" ရှင်က မှုခင်းစုံထောက်လား ? " ချန်ကီက မေးလိုက်သည်။
သုခရိပ်မြုံဂေဟာပြိုကွဲပြီးနောက် ပျောက်ဆုံးသွားသော မိဘမဲ့ကလေးများသည် မွေးစားခံရသည်ဟု ဆိုကြသော်လည်း အများစုက နိုင်ငံရပ်ခြားသို့ရောင်းစားခံရလိုက်ခြင်းသာဖြစ်သည်။ ထိုအချိန်က ပြည်တွင်းစစ်ဖြစ်ပွားနေချိန်ဖြစ်တာကြောင့် သတင်းအချက်အလက်များကို ရယူနိုင်ရန် အားနည်းလေသည်။ ထို့အပြင် ဂေဟာသည် နောက်ပိုင်းတွင် မီးလောင်သွားခဲ့တာကြောင့် အစိုးရက ထိုနယ်မြေကို ချိတ်ပိတ်ခဲ့သည်။
အမှန်တိုင်းဆိုရလျှင် ထိုအကြောင်းများကိုချန်ကီက ကြားတောင် မကြားဖူးခဲ့ပါချေ။ ဂေဟာပျက်ပြီးနောက် တာဝန်ယူမှုမရှိခဲ့တာကြောင့် ကလေးများက လမ်းပေါ်မှာ တောင်းရမ်းစားသောက်နေခဲ့သည်။ ချန်ကီက ရသမျှ သတင်းအချက်အလက်များကို စုဆောင်းကာ ပြန်လည်ခေါ်ယူခဲ့နိုင်သမျှသာ သူ စောင့်ရှောက်နိုင်ခဲ့သည်။ အကယ်၍များ ထိုကဲ့သို့ ကိစ္စများရှိခဲ့ပါကလည်း မိဘမဲ့ဂေဟာ၏ ကလေးမွေးစားခွင့်ကိုဂေဟာာအုပ်ချုပ်ရေးမှူးများအပ ကျန်သောသူများက လွယ်လင့်တကူပေး၍ ရသည်မဟုတ်ပါချေ။
ထိုစဉ်တွင် ဂေဟာတွင် အလုပ်လုပ်နေကြသော ဂေဟာမှူးက ဆရာမကဲင်အပါအဝင် ၃ယောက်သာ ရှိပြီး ကျန် ၂ယောက်ကတော့ အဆက်အသွယ်မရတော့ပေ။ သုခရိပ်မြုံဂေဟာပိုင်ရှင်ဖြစ်သော မယ်တော်ပုလဲတွင် သားသမီးဟူ၍ သမီးတစ်ယောက်ရှိသည်ဆိုသော်လည်း ၎င်းသည် ကောလဟာလသာ ဖြစ်သည်။
" ရှင် ဒါတွေကို ကျွန်မကို ပြမယ့်အစား ဗဟိုတရားရုံးကို တင်ပြလိုက်ရင် ပိုတောင် ကောင်းမှာမဟုတ်ဘူးလား ? ဘာကြောင့် ကျွန်မကို လာပြနေတာလဲ ? မဟုတ်မှ ဒါတွေကို ကျွန်မကို စွပ်စွဲနေတာလား ? ရှင် အတွက်မမှားဘူးဆိုရင် အဲအချိန်တုန်းက ကျွန်မက ဆယ်ကျော်သက်ပဲ ရှိသေးတာ "
" ငါ သိတယ်။ မင်းကို ပြတယ်ဆိုတာ မင်းနောက်ကွယ်က ကြိုးကိုင်နေတဲ့သူကို ငါ့ကို ပြောပါ၊ မင်းသာ ငါနဲ့ပူးပေါင်းမယ်ဆိုရင် ငါ မင်းကို သက်ညှာပေးမှာပါ "
"ရှင် ဘာတွေလာပြောနေတာလဲ ကျွန်မနောက်ကွယ်မှာ ဘယ်သူရှိမှာလဲ ? "
YOU ARE READING
Happy Marriage : Days After 24 Years Old
Fantasiလှပပြီး အောင်မြင်သူများကိုသာ အလေးပေးတတ်သော မမျှတသည့်လောကကြီးထဲက ဝဖိုင့်ဖိုင့်၊ရုပ်ဆိုးဆိုး အိုမီဂါကောင်မလေးတစ်ယောက်နှင့် စိတ်သဘောထားမကောင်းသော အမျိုးသမီးအယ်လ်ဖာ မိုလန်တို့၏ အိမ်ထောင်ရေးဇာတ်လမ်းတစ်ပုဒ်။ Female Alpha + Female omega Omegaverse Unico...