသာ ရှိသည်။ တစ်စုံတစ်ယောက်ရဲ့ သေခြင်းရှင်ခြင်းက သူ့လက်ထဲတွင် မရှိသင့်ပေ။
သူက နောင်တရလိမ့်မယ်တဲ့။
ထိုစကားက သူ့နားထဲသို့ ဝင်လာသော်လည်း ပြောသူကို မခွဲခြားနိုင်ခဲ့ပေ။ ဟုတ်တယ် နောင်တရလိမ့်မယ်။ ရန်ကျွင်သာ တစ်ခုခုဖြစ်ခဲ့ရင် သူတစ်သက်လုံး နောင်တရ နေမည်ဖြစ်ပြီး ဂျဲယ်မင်ကလည်း ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။ ဒါဆိုရင် ဘာကို မလုပ်ပြီးတော့ ဘာကြောင့် နောင်တရစရာ ရှိမှာလဲ။
အနက်ရောင် အရိပ်တစ်ခုက သူ့နောက်ကျောပေါ် ကျရောက်လာသည်ကို မျက်လုံးထောင့်မှ တစ်ဆင့် မြင်လိုက်ရသည်။ ထို့နောက် ဘယ်ဘက်ပခုံးပြင်တွင် ပူနွေးသော ခံစားမှုတစ်ခု ဖြစ်ပေါ်လာပြီး လက်မောင်းတစ်ခုလုံး လေးလံလာခဲ့သည်။ သံချေးနံ့၊ သွေးနံ့၊ ယမ်းနံ့နဲ့ မီးခိုးညှော်နံ့။ လူများရဲ့ အော်ဟစ်သံများ၊ သေနတ်မောင်းကို ဆွဲတင်လိုက်သော ကလစ်ခနဲအသံ၊ လက်ဖဝါးမှတစ်ဆင့် ခံစားရသော နောက်ပြန်တွန်းကန်မှု၊ ယမ်းမှုန့် ပေါက်ကွဲသွားသော အသံ၊ ကျည်ဆံထိပ်ဖူးက လေထုကို ထိုးခွဲသွားသော အသံ။
YOU ARE READING
Lure of the Night || Norenmin ||
Fiksi PenggemarNorenmin Myanmar fanfiction -Renjun -Jeno -Jaemin Started: 2024 may 27